၁။ ပဏ္ဏာကာရ- ရွှေ ငွေ ပစ္စည်းဥစ္စာပေး၍ဖြစ်စေ၊ ကျေးကျွန်
သို့မဟုတ် အမျိုးသမီးများဖန်တီးပေး၍ဖြစ်စေ
အရာရောက်သူတွေက ကိုယ့်မျက်နှာသာပေးအောင် လုပ်ယူခြင်း၊
ကိုယ်လိုချင်တာရရှိရေးအတွက် ကွက်ကျော်ရိုက်ဖို့
ကြိုးစားခြင်းသည်လည်း လာဘ်ထိုးခြင်းတစ်မျိုး၊
၂။ ၀လ္လဘာကာရ- အရေးပါသူကို ခင်မင်ရင်းနှီးအောင်
ပေါင်းသင်း၍ ကိုယ်လိုရာကို မရ ရအောင် ကုတ်ကပ်ယူဖို့
ကြိုးစားခြင်းသည်လည်း လာဘ်ထိုးခြင်းတစ်မျိုး၊
၃။ မေတ္တာကာရ- မေတ္တာတရားဖြင့်ဖြစ်စေ၊
မှန်မှန်ကန်ကန် ပြုလုပ်ပြောဆိုလေ့ရှိသည့်
သစ္စာတရားဖြင့်ဖြစ်စေ၊
တည်ကြည်ငြိမ်သက်မှု သမာဓိတရားဖြင့်ဖြစ်စေ၊
ကိုယ်တတ်သည့်ပညာစွမ်းဖြင့်ဖြစ်စေ၊
ကိုယ့်အပေါ် အထက်လူတွေ မျက်စိကျလာအောင် ၊
လေးစားယုံကြည်လာအောင် ပြုလုပ်လျက် ၊
ယုံကြည်မှုရလာသည့်အခါ ကိုယ်လိုချင်တာလုပ်ယူမည်ဟု
ကြိုးစားခြင်းသည်လည်း လာဘ်ထိုးခြင်းတစ်မျိုးတဲ့။
ဒီထဲမှာ နံပါတ် (၁)သည်သာ အဆိုးဝါးဆုံး။
(၂)က ရံခါ မလုပ်မဖြစ်သည့်ကိစ္စ၊ အလွန်အကျွံ့ဖြစ်လာပြီး
အထက်ဖားအောက်ဖိဖြစ်လာလျှင်တော့ မလုပ်သင့်သည့်ကိစ္စ။
(၃)ကတော့ လုပ်သင့်လုပ်ထိုက် လုပ်ရမည့်ကိစ္စ၊
သို့သော် ကိုယ့်အပေါ် ယုံကြည်မှု၊ ရထားတဲ့လုပ်ပိုင်ခွင့်တွေကို
အခွင့်အရေးယူ၍ အလွဲသုံးစားလုပ်လျက်
ကိုယ်နဲ့ထိုက်တန်သည်ထက်ပို၍ မတရားသဖြင့်
လုပ်ယူမည်ဆိုလျှင် (၃)ကလဲ “အပြစ်မကင်း”။
လိုရင်းမှာ မတရားသောအခွင့်အရေးကို ရအောင်
ယူဖို့ကြိုးစားသည့်အနေဖြင့် လာဘ်ထိုးခြင်းသည် မကောင်းသော
လာဘ်ထိုးခြင်းသာဖြစ်တယ်။
-【ဒေါက်တာအရှင်ပါရမီ 】
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm
ACM Credit To:Young Buddhist's Association
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ယုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment