ဖျာပုံမြို့ဝင် ဂိတ်ကြေး ကောက်ခံမှုနှင့် ပတ်သက်၍ ဂိတ်ဝင်ကြေး ကောက်ခံသည့် ၀န်ထမ်း နှင့် အချင်းများခဲ့သော ဒီမိုကရေစီ အဖွဲ့ချုပ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးသိမ်းဆွေမှ ဂိတ်မှဝန်ထမ်းအား ပါးရိုက်ခဲ့သည်ဟူသော သတင်းများ ထွက်ပေါ်လာခဲ့ကာ ယင်းဖြစ်ရပ်မှာ မဟုတ်မှန်ကြောင်း ဒီမိုကရေစီ အဖွဲ့ချုပ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးသိမ်းဆွေမှ တရားဝင် ငြင်းဆိုသွားခဲ့သည်။
အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ ဖျာပုံမြို့ဝင်ဂိတ် ကြေးကောက်ခံသည့် ၀န်ထမ်းအား ပါးရိုက်ခဲ့ကြောင်း အင်တာနက် စာမျက်နှာများတွင် ပျံ့နှံ့နေခဲ့ကာ ယင်းနှင့် ပတ်သက်၍ ဒီမိုကရေစီ အဖွဲ့ချုပ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးသိမ်းဆွေထံသို့ Tomorrow ဂျာနယ်မှ ဆက်သွယ် မေးမြန်းခဲ့ရာတွင် ယင်းဖြစ်ရပ်မှာ မဟုတ်မှန်ကြောင်း ယင်းနှင့်ပတ်သက်၍ အဆိုပါ ဂိတ်နှင့်ဝန်ထမ်းများမှ တောင်းပန်စာပင် ပေးပို့ထားကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
“ကျွန်တော် ဧပြီ ၂၇ရက်နေ့ က ရန်ကုန်ကနေလာတယ်။ ၂၇ ရက်နေ့လာတဲ့ဟာကို တိုးဂိတ်ကနေ ၂၆ ရက်နေ့ဆိုပြီး ရေးလိုက်တယ်ဗျ။ ကျွန်တော်က ဖျာပုံကို သွားတယ်။ သွားပြီး ညနေကျတော့ ပြန်လာတယ်။ ပြန်လာတဲ့အခါ ကျတော့ အလာတုံးက ဖြတ်သွားတဲ့ ဖြတ်ပိုင်းကိုပြတယ်။ ဘောက် ချာမှာ ၂၆ရက်နဲ့ ဖြတ်ထားလို့ဆိုပြီး နောက်တစ်ကြိမ် ထပ်တောင်းတယ်။ ကျွန်တော်က သူ့တို့ မှားရေးထားမှန်း သတိမထား မိလိုက်ဘူး။ ကျွန်တော်ကမဟုတ်ဘူး နံနက်တုန်းကမှ ဖြတ်ထားတာ။ အဲဒါမှားရေးထားတာလို့ပြော တဲ့အခါကျတော့ သူတို့က မချေ မငံပြောတယ်။ ကျွန်တော်က တာဝန်ရှိတဲ့သူ ဘယ်သူလဲ တာဝန်ခံ ဘယ်သူလဲလို့ မေးတဲ့အခါကျတော့ အားလုံးတာဝန်ရှိတယ် သူပဲ၊ တာဝန်ခံပဲလို့ ပြောတယ်”ဟု လွတ်တော် ကိုယ်စားလှယ်မှ ရှင်းပြခဲ့သည်။
ယင်းအချိန်တွင် အဆိုပါ ကိုယ်စားလှယ်၏ ကားအား ဓာတ်ပုံရိုက်ခြင်းများ ပြုလုပ်ခဲ့ကာ စစ်ယူနီဖောင်း၊ ရဲယူနီဖောင်း အသွင်သဏ္ဍန်ဖြင့် စစ်တပ်၊ ရဲတို့မှလည်း လက်ကိုင်တဲ့ ရာဘာတုံးနဲ့ တားကြောင်းလည်း သိရသည်။
“အမှန်က ဒီဂိတ်က ယူနီဖောင်းဝတ် ပုဂ္ဂိုလ်တွေနဲ့ မဆိုင်ဘူးဗျ။ ဒါနဲ့အမှုဖွင့်ဖို့ ရဲစခန်းကိုသွားပြီး စခန်းမှူးကို ခေါ်လာတယ်။ အဲဒီကျမှ လိုင်စင်ဆွဲထားတဲ့ ကိုပေါ်ထွန်းက အမှုမဖွင့်ဖို့ တောင်းပန်တယ်။ အဲဒီလိုပြောတဲ့ သူတွေကလည်း ထိုင်ပြီးကန်တော့လို့ အမှုမဖွင့်ခဲ့ဘူး။ အဲဒီလို မဖြစ်ခင်မှာ တစ်ယောက်က ရှေ့တိုးလာပြီး ပြောတော့ ကျွန်တော်က ရှေ့မတိုးနဲ့ဆိုပြီး တွန်းလိုက်တယ်။ အဲဒီအတွက် အတွန်းခံရတဲ့ သူကဘာမှပြန်မလုပ်ပါဘူး။ ဘာမှလည်း မဖြစ်သွားပါဘူး။ အဲဒီလို့ ပြေလည်ပြီး ပြန်လာပြီး နောက်နေ့ကျတော့ အင်တာနက် စာမျက်နှာတွေမှာ တစ်ဖက်သက် မဟုတ်တန်း တရားတွေ ကျွန်တော့်အလွန် ဖြစ်အောင် တင်ထားတယ်။ အဲဒီ အတွက် ကျွန်တော် မတုံ့ပြန်ပါဘူး။ အခုအဖြစ်မှန်ကို တိတိကျကျ ရှင်းလင်းဖို့အတွက် သတင်းစာ ရှင်းလင်းပွဲ လုပ်သွားမှာပါ” ဟု အမျိုး သား လွှတ်တော် ကိုယ်စားလှယ် ဦးသိမ်းဆွေက Tomorrow ဂျာနယ်သို့ ပြောကြားသည်။
အဆိုပါ အင်တာနက် စာမျက်နှာများတွင် ရေးသားခဲ့မှုများနှင့် ပတ်သက်၍ ကာယကံရှင် ကိုယ်တိုင် ပြုလုပ်ခဲ့ခြင်း မဟုတ်ဘဲ နောက်ကွယ်မှ အစုအဖွဲ့ တစ်ခုမှ ကြိုးကိုင်လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ ဦးသိမ်းဆွေမှ သုံးသပ် ပြောကြားသည်။
ACM Credit To:Tomorrow
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ယုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
Post a Comment