ရန်ကုန်၊ACM Re-Post 29-5-2014
၂၈.၅.၂၀၁၄ ရက်နေ့ ၂၂၄၂ အချိန်ခန့်တွင် ဗဟန်းရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၁)ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်း၊ ကုက္ကိုင်းမီးပွိုင့်အနီးတွင် မော်တော်ယာဉ်
(၁)စီး မီးလောင်နေကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ
၉င/---- ဟိုက်ဂျက် လိမ္မော်ရောင်ကိုယ်ပိုင်ယာဉ်အား မီးလောင်
ကျွမ်းနေသည်ကို တွေ့ရှိရပါသည်။
ဖြစ်စဉ်မှာ ဒဂုံတောင်မြို့နယ်နေ ကိုအောင်ဇော်မြင့်သည် အဆိုပါ
ယာဉ်အားမောင်းနှင်လာပြီး ၂၂၄၀ အချိန်ခန့်တွင် ကုက္ကိုင်းမီးပွိုင့်
အရောက်မီးနီ၍ရပ်ထားစဉ် အင်ဂျင်ခန်းအတွင်းရှိ ၀ါယာကြိုးများ အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ၀ိုင်းဝန်းငြှိမ်းသတ်
ခဲ့သဖြင့် ၂၂၄၅ အချိန်တွင်မီးငြိမ်း သွားခဲ့ပါသည်။
ယင်းသို့ မော်တော်ယာဉ်မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် ကိုအောင်ဇော်မြင့်အား ဗဟန်းမြို့မရဲစခန်း (ပ)၂၂၆/၂၀၁၄၊
ပြစ်မှုပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။
Aye Chan Mon Credit To: Yangon Police
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment