0

ACM Re-post 16-6-2014

ဥရောပ ဘောလုံးလောကမှာ ပရိသတ်တွေ သောင်းကျန်းလို့ တစ်သင်းပြီးတစ်သင်း အိမ်ကွင်းပွဲကြည့်စဉ် ပိတ်ပင်ခံရလိုက်၊ ဒဏ်ရိုက်ခံရလိုက်ဖြစ်နေတဲ့အချိန် ဂျပန်ပရိသတ်တွေရဲ့ လုပ်ရပ်က မီဒီယာစာမျက်နှာတွေထက် ချီးကျူးခံရတဲ့ အကြောင်းအရာဖြစ်လာပါတယ်။ ဘယ်အသင်း ပရိသတ်မဆို အသင်းရှုံးရင် ဒေါသထွက်တတ်ပြီး
ဒေါသအလျှောက် ပြုမူကြတာတွေ ရှိပါတယ်။

ဒါပေမဲ့ ဂျပန်ပရိသတ်တွေကတော့ အိုင်ဗရီကို့စ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး သူတို့အသင်းကို အပြစ်မတင်သလို ဒေါသတကြီး ပေါက်ကွဲကြတာမျိုးလည်း မရှိခဲ့ပါဘူး။ ပါမန်ဘူချိုကွင်းက သူတို့ရဲ့အမှိုက်လေးတွေကို လိုက်သိမ်းပြီး စည်းကမ်းကြီးတဲ့ လူမျိုးဆိုတာကို ပြသလိုက်ပါတယ်။ ဂျပန်နိုင်ငံမှာတင်မကဘဲ ဘယ်နေရာရောက်ရောက် စည်းကမ်းသေ၀ပ်တဲ့ လူမျိုးဆိုတာကို ပြသနိုင်ခဲ့တာဟာ ၂၀၁၄ ကမ္ဘာ့ဖလားမှာ သူတို့ရခဲ့တဲ့ အမြတ်အစွန်းပါပဲ။

@z (ရိုးရာလေး)

Aye Chan Mon Credit To: YoYarLay
http://www.ayechanmon-news1.com/

Post a Comment

 
Top