0


No.375 Sunday, May 11, 2014 [nid:10434]
Author: နေလင်းထွန်း
Location: ရန်ကုန်

မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေးတိုးတက်မှုတွင် တပ်မတော်၏ ထင်ရှားသော ထောက်ပံ့မှုကို မြင်တွေ့ခွင့်ရရန် အမေရိကန်၏ စိတ်ဝင်စားမှုကို တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့် တွေ့ဆုံစဉ် အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန် ကြီးက ပြောဆိုခဲ့ကြောင်း အမေ ရိကန်သံရုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာန၊ လက်ထောက်နိုင်ငံ ခြားရေးဝန်ကြီး မစ္စဆာရက်ဆီး ဝေါသည် မေလ ၇ ရက်မှ ၁၀ ရက်ထိ ရန်ကုန်၊ နေပြည်တော်၊ မြစ်ကြီးနားနှင့် မန္တလေးမြို့တို့သို့လာ ရောက်၍ ဒုတိယသမ္မတဦးဉာဏ် ထွန်း၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်၊ ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိမ်း၊ ဦးအောင်မင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ အရပ်ဘက်အဖွဲ့အစည်းများ၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ သည်။

‘‘ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးတိုးတက်မှုမှာ တပ် မတော်ရဲ့ထင်ရှားတဲ့ ထောက်ပံ့မှု ကို မြင်တွေ့ရဖို့ အမေရိကန်က စိတ်ဝင်စားကြောင်း ကျွန်မပြော ခဲ့တယ်။ အဲဒါကတော့ ပွင့်လင်း မြင်သာမှု၊ တာဝန်ယူမှု၊ လူ့အခွင့် အရေးကျင့်သုံးမှုနဲ့ အရပ်သား တွေ စုရုံးဆန္ဒထုတ်ဖော်မှုကို ခွင့် ပြုပေးဖို့တွေ ပါဝင်ပါတယ်။ ကလေးစစ်သားစုဆောင်းမှုတိုက် ဖျက်ရေးနဲ့ ငြိမ်းချမ်းရေးရဲ့ အရေး ကြီးမှုတွေအပေါ် ကာကွယ်ရေးဦး စီးချုပ်ရဲ့ မှတ်ချက်တွေကြောင့် ကျွန်မအားတက်ရပါတယ်’’ဟု မစ္စဆာရက်ဆီးဝေါကဆိုသည်။

ပြည်သူအားလုံး၏ လူ့အခွင့် အရေးကို အာမခံရေး၊ အမုန်း စကားများ တိုက်ဖျက်ရေး၊ ကွဲ ပြားခြားနားမှုကို လေးစားရေးနှင့် သည်းခံမှုကို မြှင့်တင်ရန် ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံအစိုး ရအား တိုက်တွန်းအားပေးပြီး အမေရိကန်နိုင်ငံအနေဖြင့် သမိုင်းဝင်ပြုပြင်ပြောင်းလဲရေးအားထုတ်မှု အတွက် အရပ်ဘက်အဖွဲ့အ စည်းခေါင်းဆောင်များနှင့် အစိုးရကို ဆက်လက်ထောက်ပံ့သွားမည် ဖြစ်ကြောင်း ၎င်း၏ ပြောဆိုမှုကို ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

Aye Chan Mon# Credit To :7Day News Journal
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top