0

ACM Re-Post 30-5-2014

၁။ သူ့ကိုသတ်ဖြတ် သက်တိုတတ်
မသတ် အသတ်ရှည်။

၂။ ညှဉ်းဆဲသူကား အနာများ
သနား ကျန်းမာမည်။

၃။ ဒေါသမီးလျှံ အကျည်းတန်
သည်းခံ လှပသည်။

၎။ မနာလိုမှာ ခြွေရံကွာ
ကြည်သာ ခြွေရံစည်။

၅။ မပေးလှူက မွဲပြာကျ
လှူမှ ပေါကြွယ်သည်။

၆။ မရိုမသေ မျိုးယုတ်ချေ
ရိုသေ မျိုးမြတ်သည်။

၇။ မမေးမမြန်း ဥာဏ်မြင်ကန်း
စုံစမ်း ဥာဏ်ကြီးသည်။

၈။ ဆိုးတာပြုက ဆိုးတာရ
ကောင်းမှ ကောင်းစားသည်။

၉။ ဆိုးကောင်းနှစ်တန် ကံစီမံ
ခံ စံကြရသည်။

မဟာစည်ဆရာတော်ဘုရားကြီး

Aye Chan Mon Credit To: စာပေဥယျာဉ်
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
2

Post a Comment

 
Top