0

ACM Re-Post 26-5-2014
အဂ္ဂမင်း ၊ Flower News Journal အတွဲ(၁၀) အမှတ် (၂၀)

ရန်ကုန်၊ မေ ၂၄- မြန်မာ့တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင် ရွက်နေသဖြင့် နိုင်ငံရေးပြောင်းလဲမှုများ သည် ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်တွင်း ရှိနေပါက ထိုင်းနိုင်ငံကဲ့သို့ အာဏာသိမ်း သည့်ဖြစ်စဉ်မျိုး မြန်မာနိုင်ငံတွင် ပေါ်ပေါက် မလာနိုင်ဟု နိုင်ငံတော်သမ္မတ ပြောရေးဆို ခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ်က ပြောကြားသည်။

''ထိုင်းမှာက ဖွဲ့စည်းပုံအခြေခံ ဥပဒေဘောင်ထဲမှာ မဖြေရှင်းနိုင်လို့ တပ်မ တော်က ကြားဝင်လိုက်တာ။ ကျွန်တော်တို့ နိုင်ငံမှာ တပ်မတော်က ဖွဲ့စည်းပုံနဲ့အညီ ဆောင်ရွက်မယ်လို့ ပြောပြီးတဲ့အတွက် ဖွဲ့ စည်းပုံအတိုင်း ဆောင်ရွက်မှာပဲ''ဟု ယင်း က ပြောသည်။
ထိုင်းနိုင်ငံတွင် နိုင်ငံရေးပါတီ များ ညှိနှိုင်းမှုအဆင်မပြေဖြစ်ကာ လူထုအုံြ<ွကမှုများ ကြီးထွားလာခဲ့ပြီး မေ ၂၂ ရက်၌ ထိုင်းတပ်မတော်မှ အာဏာသိမ်းယူခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင် တစ်နိုင်ငံလုံး၌ မာရှယ် လော ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံသည် နှစ်ပေါင်းများ စွာရှိနေခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများ လူ့အသိုင်းအဝိုင်းများကြား ကြုံတွေ့ခဲ့ရပြီး နိုင်ငံရေးပြောင်းလဲမှုသည် ထိုင်းနိုင်ငံထက် ပိုမိုနူးညံ့သိမ်မွေ့သဖြင့် ဒီမိုကရေစီစနစ်အ ရ မတူကွဲပြားသော အယူအဆများအပေါ် ဖိအားပေးခြင်း၊ ထိပ်တိုက်တွေ့ခြင်း နည်းများ ဖြင့် မဖြေရှင်းသင့်ကြောင်းလည်း ဒုဝန်ကြီး က ဆက်ပြောသည်။

ထိုင်းနိုင်ငံတွင် အာဏာသိမ်းမှု ဖြစ်စဉ်သည် နိုင်ငံရေးအရ ထိပ်တိုက်တွေ့ ခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း၊ မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွင် လက်ရှိအနေအ ထားအရ နိုင်ငံရေးအရ အကြီးအကျယ်အ ငြင်းပွားဖွယ်မရှိသေးကြောင်း၊ တပ်မတော် မှ ကြားဝင်ဖြေရှင်းရလောက်သည့်ကိစ္စလည်း မရှိသေးကြောင်း နိုင်ငံရေး လေ့လာသုံးသပ် သူ ဦးကျော်လင်းဦးက ပြောသည်။

''နိုင်ငံရေးပဋိပက္ခတွေ ဖြစ်နေ ရင် တစ်ဖက်နဲ့တစ်ဖက် အသာစီးရဖို့ကြိုး စားတာမျိုးတွေနဲ့ ကိုယ်ကျိုးပဲကြည့်ရင် စစ် တပ်က နိုင်ငံရေးမျက်နှာစာထဲကို ထွက်လာ တတ်တဲ့အနေအထားတွေက အာဆီယံနိုင်ငံ တွေမှာ ရှိတတ်ပါတယ်။ မြန်မာနိုင်ငံအခြေ အနေကတော့ နိုင်ငံတကာအကူအညီနဲ့မှ သာ အဘက်ဘက်က တိုးတက်မှာဖြစ်ပါ တယ်။ တပ်မတော်ကသာ ဒါကို နားလည် မယ်ဆိုရင် လွှတ်တော်နဲ့ နိုင်ငံရေးထဲကနေ ထွက်ဖို့ လုပ်မှာပါ''ဟု ယင်းက ပြောသည်။

တပ်မတော် နိုင်ငံရေးလောက ထဲမှ ထွက်သွားမည်ဆိုပါက မြန်မာ့နိုင်ငံ ရေးသည်လည်း ထိုင်းနိုင်ငံကဲ့သို့ မဖြစ်စေ ဘဲ နိုင်ငံရေးခေါင်းဆောင်များအနေဖြင့် တည်ငြိမ်စွာ ပူးပေါင်းဆောင်ရွက်သင့် ကြောင်းလည်း ယင်းက ပြောသည်။

ထိုင်းနိုင်ငံတွင် အာဏာသိမ်း မှုပေါင်း ၁၉ ကြိမ်ဖြစ်ပွားခဲ့ပြီး ၁၉၉၆ ခုနှစ် တွင်တစ်ကြိမ်၊ ၂ဝဝ၆ ခုနှစ်တွင် တစ်ကြိမ် စစ်တပ်မှ အာဏာသိမ်းယူမှုများတွင် တစ် နှစ်တာကာလအတွင်းပင် ရွေးကောက်ပွဲ များပြုလုပ်ပြီး အစိုးရသစ် ပြန်လည်ဖွဲ့စည်း ပေးနိုင်ခဲ့ပြီး မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ် အတွင်း ဖြစ်ပွားခဲ့သော ပြည်တွင်းရေး မငြိမ် သက်မှုများကြောင့် မြန်မာ့တပ်မတော်က နိုင်ငံတော်အာဏာ သိမ်းယူခဲ့ဖူးပြီး ရွေး ကောက်ပွဲများပြုလုပ်၍ အစိုးရသစ် ပြန်လည် ဖွဲ့စည်းပေးနိုင်ရန် အနှစ် ၂ဝ ခန့် ကြာမြင့် ခဲ့သည်။

ထိုင်းနိုင်ငံ၏ အာဏာသိမ်းမှု ဖြစ်စဉ်အပေါ် နိုင်ငံတကာမှ ဝေဖန်မှုများ ရှိနေပြီး အမေရိကန်နိုင်ငံမှလည်း ကူညီ ထောက်ပံ့မှုများ ရပ်တန့်ခဲ့သဖြင့် မြန်မာ နိုင်ငံအပေါ် စီးပွားရေးအရ ထိခိုက်မှုတချို့ ရှိခဲ့သော်လည်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှု တွင် ထိုင်းနိုင်ငံကဲ့သို့ဖြစ်ပွားနိုင်မည် မဟုတ် ကြောင်း နိုင်ငံရေးလေ့လာသူများက သုံး သပ်ကြသည်။

Aye Chan Mon Credit To:Yangon Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top