0

ခင်နှင်းကြည်သာ (မြစ်မခ) ၊ ရန်ကုန်၊ မေ ၂

ကရင်အမျိုးသားအစည်းအရုံး KNU က ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးခေါင်း ဆောင်များနှင့်တွေ့ဆုံရန် စီစဉ်လျက်ရှိပြီး ယင်းသို့တွေ့ ဆုံရာတွင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကို ထည့်သွင်းဆွေးနွေးမည်ဟု KNU ဗဟိုကော်မတီဝင် ပဒိုစောလှထွန်း၏ ပြောကြားချက်အရ သိရသည်။

KNU ဒုတိယဥက္ကဋ္ဌ နော်စီဖိုးရာစိန် ဦး ဆောင်သည့်အဖွဲ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း မှခေါင်းဆောင်များဖြင့် မေလပထမအပတ်အတွင်း တွေ့ ဆုံနိုင်ရန် စီစဉ်နေခြင်းဖြစ်သည်။

''ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးအ တွက် အားလုံးပါဝင်ပြီး အားလုံးကိုအခြေခံရမှာ ဖြစ်တဲ့ အတွက် တွေ့ဆုံမှုတွေက ပိုပြီးတော့တွန်းအားဖြစ်စေဖို့ ပါ''ဟု KNU က နိုင်ငံရေးခေါင်းဆောင်များဖြင့် တွေ့ ဆုံရရန် စီစဉ်ရခြင်းနှင့်ပတ်သက်၍ ပဒိုစောလှထွန်း ကပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အပြင် ကရင်လူထု၏ သဘောထားများနှင့် အနာဂတ်တွင် ငြိမ်း ချမ်းရေး တည်ဆောက်မည့်ပုံစံများကိုလည်း ထည့်သွင်း ဆွေးနွေးမည်ဖြစ်သည်။ KNU က ၂ဝဝ၈ ဖွဲ့စည်းပုံအ ခြေခံဥပဒေအား တဖြည်းဖြည်းခြင်း ပြင်ဆင်သွားသည့် ပုံစံဖြင့်သာ ပြောင်းလဲရန်ဆန္ဒရှိသည်ဟု KNU ဗဟို ကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုး ဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့က လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဟု ကြေညာချက်များ ထုတ်ပြန် ထားသည်။ NLD နှင့် ၈၈ မျိုးဆက်အဖွဲ့တို့က ဦး ဆောင်ပြီး အခြေခံဥပဒေပြင်ဆင်ရေး လူထုဆန္ဒထုတ် ဖော်ပွဲများကိုလည်း နိုင်ငံအနှံ့ ကျင်းပလျက်ရှိသည်။

KNU ဥက္ကဋ္ဌ မူတူးစေးဖိုးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကလည်း ဧပြီလ နောက်ဆုံးပတ် အတွင်းက 'ဝ'ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ(၄) တို့နှင့် တွေ့ဆုံခဲ့ရာတွင်လည်း ၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးကို ထည့်သွင်းဆွေးနွေးခဲ့သည်ဟု KNU ဥက္ကဋ္ဌရုံးအတွင်းရေးမှူး စောတာမူလာက ဆိုသည်။

''တိုင်းရင်းသားတန်းတူညီမျှရေးရဖို့လဲ ၂ဝဝ၈ ဖွဲ့စည်းပုံ ပြောင်းလဲပြင်ဆင်ရန်လိုတယ်ဆိုတဲ့ကိစ္စ ပြော ဖြစ်ကြတယ်''ဟု စောတာမူလာက ပြောသည်။
---------------------------------------------------------------------------
Flower News Journal ၊ အတွဲ ၁၀ ၊ အမှတ် ၁၇

Aye Chan Mon# Credit To : Yangon Media Group
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top