0


မင်းမင်း| ကြာသပတေးနေ့၊ACM Re-Post 29-5-2014

ဒုတိယသမ္မတဦးဉာဏ်ထွန်း ဦးဆောင်သည့် မြေအသုံးချမှုစီမံခန့်ခွဲရေ ကော်မတီ၏ မြေယာပြဿနာဖြေရှင်းပုံ ညံ့ဖျင်းမှု၊ ကတိမတည်မှုတို့ကို ယခုကျင်းပနေသည့် ဒသမအကြိမ် လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးသွားမည်ဟု လယ်ယာမြေစုံစမ်း ရေးကော်မရှင်မှ မန္တလးတိုင်းတာဝန်ခံဖြစ်သည့် အမရပူရမြို့နယ်မှ ပြည်သူ့လွှတ်တော် အမတ် ဦးသိန်းထွန်းဦးက ပြောသည်။

ယခုကျင်းပနေသည့် လွှတ်တော်အစည်းအဝေးအတွင်း လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုကြောင့် ပြည်သူများနစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာ အပိုင်း(၄)ကို တင်ပြမည်ဖြစ်ကာ ယင်းအစီရင်ခံစာအပေါ် ဆွေးနွေးသွားမည်ဟု ၎င်းက ပြောသည်။

ယင်းအပြင် “အစီရင်ခံစာတွေအပေါ်မှာ သက်ဆိုင်ရာအကောင်အထည်ဖော်တဲ့ အဖွဲ့အစည်းတွေက နေပြီးတော့ အရေးယူဆောင်ရွက်မှုရှိ၊ မရှိဆိုတာ သံသယဖြစ်ဖွယ် ရှိတယ်ဆိုတဲ့ ကိစ္စတွေ ဆွေးနွေးဖို့ရှိပါတယ်” ဟုလည်း ဦးသိန်းထွန်းဦးက ပြောသည်။

အကြောင်းအမျိုးမျိုးကြောင့်ပြီးခဲ့သည့် လယ်ယာမြေများကို ယခုနှစ် မိုးသီးနှံစိုက် ပျိုးရာသီ ဇွန်လကုန် မတိုင်မီနှင့် ဆောင်းသီးနှံစိုးပျိုးရာသီ စက်တင်ဘာလမတိုင်မီ ပြန်ပေးရန် ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းထားသကဲ့သို့ လွှတ်တော်အမတ်များနှင့် ပူးပေါင်းပြီး ပွင့်လင်းမြင်သာစွာ ပူးပေါင်းဖြေရှင်းရန်လည်း သမ္မတ ဦးသိန်းစိန်က ညွှန်ကြားထားသေးသည်။

သို့သော် အစိုးရက ပူးပေါင်းဆောင်ရွက်မှု မရှိသကဲ့သို့ မည်သို့ ဖြေရှင်းနေသည်ကိုပင် မသိရဟု အမတ်များက ယခုနှစ်ဆန်း လွှတ်တော်အစည်းအဝေးကာလအတွင်း ဝေဖန်ပြောဆိုကြသည်။

ထို့ပြင် မူလပိုင်ရှင်များတို့ လက်ဝယ်သို့စိုက်ပျိုးရာသီအမီ ပြန်ရနိုင်မည်မဟုတ်ဟု လယ်ယာမြေကော်မရှင်မှ ရန်ကုန်တိုင်းတာဝန်ခံဖြစ်သည့် တောင်ဥက္ကလာပမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးအောင်သိန်းလင်းကလည်း မဇ္ဈိမကို ပြောဆိုထားသည်။

“ကော်မတီမှာပါတဲ့ အာဏာပိုင်အဆင့်ဆင့်က လက်ရှိအခြေအနေမှာ ဘယ်မြေတွေပြန်ပေးပါမယ်။ ဘယ်လိုပြန်ပေးပါမယ် ပြောတာတွေ မတွေ့ရဘူးဗျ။ သတင်းစာတွေမှာ ပြန်ပေးပြီဆိုတာ ပြောနေပေမယ့် လက်တွေ့မှာ ဘာမှမရှိသေးဘူး” ဟု အစိုးရရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေရှိ ဥတ္တရသီရိမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးမင်းသူက ပြောသည်။

လယ်ယာမြေပြဿနာများကို အစိုးရကိုင်တွယ်ဖြေရှင်းပုံ နှေးကွေးလွန်းခြင်း၊ ပွင့်လင်းမြင်သာမှုမရှိခြင်း၊ နည်းစနစ်မကျခြင်းသည် မြေယာစီမံခန့်ခွဲမှုကော်မတီတွင် မြေသိမ်းသူများ၊ မြေသိမ်းစဉ်က တာဝန်ရှိသူများ ပါဝင်နေခြင်းကြောင့် ကြန့်ကြာနေခြင်းဟု အမတ်တို့က သုံးသပ်ပြောဆိုသည်။

မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီ၏တာဝန်မှာပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းထားသော လယ်ယာမြေစုံစမ်းရေး ကော်မရှင်က စုံစမ်းထားသည့် လယ်ယာမြေသိမ်းပြဿနာကို ပြန်လည်စိစစ်ကာ မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်ရမည် ဖြစ်သည်။

ကော်မတီသည် ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားသော လယ်ယာမြေ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်သို့ ပြည်သူများ တိုင်ကြားထားသည့် လယ်ယာမြေပြဿနာအမှုအရေအတွက် ၇၄၅ မှုကို တစ်ရက်လျှင် နှစ်မှုနှုန်းဖြင့် တစ်နှစ်အတွင်း အပြီးဖြေရှင်းပေးမည်ဟု ကော်မတီဖွဲ့စည်းပြီးကာစ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလက ကတိပြု ပြောဆိုထားခဲ့သည်။

Aye Chan Mon Credit To: Mizzima - News in Burmese
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top