0

ACM Re-Post 26-5-2014

တစ်ခါကတောထဲက ယုန်တစ်ကောင်ဟာ အခြားယုန်တွေနဲ့ မတူဘဲ လောဘအရမ်းကြီးသတဲ့။ သူဟာ အခြားယုန်တွင်းတွေလို တစ်တွင်းထဲတူးတာမဟုတ်ဘဲ တွင်းသုံးတွင်းကို တူးပါတယ်။

အခြားယုန်တွေက တွင်းတစ်တွင်းထဲကို သူတို့စားဖို့ အစာတွေစုကြတယ်။ သစ်ရွက်ခြောက်တွေ အသုံးအဆောင်တွေ စုကြတယ်။ ဒါပေမယ့် သူကတော့ ပင်ပန်းကြီးစွာနဲ့ အစာတွေကို တွင်းသုံးတွင်းထဲကို စုဆောင်းရတယ်။ သူများအလုပ် တစ်ဆ လုပ်ရင် သူက ၃ဆ လုပ်တာပေါ့လေ။

ဒီလိုနဲ့ တခြား ယုန်တွေက ကိုယ့်တွင်းထဲမှာ ကိုယ်အိပ်ကြပေမယ့် သူကတော့ တွင်းသုံးခုရှိတဲ့အတွက် အိပ်မပျော်ဘူး။သူ့အစာတွေကို ခိုးမှာ ကြောက်တဲ့အတွက် ဒီဖက်ကျင်းသွားကြည့်လိုက် ခဏကြာရင် ဟိုဖက်ကျင်းသွားကြည့်လိုက်နဲ့ အနည်းငယ်သာ အိပ်ရပြီး မနက်ဆိုရင်လဲ အစာတွေ စုပြန်ရော

တခြားယုန်တွေကတော့ သူတစ်ယောက်ထဲ ဒီအစာတွေ စုနေတာ ဘာလို့လဲ။ သူဖို့ကတော့ ကောင်းကောင်းလုံလောက်နေရဲ့သားနဲ့ အစာတွေစုနေတယ်ပေါ့။

ဒီလိုနဲ့ ဒီယုန်ဟာ အိပ်ရေးတွေပျက်နဲ့ အားအင်ချည့်နဲ့ပြီးတော့ နေမကောင်းဖြစ်ပါတော့တယ်။ နေမကောင်းဖြစ်တဲ့အခါမှာ တခြားယုန်တွေက ဆရာဝန်ခေါ်လာကြတယ်။ နောက်ဆုံးတော့ အဲဒီယုန် သေဆုံးသွားပါတယ်။ သူသေသွားတဲ့အခါ သူ့အစာတွေကို အခြားယုန်တွေက အသုဘမှာ စားသောက်လိုက်ကြပါတယ်။

ပုံပြင်လေးကတော့ အနောက်တိုင်းပုံပြင်လေးပါ။
ဒီပုံပြင်လေးရဲ့ ဆိုလိုရင်းကတော့ လောဘရှိပါ ဒါပေမယ့် တရားလွန်မကြီးထွားပါစေနဲ့ ပြီးတော့ ကိုယ်ရှာထားတဲ့ ဥစ္စာတွေကို အကျိုးရှိရှိ အသုံးချသင့်တယ် မဟုတ်ရင် သေသွားတဲ့အခါ ကိုယ့်ရဲ့ ဥစ္စာတွေက ဘာမှမပါသွားဘူးပေါ့လေ

မြန်မာအယူအဆဆိုရင်တော့ ဒါန ပြုရင်းနဲ့ ကုသိုလ်တရားပွားမြားနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီယုန်လေးလို မပြုမူကြပါနဲ့ လို့ဆန္ဒပြုပါတယ်

မောင်စိုင်း

Aye Chan Mon Credit To:နည်းစနစ်ကျကျအတွေးအခေါ်
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
1

Post a Comment

 
Top