0

မင်းအောင်ခိုင် ၊ ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၁၉)


ရန်ကုန်၊ ကျေးရွာပေါင်း ၅ဝကျော် အဓိက မှီခိုအားထားသွားလာမြေ သားလမ်းတစ်ခုဖြစ်သော တိုက်ကြီး မြို့နယ်အတွင်းမှ လောက်လေး ချောင်းလမ်းမကြီးကို ရက်၂ဝ အ တွင်း လမ်းကောင်းလုပ်ပေးမည်ဟု ဆိုကာ ဆန္ဒမဲများကိုရယူသွားသော် လည်း ယနေ့အချိန်ထိ လမ်းကိုလုပ် ဆောင်ပေးခြင်းမရှိသေးကြောင်း ကျေးရွာသားများက ပြောသည်။

သက်ဆိုင်ရာဌာနဆိုင်ရာများ အပါအဝင် တိုက်ကြီးမြို့နယ်မှ ပြည် ခိုင်ဖြိုးပါတီအမတ်များ ဖြစ်ကြသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဟန်စိန်နှင့် တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးစိုးဝင်းမောင် တို့သည် ယင်းလမ်း ပြုလုပ်ပေးမည် ဟုဆိုကာ ရွေးကောက်ပွဲကာလအ တွင်းက ကတိကဝတ်များပေးထားခဲ့ သော်လည်း ယင်းတို့အမတ်များဖြစ် သွားကြသည့်အခါတွင် ပေးထား သည့်ကတိများကို မတည်ကြောင်း ယနေ့အချိန်အထိ လုပ်ပေးမည်၊ လုပ် ပေးမည်ဟု အကြိမ်ကြိမ် နုတ်ကတိ ပေးခဲ့ကြသော်လည်း လက်တွေ့လုပ် ဆောင်ပေးခြင်းမရှိကြောင်း၊ ယင်း ကြောင့် လောက်လေးချောင်းကျေး ရွာ၌ မေ ၂ဝရက်တွင် ကျေးရွာသား များက မိမိတို့အပေါ်ကို လိမ်လည် သွားသည်ဟု သတင်းစာလင်းပွဲ ပြု လုပ်ကာ အထက်ပါအတိုင်းပြောကြား ခဲ့ခြင်း ဖြစ်သည်။

''ဒီလမ်းဟာ အမိမဲ့ အဖမဲ့ဖြစ် နေပါပြီ။ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်တွေဟာလဲ ပြည်သူ့အတွက် မဟုတ်ဘူး။ ကတိခံပြီး မဲယူပြီးတော့ ပြည်သူတွေကိုညာနေတယ်။ ညာနေ တာမဟုတ်ရင်လဲ ညာသယောင်ရှိပါ တယ်''ဟု ယင်းကျေးရွာရပ်မိရပ်ဖ ဦးတင်အေးက ဆိုသည်။

၂ဝ၁ဝ ရွေးကောက်ပွဲကာလ တုန်းက ယင်းမဲဆန္ဒနယ်မြေတွင် တ ခြားပါတီမျာက မဲပြားအသာစီးရမည့် အနေအထားတွင် ရှိနေခဲ့သော်လည်း ကျေးရွာသားများသည် မိမိတို့၏ သားသမီးပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးများအတွက်အ ရေးပါနေသည့် လမ်းတစ်လမ်းဖြစ် နေသောကြောင့် လမ်းရရှိရေးအတွက် ပြည်ခိုင်ဖြိုးပါတီသို့ မဲများကိုထည့် ပေးလိုက်ခြင်းဖြစ်ပြီး တိုက်ကြီးမြို့ နယ်အတွင်းမှ လောက်လေးချောင်း အပိုင်းသည် သုံးမိုင်ကျော်ရှည်လျား ၍ ၁၉၈၃ ခုနှစ်ကတည်းက ကိုယ်ထူ ကိုယ်ထလမ်းတစ်လမ်း ဖြစ်သည်။

ACM Credit To:Yangon Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ယုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top