မန္တလေး ၊ ၆-၅-၂၀၁၄
မန္တလေးတိုင်း ဒေသကြီး အတွင်း အပူလွန်ကဲ ရောဂါခံစား ခဲ့ရ၍ တိုင်းဒေသကြီး အတွင်းရှိ ဆေးရုံအသီးသီး သို့ တက်ရောက် ကုသခဲ့သည့် လူနာ အရေအတွက် မှာ ဧပြီလ ၂၁ ရက်မှ မေလ ၂ ရက်အထိ ရက်သတ္တပတ် နှစ်ပတ်အတွင်း စုစုပေါင်း ၇၁ ဦး ရှိရာတွင် ၇ ဦး သေဆုံး ခဲ့ကြောင်း သိရသည်။
မန္တလေးမြို့ ၏ နေ့အပူချိန်မှာ ဧပြီလ တတိယပတ် အတွင်းက ၄၂ ဒီဂရီ စင်တီဂရိတ် အထိ မြင့်တက်ခဲ့ သော်လည်း မေလဆန်း ပိုင်းတွင် ၃၉ ဒီဂရီ စင်တီဂရိတ် သို့ ကျဆင်း လာလျက် ရှိကြောင်း မိုးလေ၀သ နှင့် ဇလဗေဒ ဦးစီးဌာန (မန္တလေး) မှ သိရသည်။
နေ့အပူချိန် လျော့ကျ လာမှုကြောင့် မန္တလေးမြို့ ရှိ ဘုရားကျောင်းများ ၊ ဘုန်းကြီးကျောင်း များတွင် နွေအပူရှောင် အေးရိပ်ခိုလှုံ နေသူ အရေအတွက် မှာလည်း နည်းပါး သွားပြီ ဖြစ်ကြောင်း သိရသည်။ (၀၅၀)
Aye Chan Mon# Credit To : The Myawady Daily
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment