0

မြန်မာနိုင်ငံအပေါ်အမေရိကန်ပြည်ထောင်စုက ပိတ် ဆို့ထားဆဲဖြစ်သော စီးပွားရေး ပိတ်ဆို့မှုအချို့ကို သမ္မတအိုဘား မားက ကြာသပတေးနေ့ (မေလ ၁၅ ရက်)တွင် သက်တမ်းတစ်နှစ် ထပ်မံတိုးမြှင့်လိုက်သည်။

မြန်မာနိုင်ငံ၌ နိုင်ငံပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရာတွင် တိုးတက်မှုအချို့ရှိသော်လည်း လို အပ်သောအဆင့်များ ရှိနေသေး သည်ဟု သမ္မတအိုဘားမားက အမေရိကန်လွှတ်တော်သို့ ပေးပို့ သောစာတွင် ပြောကြားထား သည်။

အဆိုပါစာတွင် အမေရိကန် စီးပွားရေးလုပ်ငန်းများနှင့် စီးပွား ရေးလုပ်ငန်းရှင်များကို ၁၉၉၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ဖြစ်ပေါ် ခဲ့သော ဒီမိုကရေစီရေးလှုပ်ရှားမှု များ ဖိနှိပ်ရာတွင် ပါဝင်ခဲ့သူ များနှင့် စီးပွားရေးအတူတွဲလုပ် ခြင်းမပြုအောင် တားမြစ်ထား သော အမျိုးသားအရေးပေါ် ဥပဒေကို ၎င်းက နောက်ထပ်တစ် နှစ်သက်တမ်းတိုးလိုက်ခြင်းဖြစ် သည်ဟု အိုဘားမားကလွှတ်တော် အား အသိပေးခြင်းဖြစ်သည်။

၂၀၁၂ ခုနှစ်တွင် မြန်မာ နိုင်ငံသို့ သမ္မတအိုဘားမားလာ ရောက်ခဲ့ပြီး မြန်မာအစိုးရသည် အရေးပါသောအချက်များဖြစ် သည့် နိုင်ငံရေးအကျဉ်းသား ၁,၁၀၀ ကျော်ကိုလွှတ်ပေးခြင်း၊ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ ရေးကို တိုးတက်အောင်ပြုလုပ် ခြင်း၊ သမဂ္ဂများတရားဝင်ဖွဲ့စည်း ခွင့်ပေးခြင်းနှင့် အလုပ်သမားတို့ ၏ အဆင့်အတန်းများတိုးတက် အောင်ပြုလုပ်ခြင်းတို့ဖြင့် ပြုပြင် ပြောင်းလဲရေးတွင် တိုးတက်မှု အချို့ရှိခဲ့သည်ဟု ပြောကြားခဲ့ သည်။

သို့ရာတွင် ‘‘မြန်မာက ပြုပြင် ပြောင်းလဲရေးတွေမှာ အကြီးအ ကျယ်လုပ်ခဲ့ပေမယ့် နိုင်ငံရဲ့အခြေ အနေက ပုံမှန်မဟုတ်ဘဲ အမေရိ ကန်ပြည်ထောင်စုရဲ့ အမျိုးသား လုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒကို လွန်လွန်ကဲကဲ ခြိမ်းခြောက်မှုတွေ ဆက်ဖြစ်လာနေတယ်’’ ဟု သမ္မတအိုဘားမားက ပြောကြား ထားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေး ပွင့်လင်းမှု တိုးတက်လာနေဆဲ ဖြစ်သလို ရခိုင်ပြည်နယ်ကဲ့သို့ တိုင်းရင်းသား လူနည်းစုဒေသများတွင် ပဋိပက္ခများ၊ လူ့အခွင့် အရေးချိုးဖောက်မှုများနှင့် ပတ် သက်ပြီး စိုးရိမ်စရာများ ရှိနေ ဆဲဖြစ်သည်။ ထို့အပြင် စစ် တပ်ကလည်း နိုင်ငံ၏ နိုင်ငံရေး နှင့် စီးပွားရေးလုပ်ဆောင်မှုများတွင် ဆက်လက်ပါဝင်ပတ်သက်နေဆဲ ဖြစ်သည်ဟု ၎င်းက ဆိုသည်။

၁၉၉၆ ခုနှစ်က ချမှတ်ခဲ့ သည့် မြန်မာစစ်ဗိုလ်ချုပ်များ နှင့် စီးပွားရေးသမားများ၊ မိသား စုများအပေါ် အမေရိကန်ဝင်ခွင့် ဗီဇာပိတ်ဆို့ထားခြင်းကိုမူ သမ္မတ အိုဘားမားက လွန်ခဲ့သောတစ် နှစ်က ဖယ်ရှားပေးခဲ့သည်။

သမ္မတအိမ်ဖြူတော် အမျိုး သားလုံခြုံရေးဆိုင်ရာ ပြောခွင့်ရ ပုဂ္ဂိုလ် ပက်ထရစ် ဗန်တဲလ်က မြန်မာနိုင်ငံ ရခိုင်ဒေသတွင် လူမှု ရေး အကူအညီများ အပါအဝင် အစ္စလာမ်ဘာသာဝင်များနှင့် အခြားလူနည်းစုများအပေါ် အကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး ပြဿနာများ သိသိသာသာရှိနေဆဲဖြစ်သည်ဟု ဆိုသည်။

အမေရိကန်ပြည်ထောင်စု က ပိတ်ဆို့မှုအတော်များများ ရုပ်သိမ်းထားသော်လည်းနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို နောက် ပြန်လှည့်စေမည့်အဖြစ်မျိုးမှ ကာ ကွယ်ထိန်းသိမ်းနိုင်ရန် သမ္မတ အိုဘားမားက ကျန်ရှိသေးသော ပိတ်ဆို့မှုအချို့ကို သက်တမ်းတိုး လိုက်ခြင်းဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

(ရိုက်တာသတင်းကို ထားထားမြင့် ဘာသာပြန်ဆိုသည်။)

Aye Chan Mon# Credit To :http://7daydaily.com/
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
1

Post a Comment

 
Top