0

ACM RE-Post 17-6-2014

ဘင်္ဂလားပင်လယ်အော်နဲ့တောင်တရုတ်ပင်လယ်ပြင်အခြေအနေ။
ကပ္ပလီပင်လယ်ပြင် နဲ့ ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းနဲ့အရှေ့အလယ်ပိုင်းတို့တွင် မုတ်သုံလေအားကောင်းနေပြီး၊ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနဲ့ အရှေ့မြောက် ပိုင်းတို့မှာ မုတ်သုံလေအားအသင့်အတင့်ရှိနေပါတယ်။ ကျန်ဘင်္ဂလားပင်လယ်အော် အနောက် ပိုင်းဒေသများမှာ မုတ်သုံလေဆက်လက် ၀င်ရောက်နေပါတယ်။ ဘင်္ဂလား ပင်လယ် အော် အလယ်ပိုင်းမှာ လေထုမငြိမ်မသက် ဖြစ်နိုင်သော်လည်းမုန်တိုင်း ဖြစ်လာနိုင်ရန်အလားအလာ မရှိသေးပါ။ အာရေဗျပင်လယ်ဖက်တွင် နွားနောက် မုန်တိုင်း အားပျော့သွားပြီ ဖြစ်ပါတယ်။

မြန်မာ့ပင်လယ်ပြင်အခြေအနေ။
တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများကျရောက်နှိုင်ပြီး မကြာခဏ လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့် (၁၀)ပေမှ (၁၂)ပေ ခန့်ရှိနိုင်ပါတယ်။ မိုးသက်လေပြင်းကျစဉ် ရေပြင်မြေပြင်လေဟာ တစ်နာရီကို မိုင်(၄၀)မှ (၄၅)မိုင်ခန့် တိုက်ခတ်နိုင်ပါတယ်။ကျန်မြန်မာ့ပင်လယ်ပြင်ကမ်းရိုးတန်းနဲ့ ကမ်းလွန် ပင်လယ်ပြင်တွေမှာ လှိုင်းအသင့်အတင့် ရှိနှိုင်ပြီး၊ လှိုင်းအမြင့် (၅)ပေမှ(၈)ပေခန့် ရှိနှိုင်ပါတယ်။

နေ့အပူချိန်များအခြေအနေ ။
နေ့အပူချိန်များဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး နဲ့မန္တလေးတိုင်းဒေ သကြီး တို့မှာ နေ့အပူချိန်ဟာ 34°C - 36°C ခန့်၊ နေပြည်တော်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေ သကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ နဲ့ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း တို့တွင် 30°C – 32°C ခန့် တနင်္သာရီတိုင်းဒေသကြီး နဲ့ကျန်ပြည်နယ် များ အားလုံး တို့တွင် 27°C – 29°C ရှိနှိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းအခြေအနေ။ ခရမ်းလွန် ရောင်ခြည်အညွှန်းကိန်းအမြင့်ဆုံးတန်ဖိုးဖြစ်သော လွန်ကဲအဆင့်ရှိသည့် ၁၁ ထက်ကျော်လွန် နေသော တန်ဘိုးများကို တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး နဲ့ မွန်ပြည်နယ်တို့တွင် ကျရောက်နှိုင်ပြီး၊ ကျန်ဒေသများတွင် သိသိသာသာ လျော့ကျလာနိုင်ပါတယ်။ အထူးသဖြင့် ကော့သောင်းမြို့(၁၂.၃) ၊ ထားဝယ် (၄.၅)၊ မော်လမြိုင် (၁၁.၃) ရန်ကုန်(၁၂.၄) ၊ နေပြည်တော်(၁၀.၃) ၊ မကွေး(၈.၈)၊ မန္တလေး(၁၂.၁) နဲ့ မြစ်ကြီးနား (၁၀.၈) တို့တွင် လည်းကောင်း ရောက်ရှိနေနှိုင်ပါတယ်။

မိုးတိမ်တောင်အခြေအနေ။
ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၊ ကပ္ပလီပင်လယ်ပြင် နဲ့မန္တလေးတိုင်းဒေသကြီး၊
နေပြည်တော်တိုင်းဒေသကြီးနဲ့ မပွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်ေးဒသကြီး။ ကချင်ပြည်နယ် နဲ့ ရှမ်းပြည်နယ် တို့တွင် ညနေပိုင်း အချိန်များတွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နှိုင်ပါတယ်။

မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်။
ရှမ်းပြည်နယ် နဲ့ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး တို့တွင် နေရာကွက်ကျား၊ ကျန် တပြည်လုံးတွင် နေရာကျဲကျဲ မှ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာနိုင်ပါတယ်။ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုငးဒေသကြီ်း နဲ့ တနင်္သာရီတိုင်းဒေသကြီး တို့တွင် နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။

ဒေါက်တာထွန်းလွင်

Aye Chan Mon Credit To: Tun Lwin
http://www.ayechanmon-news1.com/

Post a Comment

 
Top