0

ACM Re-Post 30-5-2014
Written by: စိုးစိုး၊ ဘိုဘိုမြင့်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ အား ပြင်ဆင်ရေး ပြည်သူလူထု လက်မှတ်ရေးထိုး ဆန္ဒဖော်ထုတ်ပွဲနှင့် လူထုဟောပြောပွဲကို မေ ၂၈ ရက်က ကရင်ပြည်နယ် ဘားအံမြို့ရှိ ကန်သာဦးခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ လက်မှတ်ရေးထိုး ဆန္ဒဖော်ထုတ်ပွဲနှင့် လူထုဟောပြောပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဥပဒေအထောက်အကူပြုအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းမှ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ အား ပြင်ဆင်နိုင်ရန် ဥပဒေနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ဦးမင်းကိုနိုင်မှ ပုဒ် ၄၃၆ ပြင်ဆင်နိုင်ရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို ပြည်သူလူထုထံသို့ ဟောပြောခဲ့သည်။

“နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးပြီးရင် ပြည်နယ်တွေမှာဆို အန်တီတို့ ကရင်ပြည်နယ်မှာ အရင်လုပ်ဖြစ်တာပါ။ ဒီနေ့ ပွဲလုပ်မယ့်ရက်က အရမ်းကပ်သွားတော့ စာတင်ရမှာနဲ့ ကွင်းတောင်းရမှာနဲ့ အဆင်မပြေမှာ စိုးရိမ်ပြီး ဒီခန်းမမှာ လုပ်လိုက်တာပါ။ ဒီမှာလုပ်ပြီးရင် အဆင်ပြေတဲ့ မြို့နယ်တွေမှာ လက်မှတ်ရေးထိုး ဆန္ဒထုတ်ဖော်မှုတွေ လုပ်သွားမှာပါ”ဟု ကရင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်နန်းခင်ထွေးမြင့်က Daily Eleven သို့ ပြောကြားခဲ့သည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ အား ပြင်ဆင်ရေး ပြည်သူလူထုလက်မှတ်ရေးထိုး ဆန္ဒဖော်ထုတ်ပွဲနှင့် ဟောပြောပွဲသို့ ကရင်ပြည်နယ်မှ ဒေသခံပြည်သူ ၁၂ဝဝ ကျော် တက်ရောက်ခဲ့ပြီး လက်မှတ်ပေါင်း ၉ဝဝ ကျော် စုဆောင်းရရှိခဲ့ကြောင်း၊ ၈၈ မျိုး ဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ဦးမင်းကိုနိုင်မှလည်း ဆန္ဒပြုလက်မှတ်ရေးထိုးခဲ့သည်။

၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးနေကြသူများကို တွေ့ရစဉ်

Aye Chan Mon Credit To: Eleven Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top