0

ACM Re-Post 26-5-2014
ရဲလင်းထက် ။ Flower News Journal အတွဲ(၁၀) အမှတ် (၂၀)

ရန်ကုန်၊ မေ ၂၄- အခြေခံဥပဒေပြင်ဆင် ရေးအတွက် ဆောင်ရွက်သူများအနေဖြင့် နိုင်ငံရေးသတ္တိရှိစွာဖြင့် လွှတ်တော်ထဲမှ ပြင် ဆင်ရန်လိုအပ်ကြောင်း၊ အခြားသောနည်း ဖြင့် ပြင်ဆင်ပါက တိုင်းပြည်လဲဆုံးရှုံး လူထု လဲနစ်နာမည်ကို သတိချပ်ရန်လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသိန်း ညွန့်က သတိပေးပြောကြားလိုက်သည်။

မေ ၂၄ ရက်က အမျိုးသားဒီမို ကရေစီပါတီသစ်ရုံးတွင် ကျင်းပသော ပါတီ အစည်းအဝေးတွင် လက်ရှိတိုင်းပြည်၏နိုင်ငံ ရေးအခြေအနေနှင့်ပတ်သက်ပြီး ယခုကဲ့သို့ သတိပေးပြောကြားခြင်းဖြစ်သည်။

ဦးသိန်းညွန့်က ''ကျောင်းသား ခေါင်းဆောင်ဟောင်းတချို့က အခြေခံဥပ ဒေကိုလွှတ်တော်ထဲမှာပြင်နိုင်ဖို့ လုပ်ကိုလုပ် ရမယ်။ မရရင် အခြားနည်းနဲ့သွားမယ်။ အဲ ဒီမှာမပြင်ဘူး။ မရဘူးဆိုရင် တိုင်းပြည်ဟာ အကျပ်အတည်းဖြစ်မယ်။ သွေးချောင်းစီး မယ်။ နောက်ထပ် ရှစ်လေးလုံးတစ်ခုကို မျှော် လင့်တယ်။ ဖန်တီးမယ်ဆိုတဲ့သဘောကို အ တိအလင်းပြောတာ ကြားလာရတဲ့အခါ ရှေ့ နိုင်ငံရေးအလားအလာအတွက် လွှတ်တော် ကိုယ်စားလှယ်ဖြစ်ပြီး နိုင်ငံရေးပါတီတစ်ခု ကို တာဝန်ယူနေသူဖြစ်တဲ့အတွက် ခုလိုပြန် လည်ရှင်းလင်းဖို့ လို့အပ်တယ်''ဟု ဆိုသည်။

နိုင်ငံခြားသတင်းဌာနတစ်ခုသို့ ဖြေကြားသည့် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဆောင်ရွက်မည်ဟူသာ ပြောကြားချက်ကို ရည်ညွှန်းကာ ရှင်းလင်းခြင်းဖြစ်သည်။
ထို့ပြင် အခြေခံဥပဒေကို ကာ ကွယ်ပါမည်ဟု ကတိသစ္စာပြုထားသူများ အနေဖြင့် လွှတ်တော်တွင်းမှ ပြင်ဆင်မှသာ မိမိတို့၏ ကတိသစ္စာကို တည်နိုင်မည်ဖြစ် ပြီး ဥပဒေကို ကျောခိုင်းရာမရောက်ကြောင်း၊ ပါတီအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ် ရေးလမ်းကြောင်းမှတစ်ဆင့် နိုင်ငံရေးပါတီ များ၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် တပ် မတော်တို့ကြား နားလည်မှုရှိရှိ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးသိန်းညွန့်က ပြောသည်။

ယင်းက ''ပြင်ဆင်ရေးလုပ်သူ တွေအနေနဲ့ သတ္တိရှိရှိလုပ်ဖို့၊ ပြောဖို့လိုတယ်။ ဗွီအိုအေမှာ ပြောခဲ့တဲ့အတိုင်း တိုင်းပြည်ကို သွေးချောင်းစီးအောင် တကယ်လုပ်မှာလား။ ဒါ တကယ်လုပ်မယ်ဆိုရင်လဲ သူ့ရဲ့ နိုင်ငံ ရေးသတ္တိကို ချီးကျူးရမယ်။ ကျွန်တော်တို့နဲ့ မတူပေမယ့် သတ္တိရှိတယ်လို့ ချီးကျူးရမယ်။ ဒါမှမဟုတ်ဘဲနဲ့ တိုင်းပြည်ကို နိုင်ငံရေးမီးရှူး မီးပန်းတွေ လွှတ်ပြီးတော့ လက်တွေ့မှာ တိုင်းပြည်လဲဆုံးရှုံး လူထုလဲနစ်နာ အထူးသ ဖြင့် နိုင်ငံရေးကို ယုံကြည်ချက်ရှိတဲ့ လူငယ် တွေ တောထဲတောင်ထဲ ရောက်သွားနိုင် တယ်''ဟု ဆိုသည်။

Aye Chan Mon Credit To:Yangon Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top