0

ရန်ကုန်၊ မေ ၂၁- ယခုနှစ်အတွင်း အမေရိကန်ဈေးကွက်သို့ စတင်တင် ပို့ရန်ပြင်ဆင်ထားသော အော်ဂဲနစ် ငါးများ အမေရိကန်ဆန်ရှင်ကြောင့် တင်ပို့နိုင်ခြင်းမရှိကြောင်း မြန်မာနိုင် ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

ပြီးခဲ့သည့်လပိုင်းအတွင်းက အ မေရိကန်နိုင်ငံ ဘော်စတွန်မြို့တွင် ကျင်းပပြုလုပ်သည့် Sea Foods Show တွင် မြန်မာနိုင်ငံမှ အော်ဂဲနစ် ငါးပါဝင်ပြသ၍ ဈေးကွက်ရှာဖွေခဲ့ ခြင်းဖြစ်ပြီး ယခုနှစ်တွင် အမေရိကန် ဈေး ကွက် ကိုတင်ပို့ ရန် ပြင်ဆင်ထား သော်လည်း မကြာမီရက်ပိုင်းက အ မေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှု တစ်နှစ်ထပ်မံ တိုးခြင်းကြောင့် တင်ပို့နိုင်ခြင်းမရှိကြောင်း မြန်မာနိုင် ငံငါးလုပ်ငန်း အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ရေချို ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများ အသင်း မှသိရသည်။

မြန်မာနိုင်ငံရေချိုငါးဖမ်းလုပ် ငန်းလုပ်ကိုင်သူများအသင်းမှ ဒုတိ ယ ဥက္ကဋ္ဌဒေါက်တာမြင့်စိန် က ''ဒီနှစ် မှာအော်ဂဲနစ်ငါးနဲ့နေရှင်နယ် ထုတ်ကုန် တွေကို အမေရိကန်ဈေးကွက်ကို တင်ပို့ ဖို့လုပ်ထားတာ ပါ။ ဘော်စတွန်Sea Foods Show မှာ ဈေးကွက်ကရလာ ပြီး တင်ပို့ဖို့လုပ်နေ တုန်းမှာ ပိတ်ဆို့ မှုထပ်တိုးလိုက်တော့ ဘာမှလုပ်လို့ မရ တော့ဘူး၊ သူတို့တွေက အော်ဂဲနစ် ငါးဆို နှစ်ဆသုံးဆ ပိုပေးပြီးဈေးကြီး ပေးဝယ်စားတယ်''ဟု ပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် ပြည်တွင်း ဈေးကွက်တွင် အော်ဂဲနစ်ငါးအဖြစ် ဖြန့်ဖြူးရောင်းချသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံရေ ချိုငါးဖမ်းလုပ်ငန်း လုပ် ကိုင်သူများအသင်းမှ သိရသည်။ ဒေါက်တာမြင့်စိန် က''အမေရိ ကန်ဈေးကွက်ကိုတင်ပို့ဖို့ မလုပ်နိုင် သေးတော့ ပြည် တွင်းမှာ အော်ဂဲနစ် ငါးလိုချင်သူတွေရှိတယ်။ သူတို့ကိုဖြန့် ဖြူးရောင်း ချသွားမယ်။ အမေရိကန် လိုမျိုးဈေးနှုန်း နှစ်ဆ သုံးဆမရပေ မယ့် အော်ဂဲနစ် ငါးဆိုပြီးတော့ ဈေး ကွက်ရလာအောင် လုပ်မယ်'' ဟု ပြောသည်။

ယင်းအော်ဂဲနစ်ငါးသည် ထုတ် လုပ်မှုစရိတ်လျှော့ချနိုင်ပြီး ပြည် ပ ဈေးကွက်တွင် ဈေးပိုမိုရရှိနိုင်သော် လည်း မွေးမြူသူနည်းပါးလျက် ရှိ ကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ် ငန်းအဖွဲ့ချုပ်မှ တွဲဖက်အတွင်းရေးမှူး ဦးညီညီသိန်းက ''သဘာဝငါးမွေးဖို့ က ရာသီဥတုကြောင့် သားပေါက်ရရှိ တဲ့အပေါ် မူတည်တာကြောင့် သိပ်ပြီး မမွေးကြဘူး။ မျိုးငါးကို ဝယ်မွေးတာ များကြတယ်။ သူကထုတ်လုပ်မှုစရိတ် နည်းပြီး ဈေးပိုရတာမှန်ပေမယ့် မွေး ရက်ကြာတယ်။ သားပေါက်ရရှိတာလဲ မသေချာတာကြောင့် မွေးတဲ့သူမရှိ သလောက်နည်းပါတယ်။ ဒါကိုသီးသန့် လုပ်တဲ့သူပဲ မွေးမြူရေးကို လုပ်နိုင် မှာပါ''ဟု ပြောသည်။

TEEP [--Democracy today Daily Newspaper--]

ACM Credit To:Yangon Media
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top