0

တစ်ခါတော့ အမတ်ကြီးတို့ တိုင်းပြည်နှင့် အခြားတိုင်းပြည်တစ်ပြည် စစ်ဖြစ်ကြသတဲ့ ။ရှေ့တန်းစခန်းတစ်ခုကို အမတ်ကြီးကို တာဝန်ပေးအပ်ထားပါတယ်။ ဘုရင့်သားလဲ ရှေ့တန်းစခန်းကို လိုက်သွားတာပေါ့။

တစ်ဖက်ရန်သူတွေ ဆီမှာ အလွန်အစွမ်းထက်တဲ့ နတ္တ ဆိုတဲ့ စစ်သူကြီးတစ်ဦးရှိသတဲ့။ အဲဒီစစ်သူကြီးဟာ စစ်ရေးမှာ အလွန်ကျွမ်းကျင်ပြီးတော့ အမတ်ကြီးတို့ရဲ့ စစ်တပ်တွေကို ဦးဆောင်တိုက်ခိုက်နေသူဖြစ်ပါတယ်။ စစ်မက်ဖြစ်ပွားပြီး ၁ လအကြာမှာတော့ အမတ်ကြီးတို့ရဲ့ စစ်စခန်း ၆ ခုကို တစ်ဖက်မှ သိမ်းပိုက်ခြင်းခံရပြီးတော့ အမတ်ကြီးတို့ဘက်မှ နာမည်ကြီးစစ်သူရဲကောင်းတွေလဲ သေဆုံးခဲံရတဲ့အတွက် ရှင်ဘုရင်က အမတ်ကြီးကို လွတ်ပြီးတော့ တိုက်ခိုက်ခိုင်းသတဲ့။

အမတ်ကြီးတို့ စခန်းကို နတ္တက နေ့တိုင်းလာရောက်တိုက်ခိုက်သတဲ့။ အမတ်ကြီးရဲ့ စခန်းမှာလဲ မနည်းကို တောင့်တင်းပြီး ကာကွယ်ထားရသတဲ့။နောက်ပိုင်းကြတော့ နတ္တ ကနေ့တိုင်း စခန်းကိုလာပြီး စီးချင်းထိုးဖို့ ခေါ်သတဲ့။

သူ့ရဲ့ စိန်ခေါ်မှုကို မခံနိုင်တဲံ အတွက် စစ်သူကြီးတွေ ထွက်တိုက်ခိုက်ကြပါတယ်။ဒါပေမယ့် အားလုံး သေဆုံးကုန်ကြပါတယ်။
နောက်တစ်ခါ လာရောက်စိန်ခေါ်ပြန်ပါတယ်။ အဲဒီအခါ အမတ်ကြီးက စစ်သူကြီးတွေကို ထွက်မတိုက်ဖို့ မှာကြားပြီးတော့ အရင်ဆုံး စစ်သားတစ်ယောက်ကို စစ်သူကြီး အဆင်တန်ဆာတွေ ၀တ်ဆင်ခိုင်းပြီးတော့ ထွက်တိုက်စေပါတယ်။အဲဒီအခါမှာ ထိုစစ်သည်သေဆုံးပါတယ်။ အမတ်ကြီးကလဲ နောက်စစ်သည်တစ်ယောက်ကို ၀တ်ဆင်ပြီး ထွက်တိုက်စေပါတယ်။သူလဲ နတ္တ လက်ချက်နဲ့ သေဆုံးပါတယ်။ ခုနှစ်ချီတိုင်တိုင် တိုက်ခိုက်ပြိးတဲ့ အခါ နတ္တက " မင်းတို့ စစ်သူကြီးတွေ အစွမ်းဒါအကုန်လုံးလား " လို့ ကြွေးကြော်ပါတယ်။နောက်ထပ်လဲ အမတ်ကြီးက သာမန်စစ်သားတွေကို လွတ်ပါတယ်။ ကိုးချီမြောက်မှာတော့ တကယ့် စစ်သူကြီး တစ်ယောက်ကို လွတ်လိုက်ပါတယ်။ မကြာပါဘူး ထိုစစ်သူကြီး လက်ထဲမှာ နတ္တ ခေါင်းပါလာပါတယ်။

မင်းသားက ရေရွတ်တယ် " အလို ယခု စစ်သူကြီးမှာ အလွန်တော်ပါလား "ဟုပြောတယ်။
အမတ်ကြီးကတော့ " အရှင့်သား ယခု စစ်သူကြီးတော်၍မဟုတ် နတ္တ ကိုယ့်ကိုကိုယ် အထင်ကြီးသောကြောင့် ဖြစ်ပေသည်။အစပိုင်းတွင် စစ်သားများနှင့်တိုက်ခိုက်ရာတွင် မပင်မပန်း တိုက်ခိုက်ရခြင်းကြောင့် နောက်ပိုင်းတွင် တဖြည်းဖြည်း သတိပြုမှု ကင်းမဲ့လာလေသည်။ကိုယ့် ကိုကိုယ်လဲ အထင်ကြီးလာပေသည်။ယခု လွတ်လိုက်သောစစ်သူကြီးသည် ပိုမိုတော်၍ မဟုတ်။ အကယ်၍ အစပိုင်းကတည်းက ထို စစ်သူကြီးကို လွတ်လိုက်ပါက သူသေလိမ့်မည် "
" အရှင့်သား မိမိကိုယ်ကိုအထင်ကြီးမှုသည် ယခုကဲ့သို့ မိမိအကျိုးကို ပျက်ဆီးစေတတ်သည်"

ဘုရင့်သားလဲ သဘောပေါက်၏။ နတ္တ သေဆုံးသောအခါ နတ္တ ခေါင်းဆောင်လာသော တဖက်နိုင်ငံမှ တပ်များသည် ကစဥ့်ကလျားနှင့် ဆုတ်ခွာထွက်ပြေးကြတော့သည်။

မောင်စိုင်း
www.kanaung.net

Aye Chan Mon Credit To: နည်းစနစ်ကျကျအတွေးအခေါ်
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top