ကော့သောင်း မေ ၅
တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်းမြို့ ကော့သောင်း-ဘုတ်ပြင်း အဝေးပြေး ကားလမ်းဘေး ခုနစ်မိုင် ရွှေပြည်စိုး ကျေးရွာအပိုင် အတွင်း အရှိန်မထိန်းနိုင်ဘဲ မော်တော်ဆိုင်ကယ် နှစ်စီး ယနေ့ နံနက် ၈ နာရီခွဲတွင် တိုက်မှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ခမောက်ကြီး မြို့နယ်ခွဲတွင် သွားရောက် ဈေးရောင်းပြီး ကော့သောင်းမြို့သို့ အပြန် ကော့သောင်းမြို့ ရွှေပြည်သာ ရပ်ကွက် သခင်မြလမ်းနေ ဦးရှည်ကြီး(ခ) ဦးမောင်ကြီး ၅၂ နှစ်မောင်းနှင်ပြီး ခရီးကြုံ လိုက်ပါလာသူ ဒေါ်ဝေဝေ ၅၂ နှစ်၊ အေးမြင့်ဝေ ၁၂ နှစ်တို့နှင့် အတူ စီးနင်းလာသည့် ဟွန်ဒါ အမျိုးအစားနှင့် ကော့သောင်းမြို့မှ ရှစ်မိုင်ကျေးရွာသို့ အသွား မောင်ကူအေး ၁၈ နှစ်မောင်းနှင်၍ အတူ လိုက်ပါလာသူ ဝင်းမင်းအောင် ၁၈ နှစ်တို့ နှစ်ဦး စီးနင်းလာသည့် ဟွန်ဒါဆိုင်ကယ် နှစ်စီးတို့သည် ခုနစ်မိုင် ရွှေပြည်စိုး ကျေးရွာအလွန် လမ်းကွေ့တစ်ခုတွင် အရှိန် မထိန်းနိုင် သဖြင့် မောင်ကူအေး မောင်းနှင် လာသည့် ဆိုင်ကယ်မှာ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိသွားပြီး ဦးရှည်ကြီး မောင်းနှင်လာသည့် ဆိုင်ကယ်ကို တိုက်မိခဲ့သဖြင့် ဒဏ်ရာ ရသူများကို ဆေးရုံ သို့ ပို့ဆောင်ပေးရာ ဆေးရုံအရောက်တွင် ဦးရှည်ကြီး(ခ) ဦးမောင်ကြီးမှာ သေဆုံးခဲ့ပြီး အတူလိုက်ပါ လာသူ ဒေါ်ဝေဝေ ၊ အေးမြင့်ဝေနှင့် မောင်ကူအေး ၊ မောင်ဝင်းမင်းအောင်တို့မှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။ဖြစ်စဉ်နှင့် ပတ်သက်၍ ကော့သောင်းမြို့ ရဲတပ်ဖွဲ့စခန်း ယာဉ်ထိန်း ရဲတပ်ဖွဲ့နှင့် တာဝန် ရှိသူများက ယာဉ်တိုက်မှု ပုဒ်မအရ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
Aye Chan Mon# Credit To : မြ၀တီ
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment