0

ACM Re-Post 30-5-2014
Written by: ကျော်ထင်

ရန်ကုန်မြို့ရှိ ရှေးဟောင်းသမိုင်းဝင် ဗိုလ်ချုပ်အောင်ဆန်းဈေးသို့ နိုင်ငံခြားသား ခရီးသွားဧည့်သည် ပိုမိုလာရောက်နိုင်ရန် ရုံးပိတ်ရက်ဖြစ်သည့် ခရစ္စမတ်နေ့၊ ကရင်နှစ်သစ်ကူးနေ့အပါအဝင် စုစုပေါင်းလေးရက်အား ယခုနှစ်မှစတင်၍ ဈေးပိတ်တော့မည် မဟုတ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာန၏ ကြေညာချက်အရ သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းဈေးသို့ လာရောက်သော နိုင်ငံတော်ဧည့်သည်များ၊ နိုင်ငံခြားသားခရီးသွားဧည့်သည်များ ပိုမိုအဆင်ပြေစွာ လာရောက်နိုင်ရန် ရည်ရွယ်၍ ယခင်နှစ် ပိတ်ရက်များအဖြစ် သတ်မှတ်ခဲ့သော ခရစ္စမတ်နေ့၊ ကရင်နှစ်သစ်ကူးနေ့၊ ဘဂ္ဂဒီးအစ်နေ့၊ ဒီပါဝလီနေ့များကို ယခုနှစ်မှစတင်၍ ဈေးဖွင့်ရက်အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါလေးရက်မှလွဲ၍ ကျန်ရှိသည့် အများပြည်သူရုံးပိတ်ရက်များတွင် ဈေးပိတ်မည်ဖြစ်ကြောင်း၊ ယခုလက်ရှိတွင် ဗိုလ်ချုပ်အောင်ဆန်းဈေးကို အပတ်စဉ် တနင်္လာနေ့တိုင်း ပုံမှန်ပိတ်လေ့ရှိသည်။

ရှေးဟောင်းဈေးကြီးတစ်ခုဖြစ်သောကြောင့် နိုင်ငံခြားသားခရီးသွားဧည့်သည်များ စိတ်ဝင်တစား လာရောက်ကြသည့် နေရာတစ်ခုဖြစ်လာပြီး နှစ်ပေါင်းများစွာ ကြာမြင့်မှုကြောင့် ယိုယွင်းမှုများရှိလာသော ဈေးကြီးအား ၂ဝ၁၁ နှစ်ကုန်ပိုင်းတွင် ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်ခဲ့ပြီး ပြီးခဲ့သည့် ၂ဝ၁၃ နှစ်ကုန်ပိုင်းမှစတင်၍ ဈေးကြီးအား ငွေကျပ်သိန်းပေါင်း ၃ဝဝဝ ကျော် အကုန်အကျခံ၍ အကြီးစားပြင်ဆင်ခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်ဈေးအတွင်းသို့ လာရောက်သည့် နိုင်ငံခြားသား ခရီးသွားများအား တွေ့ရစဉ်

Aye Chan Mon Credit To: Eleven Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top