သူတို့က ငပိရည်နဲ့အ၀လွှေးရပါသေးတယ်။ တချို့မှာ ရိတ်ခါမပို့နိုင်လို့ဆန်နို့ဆီဘူး(၂)လုံးလောက်ကို တပ်စိတ်တစိတ် လူ(၅)ယောက်လောက်က (၃) ရက်လောက်တွေ့ကရာအရွက် တွေနဲ့ရောချက်စားရတဲ့ ရိက္ခာကို အာသာပြေ ဆန့်စားရတဲ့နေ့ရက်တွေ။
ရန်သူဝိုင်းခံထားရလို့ ကတုတ်ကျင်းသေးသေးလေးထဲမှာစုပြုံကွေးအိပ်ရတဲ့ညတွေ။ ဆန့်စားကွေး အိပ်ဘ၀တွေ။ အများကြီးပါ။ အခု ဗိုလ်ချုပ်တွေလည်းအရင်က သည်လို ဘ၀တွေကျော်ဖြတ်ခဲ့ရ ဘူးမှာပါ။
ဆးလိပ်ငတ်လို့ရဲဘော် ပွတ်ချွန်းတောင်းသောက်ရတဲ့ ဗိုလ်ကြီးတွေ။ ရဲဘော် တွေနဲ့အတူဆန့်စားကွေးအိပ်ခဲ့ရတဲ့ဗိုလ်ကြီးတွေ။ ကရင်မီးတောက်၊ကချင်မီးတောက်၊ပဒေါင်မီးဖြတ် အရက်တွေကိုရဲဘော်တွေလို အမုန်းဆွဲခဲ့တဲ့ ဗိုလ်ကြီးတွေ။ တိုက်ပွဲမှာ ဗိုက်ကျည်ဆံမှန်ပြီးလိမ့်နေတုံး ရဲဘော်က အသက်စွန့်တက်ဆွဲလို့ သူရဲကောင်းသူရဘွဲ့ ရခဲ့တဲ့ဗိုလ်ကြီးတွေ။
အခုဆိုဗိုလ်ချုပ်၊ ဗိုလ်ချုပ်ကြီးတွေဖြစ်နေပါပြီ။ သူတို့လည်း သည်ဘ၀ကတက်လာကြတာပါ။လေးစားစရာပေါ့၊ဒါပေမဲ့အများအားဖြင့် ဘ၀မေ့တဲ့သူတွေများပါတယ်။ ခုနလို ကိုယ့်အတွက်အသက်ပေးခဲ့တဲ့ရဲဘော်တောင်မမှတ်မိတော့တဲ့ အရာရှိကြီးတွေ။ ကိုယ်က ဘလူးလယ်ဗယ် အနိမ့်ဆုံး သောက်နေတာတောင် ကိုယ့်ရဲဘော်ဟောင်းတွေ တွေ့ရင် ရေတခွက်တောင်ကောင်းကောင်းမတိုက်ချင်တော့တဲ့ အရာရှိကြီးတွေ အများကြီးတွေ့နေရပါတယ်။
အိမ်လာလည်ရင်တောင် ဘာတောင်းခံရမလဲတွေးနေလို့အဘမအားဘူးနဲ့ဘဲခေါင်းငိုက်စိုက်နဲ့တပ်ခေါက်ပြန်ရတဲ့ ဘော်ဘော်တွေအများကြီးပါ။
ဦးအောင်တောင်းနဲ့သူ့ရဲဘော်ကြီးအကြောင်းရေးပြဘူးပါတယ်။ တခြားလူကြီးတွေအကြောင်းလည်းရေးပြစရာတွေရှိသေးပါတယ်။ ကျနော်တို့လူကြီးတွေမှာ နဲနဲကြီးလာရင်ရောဂါတွေများလာတတ်ပါတယ်။
အတိတ်မေ့ရောဂါ၊ဘ၀င်ရောဂါ၊ငွေမြင်ရင်သခင်ခေါ်ချင်တဲ့ရောဂါ၊ကိုယ့်သမီးလောက်အရွယ်လက်အောက်ငယ်သားကိုလည်းခြေတော်တင်ချင်တဲ့ရောဂါ၊ဦးတင်ထွတ်ပြောတဲ့ ရေဗူးပေါက်တာမလိုချင်ဘူး၊ရေပါတာဘဲလိုချင်တယ် ဆိုတဲ့ စစ်အလေ့အထရောဂါ။ ငါ့မြင်းငါစိုင်း ရောဂါ၊ဆိတ်လစိရောဂါ။
အမလေးရောဂါတွေ ရေးလို့ကတော့ကုန်မယ်မထင်ပါ။ ထိုရောဂါသည်များကို ပြည်သူတို့မုန်းပါသည်၊ကျနော်လည်းမုန်းပါသည်၊အငတ်အပြတ်နှင့် အသက် အရှက် တဘ၀လုံးပုံအပ်ထားပြီး၊ လမ်းဘေးခွေးသာသာ နေထိုင်စားသောက်နေရသော ရဲဘော်များကို ပြည်သူချစ်-မချစ်၊မုန်း-မမုန်း ကျနော်မသိပါ။ကျနော်ကဖြင့် ရဲဘော်များကို ချစ်ပါသည်။
ရေးသူ.......ဗိုလ်ကြီးခင်မောင်သန့်  g Khin Mg Thant
ACM Credit To:Tawwat Wat
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ယုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
Post a Comment