0

ဇာဏီထွဏ်း

ရန်ကုန်၊ မဇ္ဈိမ။ ။ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်လျက်ရှိသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းသို့ ဦးတည်နေသည့် မုန်တိုင်းသတိပေးချက်
လိမ္မောရောင်အဆင့်ဟု သတ်မှတ်ထားကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန မေလ ၂၂ ရက်နေ့ ၄ နာရီခွဲ ထုတ်ပြန်ချက်လိုက်သည်။

အဆိုပါ မုန်တိုင်းသည် မြန်မာနိုင်ငံ ဂွမြို့၏ အနောက်၊ အနောက်တောင်ဘက် ၁၂၅ မိုင်ခန့်၊ ကျောက်ဖြူမြို့ အနောက်တောင်ဘက် မိုင် မိုင်(၁၆၀)ခန့်နှင့် စစ်တွေမြို့၏ တောင်-အနောက်တောင်ဘက်မိုင်
(၁၉၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါမုန်တိုင်းငယ်သည် ကနဦးတွင် အရှေ့မြောက်သို့ ရွေ့လျားပြီးနောက် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်သည်ဟု
အဆိုပါ ဌာနမှ ခန့်မှန်းထားသည်။

မုန်တိုင်းငယ် အရှိန်ကြောင့် ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် မိုးကြီးနိုင်ကာ မြစ်ဝကျွန်းပေါ် ရခိုင်ကမ်းရိုးတမ်းတစ်လျှောက်နှင့်
ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်မည်။ မိုးသက်လေပြင်းကျစဉ် ရေပြင် လေပြင်လေသည် တစ်နာရီ မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခိုက်နိုင်သောကြောင့်
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများကို မုန်တိုင်းအန္တရာယ် ကြိုတင်သတိပြုနိုင်ရန် သတိပေး နိုးဆော်ထားသည်။

“ လက်ရှိ မုန်တိုင်းနဲ့ ပတ်သတ်ပြီး တစ်စုံတရာ မပြောသေးဘူး။ ရာသီဥတုကတော့ မှိုင်းနေတယ်။ လေအနည်းကျဉ်းတိုက်တယ်။ ဘာမှတော့ ပြောသံမကြားသေးဘူး” ဟု ရခိုင်ပြည်နယ် ဂွမြို့ရှိ
ကမ်းနီးငါးဖမ်းလုပ်ငန်းရှင် ဦးသက်ရှင်းက ပြောကြားသည်။

မြစ်ဝကျွန်းပေါ် ၊ ရခိုင်ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတရံ မိုးသက်လေပြင်းများကျရောက်ကာ လှိုင်းအသင့်အတင့် ရှိနှိုင်ပြီး လှိုင်းအမြင့် (၅)ပေမှ(၇)ပေခန့်ရှိနှိုင်သည်။ မြန်မာ့ကမ်းရိုးတန်းနဲ့
ကမ်းလွန် ပင်လယ်ပြင်တို့မှာ လှိုင်းအသင့်အတင့်ရှိနှိုင်ပြီး၊ လှိုင်းအမြင့် (၃)ပေမှ(၄)ပေခန့် ရှိနှိုင်သဖြင့် ရေယာဉ်များ အထူးသဖြင့် ရေယာဉ်ငယ်များ သတိထားဖို့လိုအပ်သည်ဟု မိုးလေ၀သနှင့် ဇလဗေဒ
ပညာရှင် ဦးထွန်းလွင်က ပြောကြားသည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်သည့် မုန်တိုင်းသည် အ၀ါရောင်ဖြစ်ပြီး လိမ္မော်ရောင်သည် မြန်မာ့ကမ်းရိုးတမ်းသို့ ၁၂ နာရီအတွင်း ၀င်ရောက်နိုင်သည်။ အနီရောင်သည် ကမ်းခြေကို ဖြတ်ကျော်နေပြီဖြစ်ပြီး
အညိုရောင်သည် အန္တရာယ်ကျရောက်ပြိး မုန်တိုင်းဒဏ် ခံစားရသည့် အမှတ်အသားဖြစ်သည်။ အစိမ်းရောင်သည် မုန်တိုင်းဖြတ်ကျော်သွားပြီဖြစ်သည်။

ACM Credit To:Mizzima - News in Burmese
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top