ACM Re-Post 29-5-2014
အင်္ဂလန် ခရစ်ယာန်အသင်းတော် အင်္ဂလီကန်ဘာသာရေးခေါင်းဆောင်က ပြည်သူအားလုံးကို တန်းတူညီမျှ ဆက်ဆံဖို့ ပါကစ္စတန်အစိုးရကို မေ ၂၈ ရက်နေ့က တိုက်တွန်း လိုက်ပါတယ်။
ပါကစ္စတန်နိုင်ငံတွင်း ခရစ်ယာန် လူ့အဖွဲ့အစည်းကို အားပေးထောက်ခံကြောင်း ပြသတဲ့အနေနဲ့ ပါကစ္စတန်ကို လာရောက်တဲ့ ခရီးစဉ်အတွင်း ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
Pakistanနိုင်ငံတွင်းက ခရစ်ယာန်လူ့အဖွဲ့အစည်းဟာ လက်နက်လူသူနဲ့ ၀န်းရံခံနေရတယ်လို့ ခံစားရသူတွေ အများအပြားရှိနေတယ်လို့လည်း ပြောပါတယ်။
ကင်တာဘာရီကျောင်းတော်က ခရစ်ယာန်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ဂျပ်စတင် ဝေလ်ဘီဟာ ပြီးခဲ့တဲ့ မေ ၂၇ ရက်နေ့က ပါကစ္စတန်နိုင်ငံကို ရောက်လာပြီး မွတ်စလင်နဲ့ အင်္ဂလီကန် ဘာသာရေး ခေါင်းဆောင်တွေကို တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။
ပါကစ္စတန်ရဲ့ ဘာသာရေးဖိနှိပ်မှု ဥပဒေတွေကြောင့် အာဏာပိုင်တွေဆီကရော မွတ်စလင် အိမ်နီးချင်းတွေဆီကပါ တိုက်ခိုက်မှု ခံနေရတယ်လို့ ခရစ်ယာန်တွေက ဆိုကြပါတယ်။
ဂိုဏ်းချုပ်ဘုန်းတော်ကြီးကတော့ အုပ်ချုပ်ရေးမှူးတွေနဲ့ရော ဘာသာရေးခေါင်းဆောင်တွေနဲ့ ပါ အစည်းအဝေးတွေအတွင်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
“ဘာသာရေးစော်ကားမှုဆိုင်ရာ ဥပဒေကို တလွဲသုံးမှုနဲ့ ပတ်သက်ပြီး လူတွေ စိတ်အနှောင့်အယှက် ဖြစ်နေကြတာ သိပ်ကို ရှင်းတယ်။ နို်င်ငံရေးလက်နက်အဖြစ်၊ နိုင်ငံရေးအခန်းကဏ္ဍအဖြစ် ဒါမှမဟုတ် အာရုံစိုက်မှုရဖို့အဖြစ် ဒါမှမဟုတ် လူရမ်းကား ကိစ္စအနေနဲ့ ဖြစ်ဖြစ် ဒီအရေးနဲ့ ပတ်သက်ပြီး အကြီးအကျယ် စိုးရိမ်မှုတွေ ရှိနေတယ်။”
ဆွန်နီဂိုဏ်းဝင် မွတ်စလင်တွေ ကြီးစိုးတဲ့ ပါကစ္စတန်နိုင်ငံမှာ လူဦးရေ သန်း ၁၈၀ နေထိုင်ပါတယ်။
ပါကစ္စတန်နိုင်ငံတွင်း ခရစ်ယာန်တွေနဲ့ တခြားလူနည်းစုတွေဟာ အိမ်နီးချင်းတွေကို နောက်ပြောင်တယ်၊ ဒါမှမဟုတ် မွတ်စလင်တွေကို သရော်တဲ့ ဖုန်းမက်ဆေ့ခ်ျ ပေးပို့မှုတွေ ရှိတယ် လို့ စွပ်စွဲခံရမှုတွေအတွက် ထောင်ချခံနေရပါတယ်။
Aye Chan Mon Credit To: DVB
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment