0

Author အေးလပြည့်

ရန်ကုန်မေ၁။ ။အဆိုတော်မီးမီးခဲနဲ့သူ့ခင်ပွန်းဖြစ်သူ အဆိုတော်ထူးအယ်လင်းတို့ဧပြီလ၃၀ရက်နေ့ နေ့လည်

၂း၂၀ နာရီလောက်မှာ ရုံးတော်က တရားဝင်ကွာရှင်းခွင့်ပြုလိုက်ကာ ပိုင်ဆိုင်ခွင့်ကိုတစ်ဝက်ဆီခွဲပေးဖို့

အမိန့်ချလိုက်က အသက် ၄နှစ်ခွဲအရယ်သမီးလေးကိုလည်း အဆိုတော်မီးမီးခဲက အုပ်ထိန်းခွင့်ရရှိခဲ့ပါတယ်။

အဆိုတော်မီးမီးခဲက “သမီးရှိရင် အမဘ၀ပြည့်စုံပါပြီ။အမဘ၀မှာ သမီးရယ်၊မြူးဇစ်ရယ်၊

ပဲရှိပါတယ်။အမတို့အနုပညာ အသိုင်းအ၀ိုင်းကရော၊အမအမေ၊အမရဲ့အမ မကဗျာတို့ကလည်းနှစ်သိမ့်မှုပေး

ကြပါတယ်။အမတကိုယ်တော်ခွေမှာကိုယ်ပိုင်သံစဉ်တွေနဲ့ သီချင်းတွေအမကိုယ်တိုင်ရေးထားတဲ့အခွေ

ကလုပ်ပြီးသားရှိပါတယ်။ပိုက်ဆံမရှိသေးလို့မထုတ်နိုင်သေးတာပါ” လို့ပြောပါတယ်။

အဆိုတော်မီးမီးခဲနဲ့ အဆိုတော်ထူးအယ်လင်းတို့နှစ်ယောက်က ၂၀၀၃ ခုနှစ်တုန်းက လက်

ထပ်ခဲ့တာဖြစ်ပါတယ်။အိမ်ထောင်သက် ၆နှစ်ကျော်လောက်မှကလေးယူခဲ့ကြတာပါ။သမီးလေး ၂ နှစ်

ခွဲလောက်ကတည်းက အတူမနေဖြစ်တော့တာဖြစ်ပြီး အဲ့သည့်အရွယ်ကတည်းက မီးမီးခဲအနေနဲ့မိခင်နဲ့

အတူနေထိုင်ခဲ့တယ်လို့ သိရတယ်။ဘယ်သူမှန်တယ်မှားတယ်ဆိုတာ အချိန်ကသက်သေပြသွားမှာ

ဖြစ်ကြောင်းဆိုပါတယ်။

အဆိုတော်မီးမီးခဲအနေနဲ့လက်ရှိမှာ သီချင်းတွေရေးနေသလို၊ရှိုးပွဲတွေမှာလည်းလိုက်ဆိုဖြစ်တယ်

လို့သိရတယ်။

မီးမီးခဲက “မစ်ကောလ်ဆိုတဲ့အခွေလေးမှာ သီချင်းလေးပုဒ်ပါတယ်။အခွေ၂၀၀၀ပဲ

ပရိတ်သတ်ဆီဖြန့်နိုင်ခဲ့တယ်။ကြယ်ကြွေလမ်းခွဲတို့၊ငါ့အကြောင်းနဲ့ငါ့ကံတို့၊အဖြည့်ခံဆူးတို့ ပါ။သီချင်းလေး

ပုဒ်လုံးအမရေးခဲ့တာပါ။ပရိတ်သတ်ကြီးကိုအွန်လိုင်းမှာနားထောင်ကြည့်ပါဦးလို့ပြောချင်ပါတယ်။အချစ်

ကြောင့်ပေးဆပ်ခဲ့ရတာတွေပြီးပြီ။အမဖြူစင်တဲ့မေတ္တာနဲ့အသက်ဆက်ချင်တယ်။အမကိုရောသမီးလေးကိုရော

အားပေးကြပါဦး။အမရဲရင့်တဲ့အမေတစ်ယောက်အဖြစ်အသက်ဆက်သွားမှာပါ” လို့ပြောပါတယ်။

တရားဝင်လင်မယားအဖြစ်မှကွာရှင်းပြတ်စဲရေးနှင့် လင်မယားနှစ်ဦးပိုင်ပစ္စည်းများအား ခွဲဝေပေးစေလိုမှု အတွက် မီးမီးခဲဘက် မှ တောင်းဆိုခဲ့တာဖြစ်ပါတယ်။နှစ်ဦးပိုင်အိမ်ကို ၂၇ ရက်နေ့မှာ

ဝရမ်းကပ်မယ်လို့သိရတယ်။

Aye Chan Mon# Credit To : The Modern News Journal > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
1

Post a Comment

 
Top