0

ACM Re-Post 30-5-2014
Written by: အောင်ကျော်ထက်၊မင်းခန့်ဖြိုး

လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းခံရမှု ၁၈ လပြည့်တွင် ဒီမိုကရေစီအင်အားစုအဖွဲ့က ဘုရားဝတ်ပြု ဆုတောင်းမှုနှင့် ကြေးနီစီမံကိန်းအား ဖျက်သိမ်းပေးရန် ဆန္ဒထုတ်ဖော်မှုကို မေ၂၉ ရက် ညနေ ၄ နာရီတွင် ရန်ကုန်မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံအနီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်ရာတွင် ဒီမိုကရေစီအင်အားစုက လူအင်အား ၂ဝ ကျော်ဖြင့် ဆူးလေစေတီအား လက်ယာရစ် နှစ်ပတ်ပတ်ကာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေး၊ အကြမ်းဖက်ဖြိုခွင်းသူနှင့် အမိန့်ပေးစေခိုင်းသူကို အမြန်ဆုံးဖော်ထုတ်ရေး၊ သိမ်းဆည်းမြေယာ ပြန်လည်ရရှိရေး၊ မတရားဖမ်းဆီးထောင်ချမှု မပြုလုပ်ရေး” စသည့်ကြွေးကြော်သံများ ကြွေးကြော်ကာ ဆန္ဒထုတ်ဖော်ခဲ့သည်။


“လက်ပံတောင်းတောင်စီမံကိန်းမှာ ဖြစ်သလိုမျိုး နောက်ထပ်ရဟန်းသံဃာတွေကို မီးရှို့တာမျိုး မဖြစ်ရအောင်၊ ပြီးတော့ ပြည်သူတွေနဲ့ နိုင်ငံရေးသမားတွေကို မီးရှို့တာမျိုး နောက်ထပ်ဖြစ်လာမှာစိုးတဲ့အတွက် ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်တယ်။ ပြီးတော့ ခုလိုလုပ်တယ်ဆိုတာ မြန်မာ့သမိုင်းအဆက်ဆက်မှာ မရှိခဲ့ပါဘူး” ဟု ဒီမိုကရေစီအင်အားစုမှ ဦးဘမြင့်က ပြောကြားသည်။

ထို့ပြင် ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခဲ့သည့် လူတချို့မှာ မျက်နှာဖုံးများဝတ်ဆင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ “မျက်နှာဖုံးတွေ တပ်ရတယ်ဆိုတာ ရဟန်းသံဃာတွေရဲ့ မျက်နှာပေါ်က မီးလောင်ဒဏ်ရာတွေကြောင့် အကျည်းတန်အရုပ်ဆိုးသွားတာကို သရုပ်ဖော်ပြသချင်တာပါ။ နောက်ပြီး အစိုးရနဲ့ ဝမ်ပေါင်အစား ရှက်လို့ ခုလိုဝတ်ဆင်ပြီး ဆန္ဒထုတ်ရတာပါ” ဟု ဒီမိုကရေစီအင်အားစု မှ ဦးဘမြင့်က ဆက်လက်ပြောကြားသည်။


၎င်းအပြင် လက်ပံတောင်းတောင် သပိတ်စခန်းအကြမ်းဖက်ခံရမှု ၁၈ လပြည့် အထိမ်းအမှတ်အနေဖြင့် အကြမ်းဖက်ခံခဲ့ရသော ရဟန်းရှင်ပြည်သူတို့အတွက် ကျိန်စာသင့်ဝတ်ပြုဆုတောင်းမှုကို ဆူးလေစေတီပေါ်၌ ထပ်မံပြုလုပ်ခဲ့ကြောင်း သိရသည်။


လက်ရှိအချိန်တွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ ထွက်ရှိသော စွန့်ပစ်ပစ္စည်းပါမြေများကို လူနေကျေးရွာများအနီးတွင် စွန့်ပစ်ထားသောကြောင့် အပင်ကြီးများ သေခြင်း၊ အဆိုပါ မြေကြီးများတွင် အပင်များမပေါက်ခြင်းများ ရှိနေသည့်အပြင် အခြားဘေးထွက်ဆိုးကျိုးများကို ဒေသခံပြည်သူများအနေဖြင့် လေထု၊ ရေထု၊ မြေထုများမှ တစ်ဆင့် ခံစားနေရကြောင်း သိရသည်။

ဒီမိုကရေစီအင်အားစုအဖွဲ့က လက်ပံတောင်းတောင်သပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းခံရမှု ၁၈ လပြည့်အဖြစ် မေ၂၉ ရက် ညနေ ၄ နာရီတွင် ရန်ကုန်မြို့တော်ခန်းမနှင့် ဆူးလေစေတီအနီး ဆန္ဒထုတ်ဖော်နေကြစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)


ဆူးလေဘုရားပေါ်တွင် ၀တ်ပြုဆုတောင်းနေကြစဉ်

Aye Chan Mon Credit To: Eleven Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
 (4 photos)

Post a Comment

 
Top