0

ရန်ကုန်၊ မေ ၁၁

၉.၅.၂၀၁၄ ရက်နေ့ ၂၂၃၀ အချိန်ခန့်တွင် သာကေတမြို့နယ်၊
၂/တောင် ရပ်ကွက်နေ ကိုတိုးမှ ၎င်းသည် နေအိမ်မှ မေတ္တာ
လမ်းထိပ်သို့ ၃/ရန်ပြေရပ်ကွက်၊ မင်းနန္ဒာလမ်းအတိုင်းသွား
ရောက်ခဲ့ရာ အ.မ.က(၄၃)ကျောင်းရှေ့ရှိ မှောင်နေသည့်နေရာ
အရောက် အမည်မသိလူငယ်(၂)ဦးမှ ၎င်းအား တားဆီးပြီး
တစ်ဦးမှ ဓါးဖြင့်ဝမ်းဗိုက်အားထောက်ကာ ငွေတောင်းသဖြင့်
(၂၀၀၀)ကျပ်ပေးလိုက်ကြောင်း၊ အခြားလူငယ်(၁)ဦးမှ လည်ပင်း
အားညစ်ပြီး လက်သီးနှင့်ထိုး၊ ခြေထောက်ဖြင့်ကန်ကာ
၎င်းဝတ်ဆင်ထားသော ဂျင်းဘောင်းဘီနောက် ယာဘက်
အိတ်ကပ်အတွင်းမှ ငွေ(၂၅၀၀၀)ကျပ်ကိုလုယူ၍ ထပ်မံထိုးကြိတ်
ခံခဲ့သဖြင့် အပေါ်သွား(၁)ချောင်းကျိုး၊ သွား(၁)ချောင်းနဲ့သွားခဲ့ကြောင်း နဖူးတွင်လည်းဖူးရောင်ညိုမဲဒဏ်ရာများရရှိခဲ့ကြောင်း၊ ၁၀.၅.၂၀၁၄
ရက်နေ့ ၀၈၀၀ အချိန်ခန့်တွင် ၂/တောင်ရပ်ကွက်၊ သုမနလမ်း၌
ငွေများကိုလုယူသွားခဲ့သူ လူငယ်(၂)ဦးအနက်တစ်ဦးကိုတွေ့ရှိသဖြင့် သာကေတမြို့မရဲစခန်းမှ နယ်ထိန်းရဲတပ်ဖွဲ့ဝင်အားအကြောင်းကြား
ခဲ့ပြီး ၀ိုင်းဝန်းဖမ်းဆီးခဲ့ရာ ၎င်းမှာ ကိုကိုလွင် (၂၂)နှစ်၊ (ဘ)ဦးလှသီ၊ ဗိုလ်ထွန်းဇံရပ်ကွက်၊ ဒေါပုံမြို့နယ်နေသူဖြစ်ကြောင်းနှင့် အခင်းဖြစ်ပွား
စဉ်က ကိုကိုလွင်နှင့်အတူကျူးလွန်သူမှာ ပေါက်ပေါက်(ခ)ချစ်စန်းဦး
(စိစစ်ဆဲ)ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့(၂)ဦးကိုအရေးယူပေးရန်
တိုင်တန်းခဲ့ကြောင်း သိရှိရပါသည်။

တိုင်တန်းချက်အရ သာကေတမြို့မရဲစခန်း (ပ)၂၂၈/၂၀၁၄၊
ပြစ်မှုပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ပြီး ချစ်စမ်းဦး(ခ)
ပေါက်ပေါက်အား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Aye Chan Mon# Credit To :Yangon Police
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top