0
"၄၃၆ ပြင်ဆင်ရေး လူထုဆန္ဒများ ရှင်းရှင်းလင်းပေါ်လာသည့် အချိန်တွင် ပြည်သူ့ဆန္ဒအား မည်သူက အလေးထားသည်ကို ရှင်းရှင်းလင်း ပေါ်လာတော့မည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို."

ACM Re-Post 30-5-2014

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် လူထုဆန္ဒများ ရှင်းရှင်းလင်းပေါ်လာသည့် အချိန်တွင် ပြည်သူ့ဆန္ဒအား မည်သူက အလေးထားသည်ကို ရှင်းရှင်းလင်း ပေါ်လာတော့မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့လွှတ်တော် တွင် သတင်းမီဒီယာများနှင့် တွေ့ဆုံမှုတွင် ပြောကြားလိုက်သည်။

ွှThe Street View ဂျာနယ်ဧ။် မေးမြန်းမှုကို ဖြေကြားရာတွင် ယခုလိုပြောဆိုခဲ့ခြင်းဖြစ်သည်။

မေး။ ။အခုချိန်မှာ ၄၃၆ ပြင်ဆင်ရေးကို လက်မှတ်ထိုးတောင်းဆိုမှုတွေရှိနေတော့ နောက်ပိုင်းမှာ ပြည်သူတွေရဲ့ ဆန္ဒက ရှင်းရှင်းလင်းပေါ်လာတော့မယ်ပေါ့။ တစ်ဖက်မှာလည်း တပ်မတော်သားကိုယ်စားလှယ်တွေရော အုပ်ချုပ်ရေးပိုင်းကရော ၄၃၆ ကိုပြင်ချင်ရင် ၄၃၆ မှာ ပေးထားချက်အတိုင်းပဲ ပြင်ရမယ်လို့ ပြောနေတယ်။ အဲ့တော့ တကယ်လို့ ပြည်သူ့ဆန္ဒတွေ ရှင်းရှင်းလင်းလင်းပေါ်လာရင် တပ်မတော်ဘက်ကရော အုပ်ချုပ်ရေးဘက်ကရော ပြည်သူဆန္ဒကို ဘယ်လိုမျိုး ဆောင်ရွက်ပေးဖို့လိုမလဲ

ဖြေ။ ။အဲ့ဒီမှာပေါ့ ပြည်သူတွေရဲ့ ဆန္ဒရှင်းရှင်းလင်းလင်းပေါ်လာတဲ့ အချိန်မှာ ပြည်သူတွေရဲ့ ဆန္ဒကို ဘယ်သူတွေက အလေးထားသလဲဆိုတာ ရှင်းရှင်းလင်းလင်းပေါ်လာတော့မှာပေါ့ အဲ့ဒါတော့ အများကြီးအရေးကြီးပါတယ်။ဘာဖြစ်လို့လည်း ဆိုတော့ ဒီနိုင်ငံကနေပြီးတော့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလမ်းကို လျှောက်နေတယ်လို့ ပြောတာပဲ။ ဒါပေမယ့် အဲ့ဒီလိုပြောပြီးတော့ ကမ္ဘာရဲ့ အထောက်အကူတွေ၊ အထောက်အပံ့တွေ ပံ့ပိုးမတွှေုအားပေးမှုတွေရနေတယ်။ အဲ့တော့ တကယ်ပဲဒီလမ်းကို လျှောက်နေသလားဆိုတာ ဒီကိစ္စက အများကြီးပေါ်လွင်စေမယ်ဆိုတာတော့ အန်တီတို့ယုံကြည်တယ်။ နောက်တစ်ခုက လူတစ်စုတစ်ဖွဲ့ကနေပြီးတော့ အများပြည်သူထက်ပိုပြီးတော့ ဒီနိုင်ငံအတွက် ဘာသင့်တော်တယ်ဆိုတာကို သိပါတယ်ဆိုတာက ဒီမိုကရေစီအမြင်မဟုတ်ဘူး။အခရာက ပြည်သူမဟုတ်ဘူး အုပ်ချုပ်တဲ့ တစ်စုတစ်ဖွဲ့ကသာ ဆုံးဖြတ်ပိုင်ခွင့် ရှိတယ် ဒီတစ်စုတစ်ဖွဲ့ကသာဒီနိုင်ငံအတွက် အဓိကကျတဲ့ ဆုံးဖြတ်ချက်တွေ လုပ်ပိုင်ခွင့်ရှိတယ်ဆိုကတည်းက ဘယ်မှာလဲ ဒီမိုကရေစီ။ဒီမိုကရေစီဆိုတဲ့ စကားနဲ့ကို ဖီလာဆန့်ကျင်နေတယ်။ ပြည်သူ့ဆန္ဒက ဘာလဲဆိုတာ သိရဲ့နဲ့ ဆန့်ကျင်တယ်ဆိုရင် ဒါ ဒီမိုကရေစီလမ်းကြောင်းကို သွားနေတာမဟုတ်ဘူးဆိုတာတော့ ရှင်းရှင်းလင်းလင်းပြရာရောက်ပါတယ်။

Aye Chan Mon Credit To: The Street View
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
1

Post a Comment

 
Top