ကမ်းနားလမ်းနှင့် အလုံလမ်းထောင့်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးပိုင် ပန်းဥယျာဉ်ဌာန၏ မော်တော်ယာဉ်ဝင်းကို ရွှေတောင်ကုမ္ပဏီသို့ မည်သည့် တင်ဒါခေါ်ယူမှုမှ မရှိပဲ လက်သိပ်ထိုး ပေးအပ်လိုက်ကြောင်း သတင်းရရှိသည်။
အဆိုပါမြေမှာ ကမ်းနား လမ်းမကြီးပေါ်တွင်ရှိပြီး အလုံမြို့နယ် အားကစားကွင်း (ယခု ယာယီ ဆင်မင်းဈေး)နှင့် တစ်ဆက်တည်း နေရာတွင်ရှိသော မြေဖြစ်ကာ အကျယ်အ၀န်းမှာ သုံးဧကခန့်ရှိကြောင်းနှင့် လက်ရှိပေါက်ဈေးအရ ကာလတန်ဖိုး ကျပ်သိန်းပေါင်း တစ်သိန်းကျော် တန်ကြေးရှိသည့် အဆိုပါ မြေနေရာအား မည်သည့် စီမံကိန်း လုပ်ရန် ပေးအပ်လိုက်သည်ဟုလည်း စည်ပင်က တရားဝင် ကြေညာခြင်း မရှိသေးကြောင်း သိရသည်။ ရွှေတောင်ကုမ္ပဏီသည် လေဟာပြင်ဈေးနှင့် ယခင်ကြံတော သုဿာန်ဝင်း (ယခု Junction Square) အပါအ၀င် ရန်ကုန်မြို့ရှိ အချက်အခြာ နေရာ အားလုံးလောက် နီးပါးအား မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုချက်ဖြင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ခွင့်များ ရရှိထားသည့် အခွင့်ထူးခံ ကုမ္ပဏီ တစ်ခုလည်း ဖြစ်သည်။
မြေနေရာများနှင့် ပတ်သက်၍ အလုံမြို့နယ်တွင် နေထိုင်သူ တစ်ဦးက “ဘောလုံးကွင်း မြေနေရာ တစ်ချို့တစ်ဝက်ကို ဓါတ်ဆီဆိုင်ဖွင့်ဖို့ ဖဲ့ပေးလိုက်ရတဲ့ အတွက် ဒီနေရာကို စည်ပင်က စွန့်လွှတ်ရင်တောင် အားကစားကွင်းမြေ အဖြစ်ပဲ သတ်မှတ်သင့်တယ်။ အခုတော့ မြို့ပြစီမံကိန်း လုပ်တာလဲ မဟုတ်ပဲ ဒီမြေကို ရွှေတောင်ကုမ္ပဏီကို လက်သိပ်ထိုး ပေးလိုက်တယ် ဆိုတာက သမ္မတကြီး ပြောပြောနေတဲ့ သန့်ရှင်းသော အစိုးရဆိုတဲ့ စကားကို လုံးဝဆန့်ကျင်တာပဲ။ သိသလောက် ပြောရရင် အစိုးရ ဌာနတွေ ဘာပဲလုပ်လုပ် အိတ်ဖွင့်တင်ဒါ ခေါ်ရမယ်လို့ အစိုးရရုံးက ညွှန်ကြားထားတယ်။ အခု ဘာတင်ဒါမှလည်း မခေါ်ဘူး။ ဘာလုပ်မှန်းလဲ မသိဘူး။ ရွှေတောင် ကုမ္ပဏီကတော့ အဲဒီနေရာကို ခြံစခတ်နေပြီ”ဟု ပြောခဲ့သည်။
www.tomorrow.com.mm
ACM Credit To: Tomorrow
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ယုံဖြင့်သတင်းအစုံကိုဖတ်နိ
https://www.facebook.com/
http://
Post a Comment