ရန်ကုန် ၊ ၅-၅-၂၀၁၄
၂၀၁၄ - ၂၀၁၅ ပညာသင်နှစ် အတွက် ရန်ကုန်တက္ကသိုလ် ဘွဲ့လွန် အသုံးချ ဘူမိဗေဒ ဒီပလိုမာ တစ်နှစ်သင်တန်း ကို ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် အထူးပြု ဘာသာရပ်များ ဖြစ်သည့် Economic & Mining Geology, Exploration Geochemistry, Exploration Geophysics, Gemmology, Hydrogeology, Engineering Geology, Petroleum Geology စသည့် ဘာသာရပ်များ ဖွင့်လှစ်မည် ဖြစ်သည်။ အထူးပြု ဘာသာရပ် သင်တန်း တစ်ခုခု တပ်ရောက်ရန် လျှောက်ထား လိုသူများ အနေဖြင့် အနိမ့်ဆုံး ပညာ အရည်အချင်း မှာ ဘူမိဗေဒ ဘာသာရပ်ဖြင့် ဘွဲ့ရပြီး မဟာသိပ္ပံ အရည်အချင်းစစ် သင်တန်းသို့ တက်ရောက်ရန် အဆင့်မီသူ ဖြစ်ရမည် ဖြစ်ပြီး ဘူမိဗေဒ ဘာသာရပ်ဖြင့် သိပ္ပံဘွဲ့ရ ဘူမိဗေဒ ဆိုင်ရာ လုပ်ငန်းခွင် မှ ၀န်ထမ်းများ သည် သက်ဆိုင်ရာ လုပ်ငန်း၌ အမြဲတမ်း လုပ်သက် ၂ နှစ်ရှိပြီး ဌာနဆိုင်ရာ အကြီးအကဲ၏ တရားဝင် ခွင့်ပြုမိန့် ရရှိသူ များသာ လျှောက်ထား နိုင်မည် ဖြစ်သည်။
လျှောက်လွှာများကို ၂၀၁၄ ခုနှစ် မေလ ၂၀ ရက် နောက်ဆုံးထား လျှောက်ထား ရမည် ဖြစ်သည်။ အသေးစိတ် သိရှိလိုပါက ဘွဲ့လွန် အသုံးချ ဘူမိဗေဒဌာန ( လှိုင်တက္ကသိုလ် နယ်မြေ ) တွင် စုံစမ်း နိုင်ကြောင်း သိရှိရသည်။
Aye Chan Mon# Credit To : The Myawady Daily
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
Post a Comment