0

မောင်သင်တုန်း၊ ၀င်းကိုကိုလတ်| ACM Re-Post 29-5-2014

ပညာရေးဝန်ကြီးဌာနက အမေရိကန် ဒေါ်လာသန်း ၁၀၀ ကို လေးနှစ်စီမံကိန်းဖြင့် ပညာသင်ဆုနှင့် ပညာရေးထောက်ပံ့ကြေးပေးသွားမည်ဟု မေ ၂၈ ရက်က ကျင်းပသော ပြည်ထောင်စုလွှတ်တော် ဒသမ ပုံမှန်အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ ဦးဇော်မင်းအောင်က ပြောသည်။

ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၆၀ ကို သုံးနှစ်အတွက် အသုံးပြုရန် ပထမအကြိမ် သတ္တမအစည်းအဝေးတွင် အတည်ပြုပေးခဲ့သည်။ Multi Donor Trust Fund (MDTF) မှ Grant က ဒေါ်လာသန်း ၂၀ နှင့် ၂၀၁၇-၁၈ ပညာသင်နှစ်တွင် ကမ္ဘာ့ဘဏ်က ချေးငွေအမေရိကန်ဒေါ်လာ သန်း ၂၀ ထပ်မံချေးပေးရန် ကမ်းလှမ်းလာခဲ့သည်။

“ကျောင်းထောက်ပံ့ကြေးပမာဏက များတဲ့အတွက် အလွဲသုံးစားမှုများ မလုပ်အောင် ကမ္ဘာဘဏ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ သတ်မှတ်ထားတယ်” ဟု ဒုတိယ၀န်ကြီး ဦးဇော်မင်းအောင်က ပြောသည်။

အခြေခံပညာအဆင့်ထောက်ပံ့ကြေးချီးမြှင့်ရန် စမ်းသပ်မှုအဖြစ် မြို့နယ် ၄၀ ၌ ဆောင်ရွက်သွားမည်ဖြစ် သည်။ အဆိုပါ မြို့နယ်များကို ရွေးချယ်ရာတွင် ကမ္ဘာ့ဘဏ်မှ ပညာရှင်များပူပေါင်းပြီး လေ့လာ ဆောင်ရွက် ပြီးဖြစ်သည်ဟု ဆိုသည်။

အဓိကအားဖြင့် ကလေးငယ်သေဆုံးမှု အများဆုံးဒေသ၊ အာဟာရချို့တဲ့မှု အများဆုံးဒေသ၊ ကျောင်းထွက်နှုန်း အများဆုံး ဒေသနှင့် ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးဒေသများကို အဓိကထား ရွေးချယ်သည်။

“၂၀၁၃ ပညာသင်နှစ်မှာ ကျပ် ၁,၀၀၀ ထောက်ပံ့ခဲ့ပါတယ်။ ခဲတံတောင်ဝယ်လို့ မရပါဘူး” ဟု ဒုတိယ၀န် ကြီးက ပြောသည်။ ကျောင်းပညာရေးအခမဲ့ဆောင်ရွက်ပေးသော်လည်း အခြားမိသားစုအခက်အခဲများ ကြောင့် ကျောင်းထွက်သွားနှုန်းများသည့် ဒေသများတွင် အသက်မွေးဝမ်းကျောင်း ပညာ ဆက်လက်သင် ကြားပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်သည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စုစုလှိုင်က “ ဘယ်လိုမြို့ရွေးချယ်သွားမလဲ၊ ဒီမှာတော့ စမ်းသပ် မယ့်မြို့နယ်တွေပါတယ်။ ဘယ်လိုမိသားစုများကို ပေးမလဲ” ဟု ဆွေးနွေးသည်။

အကြမ်းဖျင်းအားဖြင့် မိဘမရှိသည့် ကလေးငယ်များ၊ မိခင်ရှိပြီး မိသားစုများသည့် ကလေးငယ်များ၊ ဖခင်ရှိပြီး ကလေးများသည့် မိသားစုများ၊ မိခင်ဖခင်ရှိသော်လည်း အမှန်တကယ်ဆင်းရဲသည့် မိသားစုများကို ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

မိသားစုတစ်စုလျှင်မည်မျှ ထောက်ပံ့မည်၊ ပညာသင်ကြေးအဖြစ် ကျောင်းသားတစ်ယောက်လျှင်မည်မျှ ထောက်ပံ့မည်ကို ပြောဆိုဆွေးနွေးခြင်းမရှိပေ။ မူလတန်း ကျောင်းများကို ကျောင်သားကျောင်းသူ ဦးရေ ၁၀၀ ရှိလျှင် ကျပ် ရှစ်သိန်းအထိ ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

Aye Chan Mon Credit To: Mizzima - News in Burmese
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top