0


ACM Re-Post 30-5-2014
Author: မောင်လွင်မွန် (ကသာ)

မြန်မာ့ နိုင်ငံရေးသမိုင်း တွင် ပြည်သူ့တရား သူကြီးအဖွဲ့ ဥက္ကဋ္ဌ ရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့ ရသော ပုဂ္ဂိုလ်နှစ်ဦးသာ ရှိသည်။ တစ်ဦးမှာ သူရဦးအောင်ဖေဖြစ်ပြီး နောက်တစ်ဦးမှာ ဦးတင်အောင် ဟိန်းဖြစ်သည်။ လမ်းစဉ်ပါတီ ခေတ်တွင် လွှတ်တော်သက်တမ်း လေးကြိမ်ရှိသည့်အနက် နှစ်ကြိမ် စီထမ်းဆောင်သွားခဲ့ကြသူများ ဖြစ်သည်။ အာဏာရှင်ခေတ် ၂၆ နှစ်ထဲမှ ရွေးချယ်တင်မြှောက်ခံ ပြည်သူ့အစိုးရအဖြစ် ဇွတ်အဓမ္မ ပုံဖော်ပြီး အုပ်ချုပ်ခံခဲ့ကြရသော နောက်ဆုံး ၁၄ နှစ်ကာလအတွင်း လက်ခုပ်ထဲကရေဖြစ်ခဲ့ရသော ပြည်သူတို့အတွက် အထိုက်အ လျောက် သက်သာရာရခဲ့ရာ အ ချက်တစ်ခုမှာ ယင်းတရားသူကြီး ဥက္ကဋ္ဌ နှစ်ဦးစလုံးက တော်တည့် မှန်ကန်သူများ ဖြစ်နေခဲ့ခြင်းပင် ဖြစ်သည်။ ဦးတင်အောင်ဟိန်းမှာ ၁၉၉၀ ပြည့်နှစ် အစောပိုင်းက ကွယ်လွန်သွားခဲ့ပြီး သူရဦးအောင်ဖေမှာ (၁၉.၅.၂၀၁၄၊ တနင်္လာနေ့)ကမှ ကွယ်လွန်သွားခဲ့သည်။

သူရဦးအောင်ဖေနှင့် ပတ် သက်ပြီး Dr.Maung Maung ရေးသားသော Gentleman, Scholar, Petriot စာအုပ်တွင် ဗိုလ်မှူးကြီး အောင်ဖေသည် မင်း ဘူးသားဖြစ်ပြီး ကျောင်းကထွက်၊ ဘီအိုင်အေထဲဝင်၊ ဗိုလ်လရောင်၊ ဗိုလ်မင်းခေါင်တို့ လက်အောက် တွင် အမှုထမ်းခဲ့ပြီး မင်္ဂလာဒုံပထ မပတ် ဗိုလ်သင်တန်းသို့ ရွေးချယ် ခံရ။ သင်တန်းတွင် အကောင်းဆုံး သင်တန်းသားဆု (Best Cadet) ရသူ တစ်ဦးအဖြစ် အခြားသင် တန်းသား ၂၉ ဦးနှင့်အတူ ဂျပန် စစ်တက္ကသိုလ်သို့ ပညာသင်စေ လွှတ်ခံရ။ ၂ နှစ်သင်တန်းတက်ခဲ့ ရပြီး ပြန်အလာ တပ်မတော်ပြန် လည်ဖွဲ့စည်းရာတွင် ပါဝင်ခဲ့။ ၁၉၄၇-၄၈ ၌ ရခိုင်ဒေသမှာ မူဂျာ ဟစ်တို့နှင့် တိုက်ခိုက်ရာတွင် သူရ ဘွဲ့ ရရှိရာ အစောဆုံးသူရဘွဲ့ ရ ရှိခဲ့သူတစ်ဦးဖြစ်ကြောင်း ဖော်ပြ ထားသည်။

မြန်မာ့တပ်မတော် ပြန်လည် ဖွဲ့စည်းရာမှာ ကိုယ်ပိုင်အမှတ် (ဘီစီ)မှာ ဗိုလ်လက်ျာက ၃၅၀၁၊ ဗိုလ်ချုပ်နေ၀င်းက ၃၅၀၂၊ ဗိုလ် ဇေယျက ၃၅၀၃ စသဖြင့် ရှိခဲ့ရာ သူ၏ ဘီစီအမှတ်မှာ ၃၅၉၂ ဖြစ် ကြောင်း အွန်လိုင်းမှတ်တမ်းတစ် ခုတွင် တွေ့ရသည်။ (ဗိုလ်ချုပ် အောင်ဆန်းက တပ်မတော်ကို စွန့်ခွာချိန်ဖြစ်ပါသည်)။ ဒေါက်တာ မောင်မောင်၏ အထက်ပါစာအုပ် တွင် ၁၉၅၃ မှာ နဂါးနိုင်စစ်ဆင် ရေး၊ ရန်ကြီးအောင်စစ်ဆင်ရေး တို့တွင် တရုတ်ဖြူကျူးကျော်မှုကို ပါဝင်တိုက်ခိုက်ခဲ့ပုံ၊ အထူးတပ် ဖွဲ့ (ယူနစ် ၁၀၆) ၏ ခေါင်းဆောင် အဖြစ် ရာထူးအဆင့် မခွဲခြားဘဲ လက်တွဲတိုက်ပွဲဝင်ရသော တာ ၀န်မျိုးကို ဦးဆောင်တာဝန်ယူခဲ့ပုံ တို့ကို ဖော်ပြထားသည်။ ဗိုလ်မှူး ကြီးအောင်ဖေအဖြစ် အရှေ့ပိုင်း တိုင်း ဒုတိုင်းမှူး၊ တိုင်းမှူးစသဖြင့် တာဝန်ယူခဲ့ပြီး နောင်တွင် သတ္တု တွင်းဝန်ကြီးဌာန၏ ဒုတိယ၀န် ကြီး ဖြစ်လာသည်။ နောင် ၁၉၇၄ ဖွဲ့စည်းပုံအရ ဖွဲ့စည်းသော အစိုး ရအဖွဲ့တွင် ပြည်သူ့တရားသူကြီး အဖွဲ့ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရ ခြင်းဖြစ်သည်။

မြတ်ထန်၏ ‘‘တိုင်းပြည်က နုနု မုန်တိုင်းကထန်ထန်’’ စာအုပ် တွင် ဂျပန်၌ ဆင်းဆင်းရဲရဲ စစ် ပညာသင်ကြရစဉ် ဟင်းမလောက် မငဖြင့် ထမင်းစားကြရပုံ၊ ဟင်း ကို မျှတစွာ အဝေတတ်ဆုံးမှာ ကိုအောင်ဖေဖြစ်ပုံကို ဖော်ပြထား သည်ကို ဖတ်ခဲ့ရသည်။ မူလက မျှတမှန်ကန်လိုသော စိတ်အခံ ရှိခဲ့သည့်အတွက် အမြင့်ဆုံးတရားသူကြီးအဆင့်ကို တာဝန်ယူ ရသည့်အခါ ဥပဒေပညာရှင် မဟုတ်သော်လည်း သူ့စိတ်ရင်း အတိုင်း အကောင်းဆုံး ဆောင် ရွက်ခဲ့ပုံပေါ်သည်။ သူ့ဆောင် ရွက်ချက်များနှင့်ပတ်သက်ပြီး ဥပဒေလောကသားတို့က ယနေ့ ထက်တိုင် မှတ်မှတ်ထင်ထင်ဖြစ် ကျန်ခဲ့ရသည်များရှိခဲ့သည်။ တရားရေး လောကတွင် သူတာဝန် ယူသည့် ကာလအတွင်း သူနှင့် နီးစပ်သူမို့၊ သူ၏ တပည့်တပန်း မို့ မျက်နှာသာပေးခံရခြင်း၊ အခွင့် အရေးပိုရခြင်းမျိုး လုံးဝမရှိခဲ့ပေ။ မူလက တပ်မတော်သားဖြစ်ခဲ့ပြီး သူ့ကို အကြောင်းပြုကာ တရား ရေးဌာန၏ အရာထမ်းအမှုထမ်း ဖြစ်လာသူများကို အခြားတရား ရေး အရာထမ်း အမှုထမ်းများ နည်းတူ ဥပဒေရေးရာများ စစ်မေး သည့် စာမေးပွဲများကို ဖြေဆိုဖြတ်သန်းပြီးမှသာ ရာထူးတိုးခွင့် ရရှိ ကြသည်။ သူကိုယ်တိုင်လည်း ဥပဒေကို အသေအချာလေ့လာ ကာ အကောင်းဆုံး ဆုံးဖြတ်ဆောင်ရွက်ပေးခဲ့သည်။

တရားရုံးများက အာမခံပေး ရာတွင် လိုက်နာကြရသော ပြစ်မှု ဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ-၄၈၉၊ ၄၉၇ တို့နှင့် ပတ်သက်ပြီး တရားသူကြီးများအနေဖြင့် အာ မခံပေးနိုင်သော အမှု၊ မပေးနိုင် သောအမှုဟု ရှိရာ အာမခံမပေး နိုင်သော အမှုဖြစ်လျှင်ပင် သေ ဒဏ်နှင့် တစ်သက်တစ်ကျွန်း ဒဏ်ထိုက်သင့်သော ပြစ်မှုများမှ အပ တရားသူကြီး၏ ဆင်ခြင် တုံတရားအရ အာမခံပေးခွင့်ရှိ ကြောင်း၊ အာမခံပေးနိုင်သော အမှုကို အာမခံမပေးခြင်းသည် ပြစ်ဒဏ်ကို ကြိုတင်ချမှတ်ရာ ရောက်သည့်အပြင် တရားသူကြီး အနေဖြင့် ဥပဒေပြဋ္ဌာန်းချက်ကို မလိုက်နာရာကျနေကြောင်းနှင့် ဥပဒေပြဋ္ဌာန်းချက်အတိုင်း လိုက် နာဆောင်ရွက်ကြရန် သူရဦး အောင်ဖေက လမ်းညွှန်ခဲ့ပြီး မိန့် ခွန်းအဖြစ် သတင်းစာများထဲတွင် အကျယ်တ၀င့်ဖော်ပြခဲ့သည်။ ထို့ပြင် ထိုခေတ်ကာလက ပြည် သူ့လွှတ်တော်ထဲတွင် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက တရား သူကြီးများအနေဖြင့် ဥပဒေစာ အုပ်ကြီးအတိုင်း လုပ်ကိုင်ဆုံး ဖြတ်ဆောင်ရွက်နေခြင်းကို ပြု ပြင်ဆောင်ရွက်စေလိုကြောင်း တင်ပြမေးမြန်းခြင်းကို သူရဦး အောင်ဖေက တရားသူကြီးများ၏ လုပ်ငန်းသဘာဝမှာ ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ လုပ်ကိုင်ဆောင် ရွက်ရခြင်းသာဖြစ်သဖြင့် တရား သူကြီးများ စာအုပ်ကြီးအတိုင်း လုပ်ကိုင်ဆောင်ရွက်ခြင်းကို အား ပေးအားမြှောက်ပင် လုပ်သင့်ပါ ကြောင်း ရဲရဲဝံ့ဝံ့ ဖြေကြားခဲ့သည် ဟုလည်း ဥပဒေလောကသား စာ ရေးဆရာကြီး တစ်ဦးက မှတ်မှတ် ရရ ပြန်ပြောခဲ့ပါသည်။

ထိုခေတ်ကာလက လူကြီး သားသမီးတို့ အခွင့်အရေးယူ၊ ရာထူးယူဆိုသည်မှာ ယခုကာလ လောက် မဆိုးရွားခဲ့သည့်တိုင် ဗဟိုဦးစီးစနစ် အုပ်ချုပ်ရေး၏ သဘာဝအတိုင်း မျက်နှာကြီးရာ ဟင်းဖတ်ပါသော အဖြစ်မျိုးတွေ က မကြားချင်မှ အဆုံးဖြစ်ခဲ့ပါ သည်။ သို့သော် ယင်းကာလက တရားသူကြီးအဖွဲ့ ဥက္ကဋ္ဌများ၏ သားသမီးများ ရာထူးရ၊ အခွင့်အ ရေးပိုရသည်ဟု အမည်းစက်ထင် ကျန်ခဲ့မှုများ မရှိခဲ့ပေ။ သူရဦး အောင်ဖေအနေဖြင့် သူ့သားသမီး များအတွက်ဖြစ်စေ၊ ဆွေမျိုးများ အတွက်ဖြစ်စေ ရာထူးခန့်ထား ရေး၊ ရာထူးတိုးမြှင့်ရေး၊ အခွင့်အ ရေးပိုရရေးတို့ကို လုံးဝလုပ်ခဲ့ဖူး ခြင်းမရှိဟု ဆိုသည်။ သတ္တုတွင်း ၀န်ကြီးဌာနတွင် ဒုတိယ၀န်ကြီး ဖြစ်ခဲ့စဉ်က သူ၏ ညီမတစ်ဦးမှာ ယင်းဝန်ကြီးဌာနတွင် တာဝန် ထမ်းဆောင်နေရာ ၀န်ကြီးက ရော ညီမဖြစ်သူကပါ ထုတ်ဖော် ပြောကြားခြင်း မရှိသဖြင့် သူ့ညီမ မှန်းပင် မသိကြရဟု သိရသည်။

တရားသူကြီးအဖွဲ့ ဥက္ကဋ္ဌ ဘ၀တွင်လည်း ဆုံးဖြတ်လုပ်ကိုင် သမျှမှာ ဥပဒေမျက်နှာကိုသာ ကြည့်သဖြင့် ထိုခေတ်က အာ ဏာရှိသူ၊ လူကိုခင် မူကိုပြင်၊ လူ ကိုကြောက် မူကိုဖျောက်စေလိုသူ များက ငြိုငြင်ခြင်းကို ခံရသည် များလည်း ရှိသည်။ လူသတ်မှု တစ်ခုတွင် ထိုစဉ်က အာဏာအရှိ ဆုံးထဲတွင် တစ်ဦးဖြစ်သူနှင့် တ ရားခံက ပတ်သက်နေခဲ့ရာ ယင်း ပတ်သက်မှုကို အကြောင်းပြုပြီး အောက်ရုံးများတွင် သက်သာခွင့် ရခဲ့သော်လည်း နောက်ဆုံး တရား သူကြီးဥက္ကဋ္ဌက ပြတ်ပြတ်သား သား အပြစ်ပေးခဲ့သဖြင့် အဆိုး မြင်ခံရမှုများရှိခဲ့သည်ဟု သိမီသူ များက ပြောပြသည်။ ယခု ပြည် သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ် နေပြီး ထိုစဉ်က တပ်မတော်အရာ ရှိဖြစ်ခဲ့သူတစ်ဦးက ဦးအောင်ဖေ ကို ရင်းနှီးခင်မင်ခြင်း မရှိသော် လည်း မှန်ရာကိုသာ လုပ်သူဟု လူသိများကြောင်း၊ ယင်းအတွက် ဥပဒေကို ဘောင်ကျော်လုပ်လို သော ထိုစဉ်က ထောက်လှမ်းရေး အဖွဲ့များ၏ အမုန်းကိုခံရကြောင်း အမှတ်တရပြောပြသည်။ ‘‘သူတို့ က ဦးအောင်ဖေကို ဖယ်ရှားဖို့ အ ပြစ်ရှာလို့လည်း မရနိုင်တော့ စိတ် ဓာတ်စစ်ဆင်ရေးတစ်ခုလုပ်တယ် ဗျ။ အဲဒါကတော့ ‘အောင်ဖေ၊ ညောင်းတော့’ ဆိုတဲ့ ဗန်းစကား တစ်ခုထွင်ပြီး လူငယ်တွေထဲမှာ ခေတ်စားအောင် လုပ်ခဲ့တာပဲ’’ ဟု ထိုပုဂ္ဂိုလ်က ဆိုသည်။ ယင်း အချက် မှန်၊ မမှန် အတည်မပြု နိုင်သော်လည်း အကျိုးအကြောင်း ဆီလျော်သည်ဟု ယူဆရသည်။

ဦးအောင်ဖေကို အပြစ်တင် ရမည်ဆိုလျှင် သူက ပကာသနကို မုန်းသည်၊ ပြည်သူ့ငွေကို အလ ဟဿမကုန်စေလို၊ ထို့ကြောင့် တရားရုံးများတွင် တရားသူကြီး များသည် ရုံးထိုင်နေရသော သ ဘာဝရှိနေခြင်းကြောင့် ကားမလို ဟုဆိုကာ ကားမ၀ယ်သဖြင့် ထို ကာလက တရားသူကြီးအဖွဲ့တွင် ကားရှားလှသည် ဆိုကြသည်။

တစ်ဝင်းထဲရှိ ပြည်သူ့ဥပဒေအ ကျိုးဆောင်အဖွဲ့ကတော့ ကား ပေါပြီး သူ့ဌာနက ရှားနေခြင်း ဖြစ် သည်။ တစ်ကြိမ်မှာတော့ ပြည်သူ့ ဥပဒေ အကျိုးဆောင်အဖွဲ့ရုံးဘက်က ရုံးနံရံကို ထွင်းပြီး အခန်း ဖွဲ့သည်မျိုး လုပ်သဖြင့် ဦးအောင် ဖေက ယင်းဌာနကိုခေါ်ပြီး တရား ရုံးချုပ် အဆောက်အအုံမှာ ရှေး ဟောင်း အဆောက်အအုံဖြစ် သည့်အတွက် တန်ဖိုးထားရန်လို ကြောင်း၊ တော်ရုံဖြင့် ဖောက်ထွင်း ခြင်း၊ ဖျက်ဆီးခြင်းမလုပ်ရန် တားမြစ်သည်ဟု ဆိုသည်။ ရှေး ဟောင်းအဆောက်အအုံ ထိန်းသိမ်းမှုအမြင်ခေတ်မစားလှသေးသော ထိုကာလက ထူးခြားသော အသိအမြင်မျိုး ဖြစ်နေခဲ့သည်ဟု တရားရေးအငြိမ်းစားအရာရှိ တစ်ဦးက ပြောသည်။

သူ့ရုံးအရာထမ်းဖြစ်ခဲ့သူ တစ်ဦးက ထိုစဉ်ကာလကတည်း က ပြန်ပြောပြဖူးသည့် ဖြစ်ရပ် တစ်ခုကိုလည်း အမှတ်တရ ဖော် ပြလိုပါသည်။ ယင်းကိစ္စမှာ ပ လက်ဖောင်းဈေးသည်များ ပ ပျောက်ရေးအတွက် ရန်ကုန်တိုင်း ပြည်သူ့ကောင်စီက ဂဠုန်စီမံချက် ဖြင့် ဖမ်းဆီးပြီး ထိုဈေးသည်များ ကို ရန်ကုန်တိုင်းအတွင်းမှ နှင် ထုတ်ပစ်ခြင်းဖြင့် ပလက်ဖောင်း ဈေးသည် မျိုးပြတ်သွားစေရေးကို လုပ်ဆောင်ရန် စီမံချက်တွင် ပါ ၀င်သည်ဟု ဆိုသည်။ ယင်းစီမံ ချက်ကို အားလုံးက သဘောတူ သော်လည်း တရားသူကြီးဥက္ကဋ္ဌ က သဘောမတူ။ ‘‘မင်းတို့ဈေး သည်ကို လမ်းပိတ်ဆို့မှုနဲ့ ဖမ်းလို့ ရမယ်၊ ရန်ကုန်တိုင်းထဲက မောင်း ထုတ်ဖို့ဆိုတာက ဥပဒေနဲ့မညီ ဘူးကွ၊ အခြေခံဥပဒေထဲက ‘နိုင် ငံသားတိုင်းသည် မည်သည့်ဒေသ ၌မဆို အခြေစိုက်နေထိုင်ခွင့်ရှိရ မည်’ ဆိုတဲ့ အချက်နဲ့ ငြိနေတယ်။ အဲဒါ မင်းတို့လုပ်ချင်ရင် အခြေခံ ဥပဒေကို အရင်ပြင်’’ ဟု ဆိုခဲ့ သောကြောင့် ပလက်ဖောင်းဈေး သည်ကို လုံးဝမျိုးဖြုတ်ဖို့စီမံချက် မအောင်မြင်ခဲ့ဟုဆို၏။ ထိုစဉ်က ထိုပုဂ္ဂိုလ်က သရော်တော်တော် ပြောခဲ့သော ‘‘နောင်ကို ခင်ဗျား ပလက်ဖောင်းဈေးသည်တွေ ရန် ကုန်မှာ ဆက်တွေ့နေဦးမယ်ဆို ရင် အဲဒါဟာ ဥပဒေမျက်နှာ တစ် ခုတည်းကို ကြည့်တဲ့ ဦးအောင်ဖေ ကြောင့်လို့သာ မှတ်ပေတော့ဗျာ’’ ဆိုသည်ကိုလည်း ဈေးသည်များ ကို တွေ့တိုင်း သတိရနေမိသည်။

ဦးအောင်ဖေ ကွယ်လွန်ချိန် တွင်လည်း သူ့ဆန္ဒအတိုင်း အမြန် ဆုံးချရန်၊ အသုဘကို ပကာသန ဖက်ပြီး မချဲ့ရန်တို့ မှာခဲ့သည့်အ တွက် မိသားစုနှင့် အလွန်နီးစပ်သူ တို့သာ သိခွင့်ရပြီး ခပ်ကျဉ်းကျဉ်း ပဲ သင်္ဂြိုဟ်ခဲ့သည်ဟု ကြားသိရ သည်။ ဥပဒေတစ်မျက်နှာကိုသာ ကြည့်ကာ ဆုံးဖြတ်လုပ်ကိုင်လေ့ ရှိသည့် သူရဦးအောင်ဖေက တ ရားစီရင်ဆုံးဖြတ်သည်ဆိုသည် မှာ စိတ္တသတ္တိလိုအပ်ပြီး သူရဘွဲ့ တစ်ခုတည်းနှင့်ပင် မလုံလောက် ကြောင်း ပြောခဲ့ဖူးသည်ဟု ဆရာ ဇေယျာမိုးမြင့်စံ၏ ဆောင်းပါး တစ်ပုဒ်တွင် ကိုးကားဖော်ပြထား သည်ကို မကြာမီက ဖတ်ရဖူးပါ သည်။

ဥပဒေပညာရှင် မဟုတ်ပါ ဘဲလျက် ဥပဒေကို လိုက်နာလေး စားတတ်သော စိတ်ဖြင့် ထဲထဲဝင် ၀င် ကြိုးစားလေ့လာပြီး ဥပဒေအ တိုင်းလုပ်ဖို့ ကိုယ်တိုင်လည်းကြိုး စား၊ အများကိုလည်း သွန်သင် တတ်သော သူရဦးအောင်ဖေတစ် ယောက် မကွယ်လွန်မီ ဆယ်စုနှစ် ကာလနှစ်ခုခန့်အတွင်းတွင် ဥပဒေပညာရှင်ဟု ဆိုသူကြီးများက ဥပဒေမျက်နှာထက် အခြားမျက်နှာများကို ပိုကြည့်ပြီး ဘယာဂတိ၊ လာဘဂတိများဖြင့် မျက်စိမှိတ်လုပ်ခဲ့သည့်အတွက် သမိုင်းမှာ အမည်းစက်များ ထင်ကျန်ခဲ့သည် ကို သတိထား သိမှတ်မိမှာ သေချာပါသည်။ ယင်းအမှားအယွင်းများအတွက် ဥပဒေဘက်တော်သားတစ်ဦးအနေဖြင့် ကြေကြေကွဲကွဲ ခံစား ကောင်းခံစားခဲ့ရလိမ့်မည်ဟု စာနာတွေးတောမိရင်း ဥပဒေပညာရှင်ဆိုသူများထက် ဥပဒေကို ပိုချစ်ခဲ့သူအကြောင်း ဂုဏ်ပြုမှတ်တမ်းတင် လိုက်ရပါသည်။

Aye Chan Mon Credit To: http://7daydaily.com/
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top