ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဉာဏ်ထွန်းအောင် အနေဖြင့် အစိုးရ ၀န်ထမ်း ဘ၀မှ အနားယူပြီးချိန်တွင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း သွားမည်ဟု ဆိုခဲ့သည်။
အဆိုပါ ပြောကြားချက်များအား ပြည်ထောင်စု ၀န်ကြီး ဦးဉာဏ်ထွန်းအောင်က မေလ ၁၇ရက်နေ့ ပဲခူးတိုင်း ဒေသကြီး ကျောက်တံခါးမြို့နယ် ကညင်ကြိုး ကျေးရွာ ငွေဝင်းသော်တာ ကျောင်းဆောင်သစ် ဖွင့်ပွဲတွင် ဒေသခံများအား ပြောကြားခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
“ကျွန်တော် ပင်စင်ယူပြီးသွားရင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်း ပြုသွားမှာပါ။ မိဘတွေကလည်း တောင်သူတွေ ဖြစ်တဲ့အတွက် မိဘအမွေကိုလဲ ဆက်လက် ထိန်းသိမ်းရာ ရောက်တယ်”ဟု ပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဉာဏ်ထွန်းအောင်က ပြောသည်။
ဝန်ကြီးက မိမိအနေဖြင့် မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ရာခိုင်နှုန်းခန့်ရှိသော တောင်သူလယ်သမား မျိုးရိုးမှ ဆင်းသက်လာသူ ဖြစ်သည့်အတွက် ပင်စင်ယူပြီး အချိန်တွင် မိဘများ၏ လက်ငုတ် လက်ရင်းဖြစ်သော လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို လုပ်ကိုင်သွားမည် ဖြစ်ပြီး လယ်ယာစိုက်ပျိုးခြင်း လုပ်ငန်း အပေါ်တွင်လည်း တန်ဖိုးထား ဂုဏ်ယူသူ ဖြစ်သည်ဟုလည်း ပြောကြားခဲ့ကာ မိမိ၏ အစိုးရ ၀န်ထမ်းဘ၀တွင် ဒေသဖွံ့ဖြိုးရေး အတွက် တတ်နိုင်သမျှ ကြိုးစားလုပ်ဆောင်ခဲ့သဖြင့် လက်ရှိအချိန်တွင် အတော်သင့် ဖွံ့ဖြိုးတိုးတက်နေသည်ဟုလည်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး ၀န်ကြီးက မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများ ဖွံ့ဖြိုးရေး အတွက် လုပ်ဆောင်ရာတွင် အချိန်ယူရမည် ဖြစ်ပြီး ပညာရေး ကဏ္ဍများ ဖွံ့ဖြိုး တိုးတက်ချင်သည့် အဓိကကျသည့် နည်းလမ်းတစ်ခု ဖြစ်သည့် အတွက် ပညာရေး အခြေခံ ကျောင်းများအနေဖြင့် မိမိဒေသ အပေါ် ပြန်လည် အကျိုးပြုနိုင်သည့် ဒေသ၏ ကျေးဇူးရှင် အမြောက်အမြား ပေါ်ထွန်းလာစေရန် ကြိုးစား မွေးထုတ်ပေးနိုင်ရန် လိုအပ်သည်ဟု ၄င်းကဆိုသည်။
“ကိုယ့်ဒေသကို ကိုယ်ကလွဲပြီး ဘယ်သူမှ ကိုယ့်လောက် မချစ်ဘူး။ အခုဒီရွာသားနှစ်ဦးက အစိုးရဖွဲ့မှာ ရာထူးတစ်နေရာစီ ရရှိထားပြီး ဒေသမှာ လိုအပ်နေတဲ့ စာသင်ကျောင်းဆောင်ကို ဆောက်လုပ် လှူဒါန်းတာ ဒီနှစ်ယောက် ဒီဒေသရဲ့ ကျေးဇူးရှင်တွေပဲ ဖြစ်တယ်”ဟု ၀န်ကြီးက ဆိုသည်။
ACM Credit To:Tomorrow
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ယုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
Post a Comment