ရန်ကုန်။ ။မေ(၂၁)။၂၀၁၄
အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ(NDF) ခေါင်းဆောင် ဒေါက်တာ သန်းငြိမ်းသည် အသည်းကင်ဆာဖြင့် ယမန်နေ့ နံနက် ခုနာရီခန့်က ပင်လုံဆေးရုံကြီးတွင် ကွယ်လွန်သွားခဲ့ကြောင်း ယင်းပါတီမှ သတင်းရရှိသည်။
“ဒေါက်တာသန်းငြိမ်း ကွယ်လွန်ခဲ့တဲ့တွက် ကျွန်တော်တို့အမြို့မြို့အနယ်နယ်
မှာရှိတဲ့ပါတီဝင်တွေအကုန်လုံး တက်ရောက်ပြီးတော့ ဂါဝရပြုကြမှာပါ” ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF)ပါတီ ဥက္ကဌ ဦးခင်မောင်ဆွေ
က ပြောသည်။
ဒေါက်တာသန်းငြိမ်းသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်
အဖြစ် ၁၉၈၈ ခုနှစ်မှစတင်တာဝန်ထမ်းဆောင်ခဲ့သည်။ စစ်အစိုးရ၏(၁၈)နှစ်
ခန့်ဖမ်းဆီးအကျဉ်းချခြင်းခံခဲ့ရသလို ပြန်လည်လွတ်မြောက်လာသောအခါတွင်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တွင်ပင် ဆက်လက်တာဝန်ထမ်းဆောင်
ခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့်အမြင်
မတူမှုများ ရှိခဲ့သဖြင့် NLD မှခွဲထွက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီ အင်အားစု
ပါတီ ကို တည်ထောင်ခဲ့သည်။
ထိုသို့တည်ထောင်ခဲ့ပြီးနောက် ယင်းပါတီတွင် ဥက္ကဌအဖြစ် တာဝန်ယူ
ခဲ့သော်လည်း ကျန်းမာရေးအခြေအနေကြောင့် ပါတီဥက္ကဌ ရာထူးကို ဦးခင်မောင်ဆွေအား လွှဲပြောင်းပေးခဲ့သည်။
ဒေါက်တာသန်းငြိမ်းသည် ပြီးခဲ့သည့် နှစ်ပတ်ကျော်ခန့်က အိန္ဒိယနိုင်ငံ နယူးဒေလီဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှု ခံယူပြီးနောက်
မြန်မာနိုင်ငံရှိ ပင်လုံဆေးရုံ၌ ဆက်လက်ဆေးကုသမှု ခံယူနေစဉ်
မေလ(၂၁)ရက် နံနက်(၇း၀၀) ခန့်တွင် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ တွေ ရဲ့ ပါတီအလံကို ၀မ်းနည်းခြင်း အထိမ်းအမှတ်နဲ့ တ၀က်လွှင့်ထူဖို့ စီစဉ်ထားပါတယ်” ဟု ပါတီဥက္ကဌ ဦးခင်မောင်ဆွေက
ပြောသည်။အမျိုးသားဒီမိုကရေစီ အင်အားစုပါတီခေါင်းဆောင်
ဒေါက်တာသန်းငြိမ်းသည်ကွယ်လွန်ချိန်၌ အသက်(၇၆)နှစ်ရှိပြီဖြစ်
သည်။ဒေါက်တာသန်းငြိမ်း၏ဈာပနာကို မေလ(၂၃)ရက်နေ့တွင် ရေဝေးသု
သာန်သို့ ပို့ဆောင်သင်္ဂြိုဟ်သွားမည် ဖြစ်ကြောင်းသိရသည်။
ACM Credit To:Messenger News Journal
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ယုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment