0


ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တိုင်းရင်းသားခေါင်းဆောင်းများ၊ ၈၈ ကျောင်းသားများ၊ အနုပညာရှင်များ ပူးပေါင်း ပါဝင် လက်မှတ်ရေးထိုး

မဇ္ဈိမသတင်းအဖွဲ့| ACM Re-Post 28-5-2014

မြို့ကြီး ၁၇ မြို့နယ်တွင် ရက်သတ္တပတ်ရှစ်ပတ်ခန့် ထောက်ခံလက်မှတ်ကောက်ယူမည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို မေလ ၂၇ ရက်က စတင်လိုက်ပြီဖြစ်သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရာတွင် အဟန့်အတားဖြစ်နေသည်ဟု ဆိုသည့် အဆိုပါ ပုဒ်မ-၄၃၆ ပြင်ဆင်နိုင်ရေးအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းလှုပ်ရှားခဲ့ခြင်းဖြစ်သည်။

တစ်နိုင်ငံလုံးလက်မှတ်ရေးဆန်္ဒဖော်ထုတ်သည့်ကမ်ပိန်းတစ်ရပ်ကို မေလ ၂၇ ရက်၌ ဥတ္တရသီရိမြို့နယ်၊ အင်န်အယ်လ်ဒီပါတီရုံးတွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်မှတ်ရေးထိုး စတင်လိုက်ခဲ့ခြင်းဖြစ် သည်။

ထိုကဲ့သို့ပင် ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရုံးချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့်ပွင့် လင်း လူ့အဖွဲ့အစည်းရုံးတို့တွင် ပုဒ်မ-၄၃၆ ပြင်ဆင်နိုင်ရေး၊ ထိုအဖွဲ့အစည်းနှစ်ခု၏ ရုံးခွဲများတွင်အများပြည် သူများ ထောက်ခံမဲလက်မှတ်များ ကောက်ယူခဲ့ကြသည်။ထိုလက်မှတ်ကောက်ခံခြင်းကို မြို့နယ်ပေါင်း ၁၇ မြို့နယ်အပြင် ပြည်ပနိုင်ငံများမှ မြန်မာများထံမှလည်း မေ ၂၇ ရက်မှ ဇူလိုင်လ ၁၉ ရက်အထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီ ကောက်ခံသွားမည်ဖြစ်ပြီး ထိုထောက်ခံလက်မှတ်များကို စုစည်းကာ သမ္မတနှင့် ကာကွယ်ရေး ဦးစီးချုပ်တို့ထံ ပေးပို့သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံသားအဖြစ် ခံယူထားဆဲ ဖြစ်သည့် ပြည်ပရောက်နိုင်ငံသားများ၊ ပြည်ပရောက် အလုပ်သမား များအား ဆန္ဒ ကောက်ယူနိုင်ရန်လည်း AAPP က ကူညီသွားမည်။

အခန်း (၁၂) ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်းပါ ပုဒ်မ ၄၃၆ ၊ အပိုဒ်ခွဲ (က)မှာ ဖွဲ့စည်းပုံအခြေ ခံဥပဒေပါ အခန်း(၁)မှ အခန်း (၁၂) ရှိ ပုဒ်မများကို ပြင်ဆင်လိုပါက ပြည်ထောင်စုလွှတ်တော်ရှိ ကိုယ်စား လှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် သဘောတူလက်ခံရမည်ဖြစ်ပြီး၊ထပ်မံ၍ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပကာ မဲပေးပိုင်ခွင့်ရှိသူအားလုံးတို့၏ ထက်ဝက်ကျော်ဆန္ဒမဲ ရရှိမှသာ ပြင်ဆင်နိုင်မည်ဟု ပြဋ္ဌာန်းထား သည်။

ပုဒ်မခွဲ(ခ)တွင် အပိုဒ်ခွဲ(က)ကို ပြင်ဆင်လိုပါက ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာ ခိုင်းနှုန်းကျော် လက်ခံသဘောတူရမည်ဟု ထပ်မံပြဋ္ဌာန်းထားသည်။

နေပြည်တော်

မေလ ၂၇ရက် နံနက် ၉နာရီကပင် ဥတ္တရသီရိမြို့နယ်၊ အင်န်အယ်လ်ဒီ ပါတီရုံးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၄၃၆ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကိုယ် တိုင်လက်မှတ်ရေးထိုး စတင်လိုက်သည်။

ဖွဲ့စည်းပုံအခြေခံဥပေဒပြင်ဆင်ရေးနှင့်ပတ်သက်၍ အဖွဲ့အ စည်းအချို့စွပ်စွဲပြောကြားနေသကဲ့သို့ မတည်ငြိမ်မှုကိုဖြစ်ပေါ်စေသည်ဟု ဆိုသည့်အချက်မှာ မဟုတ်မှန်ဘဲ တည်ငြိမ်အေးချမ်းမှုအတွက် ပြင်ဆင်ရန် ကြိုးပမ်းခြင်းသာဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။

၎င်းက “ကျွန်မတို့ တစ်နိုင်တစ်ပိုင် လက်မှတ်ထိုးဆန္ဒဖော်ထုတ်တဲ့နည်း သုံးတာပါ”ဟု ဆိုသည်။

၄၃၆ ပြင် ရန်ခက်သလား

ပုဒ်မ ၄၃၆ ပြင်လိုခြင်းသည် ပြည်သူရွေးချယ်ထားသည့် လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာ ခိုင်နှုန်းက အခြေခံဥပဒေပြင်ဆင်ရာတွင် အဓိကမကျဘဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တစ်ဦးတည်းက ရွေးချယ် ထားသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်၂၅ ရာခိုင်နှုန်း၏အဆုံးအဖြတ်ဖြစ်နေသည့် အ တွက် ထိုပုဒ်မကို ပြင်ဆင်လိုခြင်းဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်ကဆိုသည်။

တပ်မတော်သားများနှင့် တပ်မိသားစုများနေထိုင်သည့် ဇေယျာသီရိမြို့တွင် ၎င်းက “ကျွန်မတို့ဆီမှာ ခန့် မှန်း လူဦးရေသန်း ၆၀ ရှိတယ်။ တပ်မတော်က ငါးသိန်းလောက် ရှိတယ်။ ဒါဆိုရင် သန်း ၆၀ ရဲ့အထက်ကို ငါးသိန်းက ရောက်နေတဲ့သဘောဖြစ်နေပါတယ်” ဟု ပြောသည်။

ရန်ကုန်

ပုဒ်မ-၄၃၆ ပြင်ဆင်ရေး လက်မှတ်ကောက်ခံခြင်းကို ရန်ကုန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် နံနက် ၉ နာရီတွင် စတင်ခဲ့သည်။ထိုလက်မှတ်ကောက်ခံသည့် အစပထမနေ့မှာပင် ရုပ်ရှင်၊ ဗီဒီယိုနှင့် ဂီတ
လောကမှ အနုပညာရှင်များ၊ ရဟန်း ရှင်လူ ပြည်သူများ လာရောက်လက်မှတ်ရေးထိုးခဲ့ကြသည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို

အလုပ်မှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက “ပုဒ်မ ၄၃၆ ကို အဝေးဆုံး လွင့်သွားအောင် လုပ်တဲ့ပွဲပဲ။ ကျွန် တော်တို့ တညီတညွှတ်တည်း အဝေးကိုရောက်အောင် တွန်းကြမယ်” ဟု ပွဲအဖွင့်စကားအဖြစ် ပြောဆို သည်။

ညနေ ၁ နာရီတွင် ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းရုံးတွင် လက်မှတ်စတင်ကောက်ခံ ခဲ့ သည်။ထိုရုံးတွင် တိုင်းရင်းသားပါတီခေါင်းများ၊အရပ်ဘက်အဖွဲ့အစည်းများ၊တက္ကသိုလ်ကျောင်းသားအဖွဲ့အ စည်းများနှင့် ပြည်သူများ လက်မှတ်ရေးထိုးပေးခဲ့ကြသည်။

၈၈မျိုးဆက် နှင့် NLD ပူးပေါင်းကာ ဆန္ဒကောက်ယူရသည်မှာ လွှတ်တော်ရှိရွေးကောက်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းမှာ အသံတိတ်နေပြီး ယနေ့ထိ ပြတ်သားသည့် ဆုံးဖြတ်ချက် မပေးသဖြင့်ပြည်သူ့အသံများကို ထိုလွှတ်တော်ကိုယ်စားလှယ်များ သိရှိစေရန် လှုပ်ရှားရသည့် အခြေအနေတစ်ခုလည်း ဖြစ်သည်ဟု ၈၈ မျိုးဆက် ဦးဂျင်မီက ပြောသည်။

ပုဒ်မ ၄၃၆ မှာ မဲဆန္ဒရှင်အားလုံးတို့က ပြင်ချင်သည်ဟု ဆိုသော်လည်း ပြင်နိုင်သည့်အနေအထားတွင် မရှိ စေရန် ကန့်ကွက်ထားသဖြင့် နိုင်ငံသားများ၏ ဂုဏ်သိက္ခာကို ထိခိုက်နေသကဲ့သို့ တပ်မတော်နှင့် နိုင်ငံ
သားများ တသားတည်းဖြစ်စေရန် ဟန့်တားနေသည့် ပုဒ်မလည်း ဖြစ်သည်ဟု ၈၈မျိုးဆက် ဦးကိုကိုကြီးက ဆိုသည်။

နေပြည်တော် ပြည်သူများ အမြင်

ဒေါ်အောင်ဆန်းစုကြည်၏နေပြည်တော်သီရိငါးမြို့နယ်တွင် ကျင်းပသည့်အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင် ရေးသို့ တက်ရောက်သည့်သူများမှ ၁၅ ဦးအား မဇ္ဈိမက မေးမြန်းရာ ၁၀ ဦးက အခြေခံဥပဒေကိုနားမ လည်သော်လည်း ဒေါ်အောင်ဆန်းစုကြည်အား ယုံကြည်၍ လက်မှတ်ထိုးခြင်းဟု ဖြေဆိုသည်

ကျန်ငါးဦးအနက် သုံးဦးမှာ အခြေခံဥပဒေကို ကျွမ်းကျင်စွာသဘောမပေါက်သော်လည်း ပြည်တွင်းသတင်း စာ၊ ရေဒီယိုများနားထောင်မှုအရ ၄၃၆ သည်အခြေခံဥပဒေပြင်ဆင်ရာတွင် အရေးကြီးသည်ဟု သဘော ပေါက်သည်ဟု ဖြေကြားပြီး ကျန်နှစ်ဦးမှာ အခြေခံဥပဒေပြင်ဆင်ရေးကဲ့သို့ လယ်ယာမြေပြဿနာများဖြေရှင်း ရေး သည်လည်းအရေးကြီးသည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံပြင်ဆင်နိုင်ရန် မျှော်လင့်ချက်သက်သက်သာမဟုတ်ဘဲ အလုပ်ပါ သည့်၊ ၀ီရိယပါသည့်၊ အားထုတ်မှုပါသည့် မျှော်လင့်ချက်ဖြစ်ရန်လည်း ပြည်သူများအား တိုက်တွန်း လိုက် သည်။

ဖွဲ့စည်းပုံကို ထောက်ခံ

နေပြည်တော်တွင် အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးလူထုလက်မှတ်ကောက်ခံပွဲကိုဆန့်ကျင် သည့် လှုပ်ရှားမှုအချို့ ရှိခဲ့သည်။ အခြေခံဥပဒေပုဒ်မ ၄၃၆ မပြင်ဆင်ရေး၊ ၅၉(စ) မပြင်ဆင်ရေးအား ဆိုင်းဘုတ် ကိုင်ဆောင် ဆန္ဒဖော်ထုတ်မှုအချို့လည်း ရှိခဲ့သည်။

အနုပညာရှင်၏ အမြင်

ဒါရိုက်တာ ၀င်းထွန်းထွန်း

“လုပ် သင့်တာကို ရဲရဲဝံ့ဝံ့ လုပ်ရမယ့်အချိန် ရောက်နေပါပြီ။ နိုင်ငံရေးလှုပ်ရှားမှုက အရင်ကတည်းက အား နည်းတယ်။ လိုအပ်လာရင် နေရာတိုင်းမှာ ပါဝင်လှုပ်ရှားဖို့ ရှိပါတယ်” ဟု ပြောသည်။

အဆိုတော် အနဂ္ဂ

“အသည်းကြားက မဲတစ်ပြားဆိုသလို ကျွန်တော်တို့ရဲ့ အခြေခံဥပဒေပြင်ဆင်ဖို့ လတ်မှတ်ကလည်း အဲ့ လိုပဲ တန်ဖိုးအရမ်းကြီးမားပါတယ်”

တိုင်းရင်းသားဒေသများ အခြေအနေ

တိုင်းရင်းသားဒေသများတွင် တိုင်းရင်းသား ဘာသာစကားဖြင့် ဟောပြောပွဲများပြုလုပ်ပြီးလက်မှတ် ကောက်ယူမည်ဟု ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့ အဖွဲ့အစည်းဝင်ကိုဂျင်မီကဆိုသည်။

တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ အစည်းထိန်းချုပ် ဧရိယာများတွင်လည်း ဆန္ဒကောက်ယူမှုများ ပြုလုပ်နိုင် ရန်လည်း တိုင်းရင်းသား အဖွဲ့အစည်းများမှ အဆင့်ဆင့်ချိတ်ဆက်နိုင်ရန် ကြိုးပမ်းသွားမည်ဟုပြောသည်။

ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးခွန်ထွန်းဦးကမူ “ရှမ်းဘက်မှာဆိုရင်တော့ တိုင်းရင်းသားထိန်းချုပ် ဧရိယာဖြစ်တဲ့ ၀ တို့ ပလောင်တို့မှာ ၀င်ဖို့မလွယ်တာတွေရှိတယ်။ သို့ပေမယ့် ကြားခံအဖွဲ့တွေ ဒေသခံ တိုင်းရင်းသားအဖွဲ့တွေနဲ့ ချိတ်ဆက်နိုင်ဖို့ ကျွန်တော် ကြိုးပမ်းပါမယ်” ဟု ဆိုသည်။

ကျောင်းသားများ လက်မှတ်ထိုးမည်

တက္ကသိုလ်တွင်း ကျောင်းသားများပါဝင် ဆန္ဒပြု လတ်မှတ်ရေးထိုးနိုင်ရန်လည်း ဆောင်ရွက်သွားမည်ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုဇေယျာလွင်က မဇ္ဈိမကို ပြောသည်။

“ပုဒ်မ ၄၃၆ ပြင်ဆင်ရေးက တစ်နိုင်ငံလုံးနဲ့ဆိုင်တယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ကျောင်းသားတွေနဲ့လည်း ဆိုင်တယ်” ဟု ၎င်းက ပြောသည်။တက္ကသိုလ် ကျောင်းသားများအား လက်မှတ်ရေးထိုးရေး အစီအစဉ်တွင် အသက်မီသည့် ကျောင်းသားများကိုသာ ဆန္ဒပြုစေရန်ဆောင်ရွက်မည်ဖြစ်ပြီး တက္ကသိုလ်ကျောင်းသားထု ပါဝင်လာနိုင်ရန် ကျောင်းတိုင်းတွင် ကောက်ခံမည့် စာရွက်များ ဝေငှပြီး လုပ်ဆောင်မည်ဟုကိုဇေယျာလွင် က ဆိုသည်။

အငှားယာဉ်မောင်း၏ အမြင်

အငှားယာဉ် တက္ကစီမောင်းသည့် အလုံမြို့နယ်နေ ဦးအောင်ခိုင်က - “ကျွန်တော်တို့ လက်မှတ်မထိုးလို့ မရဘူး။ ဒါက မဖြစ်မနေ ပါဝင်ရမယ်၊ ကျွန်တော်တို့ နောက်ရက်ကို မိသားစုနဲ့အတူ တစ်အိမ်လုံး လက် မှတ်သွားထိုးမယ်” ဟု ပြောသည်။ ဗိုလ်တထောင်မြို့နယ်မှ ဦးလှရွှေက“ပြင်စေချင်လို့ကို လာထိုးတာ။ မှန်မှန်ကန်ကန် တိတိကျကျ ဖြစ်အောင် ပြင်စေချင်လို့၊ ဒီကို လက်မှတ်လာထိုးပြီးမှ နိုင်ငံသားတစ်ယောက် အနေနဲ့ တာဝန်ကျေသွားတယ်လို့ ခံစားရတယ်” ဟု ပြောသည်။

စီးပွားရေးလုပ်ငန်းရှင်တို့၏ အမြင်

ဒေါက်တာစိုးထွန်း (မြန်မာနိုင်ငံဆန်စပါးအသင်ချုပ်တွဲဖက်အတွင်းရေးမှူး)“အဓိကပြင်ရမှာက လွှတ်တော် ပဲ။ ဒါကြောင့် လွှတ်တော်ပိုင်းက ဆွေးနွေးရင် ပိုကောင်းပါတယ်။ အခုအပြင်ကနေလုပ်တာတွေက နိုင်ငံ တော်ရဲ့ငြိမ်းချမ်းရေးကိုလည်း စဉ်းစားသင့်ပါတယ်။ နိုင်ငံတော်ကို တည်တည်ငြိမ်ငြိမ်လေးပဲ ဖြစ်စေချင် တယ်။ကျွန်တော့အနေနဲ့ကတော့ ပြင်သင့်တယ် လို့ယူဆပါတယ်။”

ဦးလှမောင် (ဥက္ကဋ္ဌ-ပုဂံရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ)

ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးဆိုတာထက် လူမျိုးရေးဘာသာရေးပဋိပက္ခပြဿနာကမှ နိုင်ငံခြားရင်းမြုပ်နှံမှုကို ပိုပြီးထိခိုက်စေတဲ့အတွက် စီးပွားရေးပိုထိခိုက်သေးတယ်။ ဖွဲ့စည်းပုံ ပြင်တယ် မပြင်ဘူးဆိုတာက ပြည် တွင်းမငြိမ်သက်မှု ပြဿနာ အဆင့်ပါပဲ။ ပြည်တွင်းမငြိမ်မသက်ဖြစ်တာတွေက မရှိရင်တော့ အကောင်းဆုံး ပေါ့” ဟု ပြောသည်။

လယ်ဝေးမြို့တွင် လက်မှတ်ကောက်မည်

အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးအား နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်တွင် ဇွန်လ ၁ ရက်တွင် ထပ်မံကျင်းပမည်ဟု အင်န်အယ်လ်ဒီပါတီတာဝန်ရှိသူတစ်ဦးက ပြောသည်ထို့ပြင် နေပြည်တော် ရှိ အခြားကျန်ရှိသည့် ပျဉ်းမနားနှင့် တပ်ကုန်းမြို့နယ်များတွင် ကျင်းပရန်စီစဉ်သွားမည်ဟု ၎င်းက ပြော သည်။

Aye Chan Mon Credit To:Mizzima - News in Burmese
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top