0

ACM Re-Post 26-5-2014

ထိုင်းနိုင်ငံတွင် စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ထိုင်းစတော့ရှယ်ယာ ဈေးကွက်သတင်းများကို ရုပ်သံမှ ဆက်လက် မထုတ်လွှင့်တော့ပါက နှစ်လုံးထီကို အင်တာနက်မှတစ်ဆင့် ရယူကာ တစ်ရက်နှစ်ကြိမ် ကစားသွားမည် ဖြစ်ကြောင်း မြိတ်ဒေသရှိ နှစ်လုံးထီဒိုင်ကြီး အသိုင်းအဝိုင်းထံမှ သိရသည်။

စစ်အာဏာ သိမ်းသည့် မေလ ၂၂ ရက်နေ့ ညနေပိုင်းကစပြီး ထိုင်းစတော့ရှယ်ယာ ဈေးကွက်များကို ရုပ်သံမှ မလွှင့်ထုတ်တော့သောကြောင့် တစ်ရက်လျှင် လေးကြိမ် ကစားသည့် တရားမဝင် နှစ်လုံးထီကို ရပ်နားလိုက်ရပြီး အင်တာနက်မှ ဂဏန်းကို ကြည့်ကာ ကစားရန် စမ်းသပ်ကြည့်ရှုဆဲ ဖြစ်ကြောင်း မြိတ်မြို့ နှစ်လုံးထီ လောင်းကစားသူများ အသိုင်းအဝိုင်းထံမှ သိရသည်။

“မေလ ၂၂ ရက်နေ့က မနက်ပိုင်းနဲ့ ညနေပိုင်း အထိတော့ ဈေးကွက်က ရှိနေသေးတော့ ကစားလို့ ရပါသေးတယ်။ ညနေပိုင်း ၄ နာရီ အချိန်ကျတော့ ဈေးကွက်က ဘာမှ မလာတော့ဘူး။ ကျွန်တော်တို့လည်း ဆက်မကစားတော့ ထိုးသားတွေကိုလည်း ငွေပြန်အပ်ပေးလိုက်တယ်” ဟု မြိတ်တောင်ကျေးရွာရှိ နှစ်လုံးထီဒိုင်တစ်ခုမှ အမျိုးသားတစ်ဦးက ပြောကြားသည်။

ရုပ်သံ ပိတ်လိုက်သော်လည်း ထိုင်းစတော့ရှယ်ယာ သတင်းများကို မေလ ၂၃ ရက်နေ့ ညနေအထိ အင်တာနက် စာမျက်နှာများမှတစ်ဆင့် ကြည့်ရှုနိုင်ဆဲ ဖြစ်ပြီး ထိုင်းစစ်အာဏာသိမ်းမှုကို ထိုင်းစတော့ရှယ်ယာ ဈေးကွက်က ဂရုတစိုက် တုံ့ပြန်ဆောင်ရွက်နေကြောင်း VOA သတင်းတွင် ဖော်ပြထားသည်။

ထားဝယ် ဒေသတွင်လည်း နှစ်လုံးထီကို မေလ ၂၂ ရက်နေ့တွင် သုံးကြိမ်သာ ထွက်နိုင်ပြီး ထိုင်းစစ်အာဏာ သိမ်းသည့် ညနေပိုင်းကတည်းက ရပ်နားလိုက်ရကြောင်း ထားဝယ်မြို့မှ နှစ်လုံးထီဒိုင်တစ်ဦးက ပြောကြားသည်။

တစ်ရက်လျှင် လေးကြိမ် ကစားလေ့ ရှိသော နှစ်လုံးထီများ ရပ်နားလိုက်ရသည့်အတွက် ရက်ပိုင်းတွင် များစွာ မသိသာသော်လည်း ရက်သတ္တပတ်ပေါင်းများစွာ ရပ်နားလိုက်ရပါက အလယ်လတ်စား ထီဒိုင်များ၊ နှစ်လုံးထီ ရောင်းသူများ ဝင်ငွေကို များစွာ ထိခိုက်နိုင်ကြောင်း ၎င်းကဆိုသည်။
“တစ်ပတ် နှစ်ပတ် နားရင် အဆင်ပြေသေးတယ်။ လုံးဝ နားလိုက်ရရင် လွယ်မှာ မဟုတ်ဘူး” ဟု အထက်ပါ ထီဒိုင်က ပြောကြားသည်။

ထားဝယ်ဒေသတွင် သာမန် နှစ်လုံးထီ ရောင်းသူတစ်ဦး၏ ဝင်ငွေသည် အနည်းဆုံး ၇၅၀၀ ကျပ် ရှိပြီး ရက်ရှည်နားရပါက သာမန်ထီရောင်းသူများ၏ ဝင်ငွေကိုလည်း ထိခိုက်နိုင်ကြောင်း ထားဝယ်ဒေသ ထီလုပ်ငန်း လုပ်ကိုင်သူ အသိုင်းအဝိုင်းထံမှ သိရသည်။

အာဏာသိမ်းမှုကြောင့် နှစ်ပတ်ခန့် ထီအရောင်း ရပ်နားထားရမည်ဟု မျှော်လင့်ထားပြီး နှစ်လုံးထီ ထွက် မထွက်နှင့် မည်သည့်နည်းဖြင့် ဆက်ကစားမည်ကို လာမည့် တနင်္လာနေ့တွင် ထပ်မံ စောင့်ကြည့်ရမည် ဖြစ်ကြောင်း ထားဝယ်မြို့မှ ထီဒိုင်တစ်ဦးက ဆိုသည်။

လကုန်နှင့် လလယ်တွင် လစဉ် နှစ်ကြိမ်ထွက်လေ့ ရှိသော ထိုင်းသုံးလုံး ထီအရောင်းကိုမူ စောင့်ကြည့်ဆဲ ဖြစ်ကြောင်း ထားဝယ်မြို့ ထီလုပ်ငန်း အသိုင်းအဝိုင်းမှ သိရသည်။

တရားမဝင် နှစ်လုံးထီကို ယခုကဲ့သို့ ဆက်လက် ပိတ်ထားပါက အခြေခံ လူတန်းစားများအတွက် စားဝတ်နေရေးနှင့် အခြားကိစ္စရပ်များ အဘက်ဘက်က ပိုမိုအဆင်ပြေလာနိုင်ဖွယ် ရှိသည့်အတွက် လုံးဝ ပိတ်သိမ်းလိုက်လျှင် ပိုကောင်းမည်ဟု နေ့စဉ် နှစ်လုံးထီ လောင်းကစား ပြုလုပ်သည့် မြိတ်တောင်ကျေးရွာအုပ်စု ရာပြည့်ရပ်ကွက်နေ အသက် ၄၀ ကျော်အရွယ် အိမ်ရှင်မ အမျိုးသမီးတစ်ဦးက ဖွင့်ဟသည်။

နှစ်လုံးထီ လောင်းကစားသည် တရားမဝင် လောင်းကစားခြင်း တစ်မျိုးဖြစ်ပြီး ဒေသအာဏာပိုင်နှင့် ရဲများကို လစဉ်လိုင်းကြေး ပေးသွင်းပြီး လောင်းကစားလေ့ ရှိသည်ဟု ဆိုသည်။

(Dawei Watch)

Aye Chan Mon Credit To:The Voice Weekly
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top