0

ACM Re-Post 30-5-2014

အစၥလာမ္ဘာသာ ဝင် အများစုရှိသော မလေးရှား နိုင်ငံမှ မုန့်မျိုးစုံထုတ်လုပ်ရေး လုပ်ငန်းကြီးဖြစ်သည့် Cadbury Malaysia သည် ၎င်း၏ နို့ထွက်မုန့် တစ်မျိုးနှင့် နို့ချောင်းအမှတ် တံဆိပ်တစ်ခုတို့တွင် ဝက်မျိုးဗီဇ ပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရ ပြီးနောက် ဖြစ်စဉ်ကို သေချာစွာ သိရှိနိုင်ရန် စုံစမ်းစစ်ဆေးနေ သည်။

ကုမ္ပဏီသည် ထုတ်ကုန်နှစ်မျိုးဖြစ်သည့် သစ်အယ်သီး နို့မုန့်နှင့် နို့ဗာဒံစေ့ချောင်းများတွင် ဝက်မျိုးဗီဇပစ္စည်းအချို့ ပါဝင်နေကြောင်း မလေးရှား ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုစစ်ဆေးနိုင်ခဲ့ပြီးနောက် ဖြစ်စဉ်ကို ကုမ္ပဏီက သီးသန့်စစ်ဆေးမှုများ လုပ်ခဲ့ ခြင်းဖြစ်သည်။

၎င်းတို့ကုမ္ပဏီ၏ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင်လည်း Cadbury Malaysia က မွတ်စလင်များအတွက် ဟာလာစည်းမျဉ်း များနှင့် ညီညွတ်ရေးမှာ အရေး ကြီးသည်ကို ၎င်းတို့သိရှိကြောင်း၊ အာဏာပိုင်များနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း ဖော်ပြ သည်။

ကုမ္ပဏီသည် ပထမပိုင်းတွင် လူမှုမီဒီယာများ၌ ၎င်းတို့ ထုတ်ကုန်များတွင် ဝက်မျိုးဗီဇများ ပါဝင်မှုရှိသည်ကို တွေ့ရကြောင်း ပြောဆိုမှုများအပေါ် ပယ်ချခဲ့ပြီးနောက် အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ကာ စားသုံးသူများ၏ ယုံကြည်မှုရအောင် ကြိုးပမ်းသွားမည်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနက ထိုမုန့်များနှင့်ပတ်သက်၍ ထုတ်ပြန်ခဲ့သောသတင်း အတည်မပြုနိုင်သေးမီမှာပင် ပေါက်ကြားခဲ့ခြင်းဖြစ်ကြောင်း ပြည်တွင်းမီဒီယာများက ဗုဒ္ဓဟူးနေ့တွင် ဖော်ပြသည်။

The New Straits Times သတင်းစာကလည်း မလေးရှား တွင် ထိုသတင်းကြောင့် အနည်း ဆုံး အစ္စလာမ်မစ်အရပ်ဘက် အဖွဲ့အစည်း တစ်ဒါဇင်ခန့်က ကုမ္ပဏီအား ပြင်းထန်သည့် အရေးယူမှုများလုပ်ရန် ၎င်းတို့ စက်ရုံများအားလုံးကို ပိတ်ပစ်ရန် တောင်းဆိုခဲ့ကြောင်း ဖော်ပြသည်။

—Ref: Aljazeera

ကွာလာလမ်ပူမြို့ စူပါမားကက်တစ်ခုအတွင်း Cadbury Dairy Milk ထုတ်ကုန်များခင်းကျင်းရာနေရာ၌ ပစ္စည်းများ ယာယီပြတ်လပ်နေသည်ဟု စာကပ်ထားသည်ကို မေလ ၂၈ ရက်က တွေ့ရစဉ် (MOHD RASFAN/REUTERS)

Aye Chan Mon Credit To: http://7daydaily.com/
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top