0


အခုနှစ်အတွက် အားကစားကလောင်ရှင်များ အဖွဲ့အစည်းက ပေးအပ်တဲ့ ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားဆု(FWA award)ကို လီဗာပူးတိုက်စစ်မှူး ဆွာရက်ဇ် ရရှိသွားခဲ့ပါတယ်။ ဆွာရက်ဇ်ဟာ အခုရာသီမှာ ပရီးမီးယားလိဂ် သွင်းဂိုး(၃၀) ရရှိထားပြီး အသင်းဖော် ဂျရတ်၊ မန်စီးတီး ကွင်းလယ်လူ ယာယာတိုရေးတို့ကို ကျော်ဖြတ်ပြီး မဲ(၅၂)ရာခိုင်နှုန်းနဲ့ ဆုရခဲ့တာဖြစ်ပါတယ်။

ဆုကြေးစား ဘောလုံးသမားအဖွဲ့အစည်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ရခဲ့တဲ့ ဆွာရက်ဇ်ဟာ (FWA award) ထပ်ရခဲ့တာကြောင့် ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ဆုနှစ်ဆုစလုံးရခဲ့တဲ့ ခြောက်ဦးမြောက် ပရီးမီးယားလိဂ် ကစားသမားဖြစ်လာခဲ့ပါတယ်။ ဆွာရက်ဇ်လိုပဲ ဆုနှစ်ဆုစလုံး ရခဲ့သူတွေကတော့ အွန်နရီ(၂၀၀၄)၊ ရော်နယ်ဒို(၂၀၀၇၊ ၂၀၀၈)၊ ရွန်နီ (၂၀၁၀)၊ ဗန်ပါစီ(၂၀၁၂)နဲ့ ဘေးလ်(၂၀၁၃)တို့ ဖြစ်ကြပါတယ်။

@z (ရိုးရာလေး)

Aye Chan Mon# Credit To :YoYarLay
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top