0

ဝိုက်ဖီ
အတွဲ (၁၃)၊ အမှတ်(၈)

ဒီတစ်ပတ်တော့ ငှက်ပျောဖူးအချဉ်ချက်လေး ချက်ထားပါတယ်။ ငှက်ပျောဖူးကို စပါးလင်နဲ့ သက်သက်လွတ်ချက်တဲ့ သာမညတောင်က စတိုင်ကို မှီငြမ်းချက်ပြုတ်ထားတာပါ။

ဝိုက်ဖီကတော့ သက်သတ်လွတ်မဟုတ်ဘဲ ပုစွန်ခြောက်ကလေးနဲ့ ချက်ထားပါတယ်။

ငှက်ပျောဖူးကို အကြမ်းတွေခွာ၊ အတွင်းထဲက အသားနုနုကို ခပ်ပါးပါးလှီး၊ မန်ကျည်းရေ ၁၀ မိနစ်လောက် စိမ်ထားပါ။ မျှင်ငါးပိ၊ ပုစွန်ခြောက်ကို စပါးလင်နဲ့ရောထောင်း၊ လှီးထားတဲ့ ငှက်ပျောဖူးနဲ့နယ်၊ ရေလေးထည့်ပြီး မီးဖိုပေါ်တင်၊ လုံးချက်ချက်ပါ။ ရေကိုတော့ ငှက်ပျောဖူးနူးအိအောင် ရေလိုသလောက် ထည့်ချက်လိုက်ပြီး ရေစပ်စပ်လေးနဲ့ ချပါမယ်။ စပါးလင်နံ့လေးသင်းနေတဲ့ ငှက်ပျောဖူးဟင်းတစ်ခွက်ကို အရသာတွေ့လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

Aye Chan Mon# Credit To :http://www.7daynewsjournal.com/
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top