နေပြည်တော် ACM Re-Post 29-5-2014
နေပြည်တော် ကောင်စီနယ်မြေ ဇေယျာသီရိ မြို့နယ် ခေတ်အေး ကျေးရွာအုပ်စု ရင်ခွဲပင် ကျေးရွာ၌ မိုးအဆက်မပြတ် ရွာသွန်းပြီး မိုးကြိုး ပစ်ချခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ည ၇ နာရီခွဲခန့်တွင် ရင်ခွဲပင်ကျေးရွာနေ ကိုကျော်ဦး၊ မရွှေမြင့်မူ တို့၏နေအိမ်ကို မိုးကြိုးစက်ကွင်း ထိမှန်ရာ ကလေးများ အား ခြင်ထောင် ထောင်ပေးနေသော မရွှေမြင့်မူနှင့် အတူ ကလေး လေးယောက် အနီးရှိ ခေါင်းရင်းတိုင်ကို ထိမှန်ပြီး ထရံပေါက်ထွက် သွားကြောင်း သိရသည်။
အဆိုပါ မိုးကြိုးပစ်ချမှုကြောင့် လူထိခိုက် ဒဏ်ရာ ရရှိမှုမရှိဘဲ သုံးပင်ပတ်လည် အိမ်ရှိ အလယ်တိုင် တစ်လုံးနှင့် ထရံများသာ ပျက်စီး သွားခဲ့ကြောင်း သိရသည်။
Aye Chan Mon Credit To: မြ၀တီ
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment