0
သင့်ဘက်က အချစ်စစ်တွေပေးနေပါရက်နဲ့
သင့်အနားကနေ အကြောင်းအမျိုးမျိုးနဲ့ပြေးထွက်
သွားချင်နေတဲ့သူတစ်ယောက်ကို ချစ်တယ်ဆိုပီး
ပိုင်ဆိုင်ခွင့်ရဖို့အတွက် မကြိုးစားလိုက်ပါနဲ့

သင့်ဘက်က စစ်မှန်တဲ့ချစ်ခြင်းတွေပေးနေရက်နဲ့
သင့်အပေါ် သစ္စာမဲ့တဲ့ အပြုအမူမျိုးတွေ ခဏခဏ
ပြုမူတတ်တဲ့သူတစ်ယောက်ကို ချစ်တယ်ဆိုတဲ့စိတ်တွေနဲ့
ဆုပ်ကိုင်ထားဖို့ မစဉ်းစားလိုက်ပါနဲ့

သင့်ဘက်က တန်ဖိုးထားပေးနေပါရက်နဲ့
သင့်ကို လမ်းခွဲမယ်ဆိုတဲ့စကားလုံးတွေသုံးပီး
အကြိမ်ကြိမ် ထားခဲ့ရက်တဲ့သူတစ်ယောက်ကို သင့် ဘဝရဲ့
လက်တွဲဖော်အဖြစ် မဆုံးဖြတ်လိုက်ပါနဲ့

ချစ်သူတွေဘဝမှာတောင် သင့်အတွက်ဆိုတဲ့
အတွေးတွေရှိနေမပေးနိုင်တဲ့ သူတစ်ယောက်က
သင့်အတွက် ပျော်ရွှင်မှုတွေဖန်တီပေးတတ်တဲ့
လက်တွဲဖော်ကောင်းတစ်ယောက်ဖြစ်လာနိုင်ဖို့ဆိုတာ
ခက်ခဲနေတတ်လွန်းလို့ပါ

Khin Myo Aye
ACM Re-Post 29-5-2014
Aye Chan Mon Credit To: Poem
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
L

Post a Comment

 
Top