0

မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြောင်းလဲမှုများ နောက်ပြန်မလှည့်စေရန် တားဆီးသည့် အနေဖြင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသောစီးပွားရေး ပိတ်ဆို့မှုများကို အိုဘားမား အစိုးရမှ တစ်နှစ် ထပ်မံ တိုးမြှင့်လိုက်သည်။
အမေရိကန် သမ္မတ အိုဘားမားမှ ကွန်ဂရက်လွှတ်တော်သို့ ပြောကြားရာတွင် မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှု များ ရှိသော်လည်း စီးပွားရေး ပိတ်ဆို့မှု သက်တမ်းတိုးရန် လိုအပ်သည်ဟု ထည့်သွင်း ပြောကြားခဲ့သည်။
၁၉၉၀ နှစ်လည်ပိုင်းများအတွင်း ဒီမိုကရေစီလှုပ်ရှားမှုများကို နှိမ်နင်းခဲ့သည့် အဓိကခေါင်းဆောင်များနှင့် စပ်ယှက်၍ စီးပွားရေး လုပ်ကိုင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို ကန့်သတ်သည့် National Emergencies Act ကို တစ်နှစ် သက်တမ်းတိုးရန် သမ္မတ အိုဘားမားမှ ကွန်ဂရက်လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။
၂၀၁၂ခုနှစ်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော သမ္မတအိုဘားမားက မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား ၁၁၀၀ ကျော် လွှတ်ပေးခြင်း၊ နိုင်ငံအနှံ့ အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုခြင်း၊ သမ္မဂများ ဖွဲ့စည်းခွင့်ပြုခြင်းနှင့် နိုင်ငံအတွင်းရှိ လုပ်ငန်းခွင့် စံနှုန်းတို့ကို တိုးမြှင့်ပေးမှုများ ရှိခဲ့ကြောင်း လွှတ်တော်သို့ တင်သွင်းသည့် စာတွင် ပြောကြားထားသည်။
သို့သော် "ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ မြန်မာနိုင်ငံရဲ့ ကြီးမားတဲ့ တိုးတက်ပြောင်းလဲမှုတွေရှိနေပေမယ့် မြန်မာနိုင်ငံတွင်းမှာ ရှိနေတဲ့ အခြေအနေတွေဟာ အမေရိကန် ပြည်ထောင်စုရဲ့ နိုင်ငံခြားရေး မူဝါဒနဲ့ အမျိုးသား လုံခြုံရေးအပေါ်မှာ မတူညီထူးခြားတဲ့ ခြိမ်းခြောက်မှုတွေ ရှိနေဆဲပါပဲ" ဟု သမ္မတ အိုဘားမားက ပြောကြားခဲ့သည်။
"နိုင်ငံရေးအရ ပွင့်လင်းမှု လိုအပ်နေသေးတယ်။ တိုင်းရင်းသားလူနည်းစု ဒေသတွေမှာ လက်ရှိ ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေနဲ့ လူ့အခွင့်အရေး ချိုးဖော်ကမှုတွေ အပေါ်မှာ စိုးရိမ်မှုတွေ ရှိနေသေးတယ်။ နိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ကဏ္ဍတွေမှာ တပ်မတော်ရဲ့ ဆက်လက်ပါရှိနေတဲ့ အခန်းကဏ္ဍအပေါ်မှာလည်း စိုးရိမ်မှုတွေ ရှိနေတယ်" ဟု သမ္မတ အိုဘားမားက ပြောကြားခဲ့သည်။
ယခင်နှစ်က သမ္မတ အိုဘားမားမှ ၁၉၉၆ခုနှစ် ပိတ်ဆို့မှုကို ရုတ်သိမ်းခဲ့ပြီး မြန်မာနိုင်ငံမှ အုပ်ချုပ်သူ တပ်မတော်အရာရှိများနှင့် ၎င်းတို့၏ မိသားစုများကို အမေရိကန် ပြည်ထောင်စုသို့ ပြည်ဝင်ခွင့် ပေးအပ်ခဲ့သည်။
"ပိတ်ဆို့မှုတွေကို နောက်တစ်နှစ် ထပ်တိုးတာဟာ မကောင်းမှု ကျူးလွန်သူတွေရဲ့ လုပ်ဆောင်ချက်တွေကို ကန့်သတ်ဖို့နဲ့ ပိတ်ဆို့မှုတွေ အကုန် ရုတ်သိမ်းလိုက်ရန် ဖြစ်လာနိုင်တဲ့ ပြုပြင်ပြောင်းလဲမှု နောက်ပြန်လှည့်မှုကို တားဆီးဖို့ အတွက်ပါ" ဟု အိမ်ဖြူတော် လုံခြုံရေး ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ Patrick Ventrell က ပြောကြားခဲ့သည်။
REF: Reuters

Eleven Media Group

Post a Comment

 
Top