0

မေ၊ ၂၂ရက် ။

ထိုင်းစစ်တပ်က စစ်အုပ်ချုပ်ရေးဥပဒေ ကြေညာပြီး တစ်ရက်အကြာ
ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Prayuth Chan-Ocha နဲ့
သဘောထားကွဲလွဲနေတဲ့ နိုင်ငံရေးအုပ်စုတွေဟာ ဒီကနေ့တွေ့ဆုံပြီး
ကြားဝင်စေ့စပ်ဖို့ ကြိုးစားခဲ့ပါတယ်။

ဘန်ကောက် တပ်မတော်ခန်းမမှာပြုလုပ်ခဲ့တဲ့ ဒီဆွေးနွေးပွဲကနေ ရလဒ်
တစုံတရာမရှိခဲ့ပေမဲ့ နိုင်ငံရေးပဋိပက္ခတွေ အဆုံးသတ်ရေး ကြိုးစားတဲ့
နေရာမှာစစ်တပ်က ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေကို ပြသနိုင်ခဲ့ပါတယ်။
ဆွေးနွေးပွဲကိုတက်ရောက်ဖို့ ယာယီဝန်ကြီးချုပ်
Niwattumrong Boonsongpaisan အပါအဝင် အဆင့်မြင့်
နိုင်ငံရေး ခေါင်းဆောင်တွေကို ဖိတ်ကြားခဲ့ပေမယ့်ယာယီ
ဝန်ကြီးချုပ်အစား ကိုယ်စားလှယ် ၄ ယောက်သာ တက်ရောက်
ခဲ့ပါတယ်။

အစိုးရအတိုက်အခံ ဆန္ဒပြခေါင်းဆောင် Suthep Thaugsuban၊ အစိုးရလိုလားတဲ့ရှပ်နီအဖွဲ့ခေါင်းဆောင် Jatuporn Prompan
တို့ကိုလည်း ဒီဆွေးနွေးပွဲကိုတက်ရောက်ဖို့ ဖိတ်ခေါ်ခဲ့တာ
ဖြစ်သလို၊ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တွေ၊
လွှတ်တော်ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။ အင်တာနက်နဲ့သတင်းမီဒီယာတွေကို ဆင်ဆာပိတ်ပင်တာအပါအဝင်
အမိန့် တစ်ဒါဇင်ကျော်ကို စစ်တပ်က အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ စစ်တပ်အနေနဲ့ အာဏာသိမ်းတာမဟုတ်ဘူးလို့ ပြောထားပြီး၊ ကွဲပြားမှုတွေပြင်းထန်နေတဲ့တိုင်းပြည်မှာ အကြမ်းဖက်မှုတွေကို
ဟန့်တားပြီး တည်ငြိမ်မှုပြန်လည်ထားရှိနိုင်ဖို့အတွက် အခုလို လုပ်ဆောင်ရတာလို့ ပြောဆိုပါတယ်။

Source; Xinhua
ဘာသာပြန် David

ACM Credit To:The Myanma Age
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top