0


ထိုင်းတွင် စစ်အာဏာသိမ်းကြေငြာအပြီး ညမထွက်ရအမိန့်ပါထုတ်ပြန်

မဇ္ဈိမသတင်းဌာန

ထိုင်းနိုင်ငံတွင် တရားဥပဒေစိုးမိုးရေး ပြန်ရှိလာစေရန်ဟု ဆိုကာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်၊ ထိုင်းစစ်တပ်သည် ည ၁၀နာရီမှ နံနက် ၅နာရီအတွင်း အပြင်မထွက်ရ (ကာဖျူး) အမိန့်ကို ထုတ်ပြန်လိုက်ပြီး၊
ထိုအမိန့်သည် တစ်နိုင်ငံလုံးသို့ အကျိုးသက်ရောက်မည်ဖြစ်သည်။

မေလ ၂၂ရက် ညနေတွင် ထိုင်းစစ်တပ်၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ Winthai Suvaree က ရုပ်မြင်သံကြားမှ တစ်ဆင့် ထိုကာဖျူးအမိန့်ကို ကြေညာခဲ့ခြင်းဖြစ်သည်။

Mizzima - News in Burmese
================

ထိုင်းအာဏာသိမ်းအဖွဲ့က သတင်းလွတ်လပ်ခွင့်ဖိနှိပ်ဟု SEAPAတာဝန်ရှိသူဝေဖန်

မဇ္ဈိမသတင်းဌာန

ထိုင်းနိုင်ငံတွင် စစ်တပ် အာဏာသိမ်း ခေါင်းဆောင်များက သတင်း အချက်အလက် ဖြန့်ဖြူးခြင်းအပေါ် ကန့်သတ် ပိတ်ပင်မှုများ မြင့်မားလွန်းကြောင်း အရှေ့တောင်အာရှ သတင်းစာ ဆရာများ မဟာမိတ်အဖွဲ့ (South East Asia Press Alliance – SEAPA) မှ Exclusive Director ဖြစ်သူ Gayathry Venkiteswaranက မဇ္ဈိမကို ပြောသည်။

“ သူတို့ (အာဏာသိမ်း) အဖွဲ့ အနေနဲ့ ဘာသတင်း အချက်အလက်တွေ ထုတ်ဝေဖို့ ကန့်သတ်တာလဲ ဆိုတာ တိတိကျကျ ကျွန်မတို့ မသိရဘူး၊ အထူးသဖြင့် ဒီနေ့ နာရီပေါင်းများစွာ ကြာအောင်
အသံလွှင့်ဌာနတွေက ပုံမှန် ထုတ်လွှင့်ခွင့် မပြုခဲ့ဘူး။ စစ်တပ်က ထုတ်လွှင့်ချက် အချို့ကိုသာ ထုတ်လွှင့်ခွင့် ပြုတယ်။ စစ်အုပ်ချုပ်ရေး ထုတ်ပြန်တဲ့ အစ ရက်မှာတင် တရားမဝင်နဲ့၊ အစိုးရကို တိုက်ခိုက်တယ်၊
ထောက်ခံတယ် ဆိုတဲ့ သတင်း ရုပ်သံ ဌာန တွေနဲ့၊ ရေဒီယို ထုတ်လွှင့်ရေး စခန်းတွေ ၁၀ခုကျော်ကို ပိတ်သိမ်း လိုက်ပြီး ဖြစ်ပါတယ်"

"ဒါက မီဒီယာ လွတ်လပ်ခွင့်အပေါ် အရမ်းကြီး ပိတ်ပင် တားမြစ်ရာ
ရောက်တယ်လို့ ကျွန်မတို့ မြင်တယ်၊ သတင်းဌာန တွေရဲ့ သတင်းခန်း (News Room) တွေအားလုံးမှာ စစ်သား တွေနဲ့ ပြည့်နေတယ်၊ ဒီပိတ်ပင်မှုရဲ့ သက်ရောက်မှုက အရမ်းကို ကြီးပါတယ်။ သတင်း
လွတ်လပ်ခွင့်ကို အရမ်း အရမ်းကို ဖိနှိပ် ချုပ်ခြယ်တဲ့ ကန့်သတ်မှု ဖြစ်တယ်လို့ ကျွန်မတို့ မြင်တယ်။ ဆက်လက် ဖြစ်ပေါ်လာမယ့် မီဒီယာ လွတ်လပ်ခွင့် အပေါ် တင်းကျပ်မှု အခြေအနေ တွေကို ကျွန်မတို့လည်း
အနီးကပ် ဆက်လက် စောင့်ကြည့် နေပါတယ်"ဟု သူမက ဆိုသည်။

ထိုင်းနိုင်ငံတွင် တရားဥပဒေစိုးမိုးရေး ပြန်ရှိလာစေရန်ဟု ဆိုကာ စစ်တပ်က အာဏာသိမ်းကြောင်း ထိုင်းစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာ (Prayuth Chan-ocha) က မေလ ၂၂ရက် ညနေက
ထိုင်းရုပ်သံသတင်းဌာနများမှ ကြေညာခဲ့သည်။

Army Club တွင် ကျင်းပခဲ့သော ခုနစ်ပွင့်ဆိုင် အစည်းအဝေး မအောင်မမြင် ဖြစ်သွားခဲ့ပြီးနောက် ဗိုလ်ချုပ်ကြီး ပရာယွတ်၊ ရဲတပ်ဖွဲ့အကြီးအကဲ နှင့် အခြား စစ်တပ် အကြီးအကဲများသည် အာဏာသိမ်းကြောင်း ကြေညာရန်အတွက် ရုပ်သံသတင်းဌာန ဆီသို့ သွားရောက်ခဲ့ကြသည်ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့အခြေစိုက် The Nation သတင်းဌာနက ဖော်ပြထားသည်။

မွန်းလွဲ ၄ နာရီ ၁၀ မိနစ်တွင် ဆွေးနွေးပြောဆိုမှုများ မအောင်မမြင် ဖြစ်သွားခဲ့ပြီးနောက်၊ ဗိုလ်ချုပ်ကြီး ပရာယွတ်က အစည်းအဝေး ဖျက်သိမ်းကြောင်း အမိန့်ထုတ်ခဲ့ကာ၊ အဖွဲ့ငါးဖွဲ့မှ ကိုယ်စားလှယ်များကို
ဗင်ကား ၁၀ စီးကျော်ဖြင့် Army Club အနီးရှိ ပထမခြေလျင်တပ်ရင်းဌာန (FIR) သို့ ခေါ်ဆောင်သွားခဲ့သည်ဟု သတင်းများက ဆိုကြသည်။

ဗိုလ်ချုပ်ကြီး ပရာယွတ်၏ ဦးဆောင်စေ့စပ်ညှိနှိုင်းမှုဖြင့် ကျင်းပခဲ့သော အစည်းအဝေးတွင် ရှပ်နီဝတ်အဖွဲ့၊ ထိုင်းအစိုးရအဖွဲ့၊ Pheu Thai ပါတီ၊ ဒီမိုကရက်၊ ပြည်သူ့ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးကော်မတီ
(PDRC)၊ အထက်လွှတ်တော် နှင့် ရွေးကောက်ပွဲကော်မရှင်တို့က ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်ဟု The Nation သတင်းဌာနက ဆိုသည်။

အစည်းအဝေး တက်ရောက်ခဲ့သော ကိုယ်စားလှယ်များအနက်၊ အထက်လွှတ်တော် နှင့် ရွေးကောက်ပွဲ ကော်မရှင်တို့မှ ကိုယ်စားလှယ်များမှလွဲ၍ အခြား ငါးဖွဲ့မှ ကိုယ်စားလှယ်များကို စစ်ဘက်မော်တော်ယာဉ်များဖြင့်
ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းကြေငြာအပြီးတွင် ည ၁၀နာရီမှ နံနက် ၅နာရီအထိ ညမထွက်ရ အမိန့်ကိုလည်း ကြေငြာခဲ့သေးသည်။
ထိုင်းအာဏာသိမ်းအဖွဲ့က သတင်းလွတ်လပ်ခွင့်ဖိနှိပ်ဟု SEAPAတာဝန်ရှိသူဝေဖန် မဇ္ဈိမသတင်းဌာန ထိုင်းနိုင်ငံတွင် စစ်တပ် အာဏာသိမ်း ခေါင်းဆောင်များက သတင်း အချက်အလက် ဖြန့်ဖြူးခြင်းအပေါ် ကန့်သတ် ပိတ်ပင်မှုများ မြင့်မားလွန်းကြောင်း အရှေ့တောင်အာရှ သတင်းစာ ဆရာများ မဟာမိတ်အဖွဲ့ (South East Asia Press Alliance – SEAPA) မှ Exclusive Director ဖြစ်သူ Gayathry Venkiteswaranက မဇ္ဈိမကို ပြောသည်။ “ သူတို့ (အာဏာသိမ်း) အဖွဲ့ အနေနဲ့ ဘာသတင်း အချက်အလက်တွေ ထုတ်ဝေဖို့ ကန့်သတ်တာလဲ ဆိုတာ တိတိကျကျ ကျွန်မတို့ မသိရဘူး၊ အထူးသဖြင့် ဒီနေ့ နာရီပေါင်းများစွာ ကြာအောင် အသံလွှင့်ဌာနတွေက ပုံမှန် ထုတ်လွှင့်ခွင့် မပြုခဲ့ဘူး။ စစ်တပ်က ထုတ်လွှင့်ချက် အချို့ကိုသာ ထုတ်လွှင့်ခွင့် ပြုတယ်။ စစ်အုပ်ချုပ်ရေး ထုတ်ပြန်တဲ့ အစ ရက်မှာတင် တရားမဝင်နဲ့၊ အစိုးရကို တိုက်ခိုက်တယ်၊ ထောက်ခံတယ် ဆိုတဲ့ သတင်း ရုပ်သံ ဌာန တွေနဲ့၊ ရေဒီယို ထုတ်လွှင့်ရေး စခန်းတွေ ၁၀ခုကျော်ကို ပိတ်သိမ်း လိုက်ပြီး ဖြစ်ပါတယ်" "ဒါက မီဒီယာ လွတ်လပ်ခွင့်အပေါ် အရမ်းကြီး ပိတ်ပင် တားမြစ်ရာ ရောက်တယ်လို့ ကျွန်မတို့ မြင်တယ်၊ သတင်းဌာန တွေရဲ့ သတင်းခန်း (News Room) တွေအားလုံးမှာ စစ်သား တွေနဲ့ ပြည့်နေတယ်၊ ဒီပိတ်ပင်မှုရဲ့ သက်ရောက်မှုက အရမ်းကို ကြီးပါတယ်။ သတင်း လွတ်လပ်ခွင့်ကို အရမ်း အရမ်းကို ဖိနှိပ် ချုပ်ခြယ်တဲ့ ကန့်သတ်မှု ဖြစ်တယ်လို့ ကျွန်မတို့ မြင်တယ်။ ဆက်လက် ဖြစ်ပေါ်လာမယ့် မီဒီယာ လွတ်လပ်ခွင့် အပေါ် တင်းကျပ်မှု အခြေအနေ တွေကို ကျွန်မတို့လည်း အနီးကပ် ဆက်လက် စောင့်ကြည့် နေပါတယ်"ဟု သူမက ဆိုသည်။ ထိုင်းနိုင်ငံတွင် တရားဥပဒေစိုးမိုးရေး ပြန်ရှိလာစေရန်ဟု ဆိုကာ စစ်တပ်က အာဏာသိမ်းကြောင်း ထိုင်းစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာ (Prayuth Chan-ocha) က မေလ ၂၂ရက် ညနေက ထိုင်းရုပ်သံသတင်းဌာနများမှ ကြေညာခဲ့သည်။ Army Club တွင် ကျင်းပခဲ့သော ခုနစ်ပွင့်ဆိုင် အစည်းအဝေး မအောင်မမြင် ဖြစ်သွားခဲ့ပြီးနောက် ဗိုလ်ချုပ်ကြီး ပရာယွတ်၊ ရဲတပ်ဖွဲ့အကြီးအကဲ နှင့် အခြား စစ်တပ် အကြီးအကဲများသည် အာဏာသိမ်းကြောင်း ကြေညာရန်အတွက် ရုပ်သံသတင်းဌာန ဆီသို့ သွားရောက်ခဲ့ကြသည်ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့အခြေစိုက် The Nation သတင်းဌာနက ဖော်ပြထားသည်။ မွန်းလွဲ ၄ နာရီ ၁၀ မိနစ်တွင် ဆွေးနွေးပြောဆိုမှုများ မအောင်မမြင် ဖြစ်သွားခဲ့ပြီးနောက်၊ ဗိုလ်ချုပ်ကြီး ပရာယွတ်က အစည်းအဝေး ဖျက်သိမ်းကြောင်း အမိန့်ထုတ်ခဲ့ကာ၊ အဖွဲ့ငါးဖွဲ့မှ ကိုယ်စားလှယ်များကို ဗင်ကား ၁၀ စီးကျော်ဖြင့် Army Club အနီးရှိ ပထမခြေလျင်တပ်ရင်းဌာန (FIR) သို့ ခေါ်ဆောင်သွားခဲ့သည်ဟု သတင်းများက ဆိုကြသည်။ ဗိုလ်ချုပ်ကြီး ပရာယွတ်၏ ဦးဆောင်စေ့စပ်ညှိနှိုင်းမှုဖြင့် ကျင်းပခဲ့သော အစည်းအဝေးတွင် ရှပ်နီဝတ်အဖွဲ့၊ ထိုင်းအစိုးရအဖွဲ့၊ Pheu Thai ပါတီ၊ ဒီမိုကရက်၊ ပြည်သူ့ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးကော်မတီ (PDRC)၊ အထက်လွှတ်တော် နှင့် ရွေးကောက်ပွဲကော်မရှင်တို့က ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်ဟု The Nation သတင်းဌာနက ဆိုသည်။ အစည်းအဝေး တက်ရောက်ခဲ့သော ကိုယ်စားလှယ်များအနက်၊ အထက်လွှတ်တော် နှင့် ရွေးကောက်ပွဲ ကော်မရှင်တို့မှ ကိုယ်စားလှယ်များမှလွဲ၍ အခြား ငါးဖွဲ့မှ ကိုယ်စားလှယ်များကို စစ်ဘက်မော်တော်ယာဉ်များဖြင့် ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။ အာဏာသိမ်းကြေငြာအပြီးတွင် ည ၁၀နာရီမှ နံနက် ၅နာရီအထိ ညမထွက်ရ အမိန့်ကိုလည်း ကြေငြာခဲ့သေးသည်။

Mizzima - News in Burmese
===============
ထိုင်းစစ်တပ် အာဏာသိမ်း၊ ညမထွက်ရ အမိန့်ထုတ်

By ဒီဗွီဘီ
22 May 2014

ထိုင်းစစ်တပ်အကြီးအကဲ ပရာယု ချန်အိုချား စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းလိုက်ပြီလို့ ဒီကနေ့ ညနေ ထိုင်းစံတော်ချိန်ငါးနာရီမှာ ရုပ်မြင်သံကြားကနေ ကြေညာလိုက်ပါတယ်။

ညဆယ်နာရီကနေ မနက် ငါးနာရီထိ ညမထွက်ရအမိန့်ကိုလည်း ထုတ်ပြန်လိုက်ပါတယ်။ ဒီအာဏာသိမ်းမှုဟာ ခြောက်လကြာ နိုင်ငံရေးမတည်မငြိမ်ဖြစ်မှုအပြီး တိုင်းပြည်ပြန်လည်တည်ငြိမ်ရေးအတွက် ဆောင်ရွက်တာဖြစ်တယ်လို့ ကြေညာပါတယ်။

သွေးထွက်သံယိုမှုတွေ ထပ်မံမဖြစ်ပွားစေဖို့အတွက် မနေ့က စစ်အုပ်ချုပ်ရေးကြေညာခဲ့တာဖြစ်ပြီး ဒီကနေ့ အုပ်ချုပ်ရေးပိုင်းကို ကိုင်တွယ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဆောင်ရွက်ချက်ဟာ ထိုင်းစစ်တပ်က စေ့စပ်ဆောင်ရွက်တဲ့ နှစ်ရက်ကြာ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အစည်းအဝေးမအောင်မမြင်ဖြစ်ခဲ့ရပြီးနောက် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဒီအစည်းအဝေးတွေကို ဘန်ကောက်မြို့က စစ်တပ်ရိပ်သာမှာ ကျင်းပခဲ့တာဖြစ်ပြီး အာဏာမသိမ်းခင်လေးမှာ စစ်ကားပေါ်က လက်နက်ကိုင်စစ်သားတွေက အဆောက်အဦကို ၀ိုင်းရံပြီး ထွက်ခွာမသွားနိုင်အောင်ပိတ်ဆို့ခဲ့တယ်လို့ အေဂျင်စီသတင်းတွေက ဖော်ပြပါတယ်။

ထိုင်းနိုင်ငံမှာ နိုင်ငံရေးမတည်မငြိမ်ဖြစ်မှုတွ ၇ နှစ်ကျော်ဖြစ်ပွားခဲ့ပြီး နောက်ဆုံးအဆင့်အနေနဲ့ ပြီးခဲ့တဲ့နိုဝင်ဘာမှာ စတင်တဲ့ဆန္ဒပြပွဲမှာ ၀န်ကြီးချုပ်ယင်းလပ်ရှင်နာဝါထရာကို ထွက်ဖို့ ဖိအားပေးတောင်းဆိုခဲပါတယ်။

ဆန္ဒပြသမားတွေက ယင်းလပ်ဟာ အစ်ကိုဖြစ်သူ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာရဲ့ ကြိုးကိုင်ခံနေရတယ်လို့ စွပ်စွဲခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းကတင် ထိုင်းဝန်ကြီးချုပ် ယင်းလပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက အပြစ်ရှိကြောင်းဆုံးဖြတ်ပြီး ၀န်ကြီးချုပ်ရာထူးကနေ ဖယ်ရှားလိုက်ပြီးတဲ့နောက် အရှိန်အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။

အစိုးရထောက်ခံတဲ့ ရှပ်နီအဖွဲ့ခေါင်းဆောင်က စစ်တပ်က အာဏာသိမ်းထားပေမယ့် ဘန်ကောက်မြို့စွန်တွေမှာ လူစုလူဝေးနဲ့ ဆက်လက်စုဝေးသွားမယ်လို့ ဆိုပါတယ်။

ထိုင်းစစ်သားတွေဟာ အစိုးရထောက်ခံတဲ့ ရှပ်နီအဖွဲ့ တက်ကြွသူတွေ ထောင်နဲ့ချီစုဝေးနေတဲ့ ဘန်ကောက် နောက်ဘက်ဒေသတခွင်မှာ သေနတ်တွေ မိုးပေါ်ထောင်ဖောက်ပြီး လူစုခွဲနေပါတယ်။

DVB
=================

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နေရာအနှံ့မှာ လက်နက်ကိုင် စစ်သားတွေ စောင့်ကြပ်နေပါတယ်။

ထိုင်းနိုင်ငံရဲ့ ဖွဲစည်းပုံ အခြေခံဥပဒေကို ယာယီဖျက်သိမ်းလိုက်ကြောင်းကြေညာလိုက်ပါတယ်။

BBC Burmese
====================

ထိုင်း"ပြည်တွင်း ငြိမ်းချမ်းရေး ထိန်းသိမ်းရေး အဖွဲ့" ထုတ်ပြန် ကြေငြာချက်

မဇ္ဈိမသတင်းဌာန

ထိုင်း စစ်တပ်နှင့် ရဲများ ပါဝင်ဖွဲ့စည်းထားသည့် ပြည်တွင်းငြိမ်းချမ်းရေး ထိန်းသိမ်းရေးအဖွဲ့က မေလ ၂၂ရက် ထိုင်းစံတော်ချိန် ည ၇နာရီ ၁၅မိနစ်တွင် ကြေငြာချက်တစ်စောင်
ထုတ်ပြန်လိုက်သည်။

ယခု ထုတ်ပြန်သော စပ်တပ်မှ အာဏာသိမ်း လိုက်သည် ဆိုသည့် ကြေငြာချက်၏ နောက်ဆက်တွဲဖြင့် အောက်ပါ အချက်များအား ထပ်မံ ကြေငြာသည်။

(၁) ၂၀၀၇ ခုနှစ်တွင် ရေးဆွဲ ပြဌာန်း ထားသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ယာယီ ဖျက်သိမ်းသည် (ဘုရင် စနစ်မှ အပ)
(၂) အိမ်စောင့် အစိုးရ အဖွဲ့အား ဖျက်သိမ်းကြောင်းနှင့် တာဝန်မှ ပြီးဆုံးကြောင်း ကြေငြာ။
(၃) အထက် လွှတ်တော် အမတ်များနှင့် လွှတ်တော် တည် ရှိနေသည့် လွှတ်တော် အမတ်ဦးရေ များဖြင့် ပုံမှန် ဆက်လက် လည်ပတ်ရန်။
(၄) တရားရုံးများ၏ တရားစီရင်ရေး ဥပဒေ ကြောင်းလမ်းအရ ဆက်လက် တည်ရှိကာ ကြားနာခွင့် ၊ မှုခင်း စီရင်ချက် ချခွင့် ရှိသည်။

ဤ ကြေငြာချက်အား ထုတ်ပြန်ချိန်မှ စ၍ အသက်ဝင် စေရမည်။

Mizzima - News in Burmese

========================

သတင်း ဓါတ်ပုံ BBC Burmese
 (8 photos)

Post a Comment

 
Top