နန်းမြင့်| ကြာသပတေးနေ့၊ACM Re-Post 29-5-2014
ရေကြီးရေလျှံမှု ကာကွယ်နိုင်ရန် ရန်ကုန်မြို့တွင်း နာမည်တပ်လမ်းများ၏ ရေမြောင်းများအကျယ်ကို တိုးချဲ့သွားမည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီလမ်းတံတားဌာန လက်ထောက်ဌာနမှူး ဦးတင်ထွန်းဦးက ပြောသည်။
၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ဗိုလ်အောင်ကျော်၊ ပန်းဆိုးတန်း၊ သိမ်ဖြူ၊ ဆူးလေ၊ ရွှေဘုံသာနှင့် ရွှေတိဂုံဘုရားလမ်းတို့တွင် ပြုပြင်သွားမည်ဖြစ်သည်။
“မြို့ထဲကရေမြောင်းတွေ အရမ်းကျဉ်းတယ်။ ထပ်ပြီး အကျယ်ချဲ့သွားမယ်။ လာသာမြို့နယ်အပိုင်းမှာ ရေလျှံတယ်။ ကျွန်တော်တို့ကအဲဒီအပိုင်းကို အဓိကထားပြီးကာကွယ်တယ်။ အားလုံးတော့ မဖြေ ရှင်းနိုင်သေးဘူး” ဟု ၎င်းကပြောသည်။
လက်ရှိတွင် အဆိုပါလမ်းများသည် ရေမြောင်းအကျယ်မှာ ကိုးလက်မခန့်သာ ရှိနေပြီးတစ်ပေခွဲကျော်ရှိအောင်
“ရေစီးရေလာကောင်းဖို့အတွက် အသုံးပြုနိုင်တဲ့ ရေမြောင်းပမာဏ လုံလောက်ဖို့လိုတယ်။ လုံလောက်မှ ရေထုတ် နုတ်အားကောင်းပြီး ရေကြီးရေလျှံမှုမဖြစ်မှာ။ သက်ဆိုင်ရာရေမြောင်းနည်းပြီး ကျဆင်းနိုင်တဲ့ရေပမာဏက များတယ်ဆိုရင် ရေလျှံမှာပဲ ရေမြောင်းအနက်ကို တူးမလား၊ ရေမြောင်းပမာဏ တိုးချဲ့မလားပေါ့ ” ဟု ၎င်းကပြောသည်။
ရေစီးရေလာကောင်းအောင်ပြန်လည် ဆောင်ရွက်မည်ဆိုလျှင် ရေကြီးရေလျှံမှုကို နည်းလမ်းတစ်ခုအဖြစ် ဖြေရှင်းနိုင်ပြီး ပင်လယ်ရေ မြင့်တက်ခြင်းအတွက်ကိုမူ ကုန်းမြေပြင် ပြန်လည်မြှင့်မှသာ ရနိုင်မည် ဖြစ် သည်ဟုလည်း ၎င်းကသုံးသပ်သည်။
ရန်ကုန်မြိုတော်စည်ပင်သာယာရေး ကော်မတီကအကြံပေးပညာရှင် ဒေါက်တာကျော်လတ်ကလည်း “ရန်ကုန်တစ်မြို့လုံးမှာ ရေမြောင်းနဲ့မိလ္လာစီမံကိန်းလုပ်
ယခင်က ရန်ကုန်မြို့တွင်းရှိ ၂၂ လမ်း နှင့် ၂၃ လမ်းတွင်သာ ရေတံခါးများရှိပြီး ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှ စတင်၍ ၁၉လမ်း၊ ရွှေတိဂုံဘုရားလမ်း၊ ရွှေဘုံသာလမ်း၊ ဆူးလေဘုရားလမ်း၊ လမ်းမတော်၊ ၀ါးတန်းလမ်း၊ လမ်းသစ်လမ်း၊ သစ်တောလမ်းနှင့် ကျုံကြီးမြောင်းတွင် ရေတံခါးများ တပ်ဆင်ထားသည်ဟုလည်း ဦးတင်ထွန်းဦးက ဆိုသည်။
“မြစ်ထွက်ပေါက်တွေမှာ ရေတံခါးတွေ လုပ်ထားတယ်။ ဒီရေတက်ချိန်နဲ့ မိုးအရမ်းများတဲ့အချိန်မှာ ဒီရေက မြို့ထဲကို ၀င်လာတယ်။ မြစ်ထွက်ပေါက်မှာ ရှိတဲ့ရေတံခါးကနေ ပိတ်တဲ့အခါ ဒီရေက အကျိုးသက်ရောက်မှု မရှိတော့ဘူး။ ဒီရေကျချိန် ရေတံခါးပြန်ဖွင့်လိုက်ရင် ရေပြန်ကျသွားမယ်။ ရေကျဖို့ခဏတော့ စောင့်ရမယ်”ဟု ၎င်းက ပြောသည်။
Aye Chan Mon Credit To: Mizzima - News in Burmese
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိ
https://www.facebook.com/
http://
Post a Comment