0

ကချင်၊ မေ ၅-ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများ ၌ အစိုးရတပ်များနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တို့အပြန်အလှန်ပစ်ခတ်မှုများ ယခုရက်ပိုင်းအတွင်း ပြန်လည်ဖြစ်ပွားခဲ့သည်ဟု တာဝန် ရှိသူများနှင့်ဒေသခံများထံမှ သိရ သည်။

''ဧပြီ ၁၇ ရက်ကနေစပြီး ပြန် ငြိမ်သွားပြီး မနေ့တစ်နေ့ကတော့ တိုက်ပွဲတစ်ကြိမ်၊ နှစ်ကြိမ်လောက် ပြန်ဖြစ်ပွားတာရှိတယ်။ တပ်မတော် အနေနဲ့ စစ်ရှိန်လျှော့ချတဲ့ သဘော တူညီချက် လိုက်နာတဲ့အနေနဲ့လိုက် ပြီး ပစ်တာခတ်တာမျိုး မရှိပါဘူး။ တစ်ဖက်က ပစ်တဲ့အခါ တုံ့ပြန်ပစ် ခတ်တာမျိုးတော့ရှိတယ်''ဟု မြောက် ပိုင်းတိုင်းစစ်ဌာနချုပ်မှ အဆင့်မြင့် အရာရှိတစ်ဦး က ပြောသည်။

အဆိုပါ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေသည်နှင့် ပတ်သက်၍ ကေအိုင်အိုမြစ်ကြီးနားဆက်ဆံရေးရုံးသို့ ဆက်သွယ်မေးမြန်းသော် လည်း ဖုန်းပိတ်ထားသည့်အတွက် ဖော်ပြ ခွင့်မရရှိခဲ့ပေ။ အစိုးရတပ်များ မှ စစ်ဆင်ရေး များပြုလုပ်နေသည်ဟုသာ သိရှိရပြီး တိုက်ပွဲများဖြစ်ပွားသည်ကို မသိရှိ ရသေးကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးအင်ရှန်ဆန် မောင်က ပြောသည်။

''တိုက်ပွဲဖြစ်တယ်လို့တော့ မကြားသေးဘူး။ ဒါပေမဲ့ အစိုးရ ဘက်က တပ်မတွေ စစ်ဆင်ရေးတွေ ထိုးနေပြီလို့တော့သိရတယ်'' ဟု က ချင်ငြိမ်းချမ်ရေးအကျိုးတော်ဆောင် ဦးအင်ရှန်ဆန်မောင်က ပြောသည်။

မကြာသေးခင်က လကပ်ယန် ဒုက္ခသည်စခန်းသို့ လက်နက်ကြီး များ ကျရောက်သည့်အတွက် ဒုက္ခသည်စခန်းမှ စစ်ဘေးရှောင်သူ များ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ထားရသည်ဟုကြားသိရကြောင်း ၎င်းက ဆက်ပြောသည်။
မတ်လ ၄ ရက် ညပိုင်းမှစ၍ ရှမ်းပြည်မြောက်ပိုင်း လခွမ်းဘွမ်း ဒေသ၌ အစိုးရနှင့် ကေအိုင်အိုတို့ တိုက်ပွဲ များ ပြန်လည်ဖြစ်ပွားနေပြီး နမ့်ခမ်းဒေသရှိ ဒုက္ခသည် စခန်း များသို့ စစ်ဘေးရှောင်သူများလာ ရောက်လျက်ရှိကြောင်း သိရသည်။

''မနေ့ကလဲ တိုက်ပွဲဖြစ်နေ တယ်လို့ ပြောနေကြတယ်။ ဒီနံနက် အထိတောင်ဖြစ်နေတယ်လို့ ပြော နေကြတယ်။ လခွမ်းဘွမ်းဘက်မှာ ဖြစ်နေတယ်လို့ကြားတယ်။ ဘယ်လို ပြောရမလဲမသိဘူး။ ဒီမှာ လူက တ အားကျပ်တယ်။ ဝင်းက အကျယ် ကြီးမဟုတ်တော့ ဒီမှာလဲ ဒုက္ခသည် အသစ်တွေ ရောက်လာတယ်ဆို တော့ ဘာပြောရမှန်းမသိတော့ဘူး'' ဟု ဂျော်ဒုက္ခသည် ကယ်ဆယ်ရေး စခန်းသို့ စစ်ဘေးရှောင်လာသည့် မရွယ်တောင်က ပြောသည်။

MMK [---Democracy toady Daily Newspaper---]

Myanmar News Network

Aye Chan Mon# Credit To : Yangon Media Group
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top