ACM Re-Post 25-5-2014
အုပ်ချုပ်ရေး မဏ္ဍိုင် ပြုပြင်ပြောင်းလဲရေး လုပ်ရာ၌ အောက်ခြေနှင့်အလယ်အ လတ်အဆင့် ၀န်ထမ်းများ မပြောင်းသေးကြောင်း အထင်သေး အပြစ်တင် အပြောခံရသည့်အတွက် စိတ်မကောင်းဖြစ်ရသည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။
‘‘ကျွန်တော်တို့ဝန်ထမ်းတွေ လုပ်ဖော်ကိုင်ဖက်တွေကို အပြစ် တင်၊ အထင်သေး အပြောခံရတဲ့ အတွက် စိတ်မကောင်းပါဘူး’’ ဟု သူရဦးရွှေမန်းက ၎င်း၏ မဲဆန္ဒ နယ်မှ ပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာမ၊ ကျောင်းသူကျောင်းသား များ၊ ရပ်မိရပ်ဖများနှင့် မေလ ၂၄ ရက်က တွေ့ဆုံစဉ် ပြောကြားခဲ့ ခြင်းဖြစ်သည်။
အစိုးရသစ်တက်လာပြီး နောက် လူကြီးပိုင်းက ပြုပြင် ပြောင်းလဲရေးလုပ်နေပြီး အောက် ခြေနှင့် အလယ်အလတ်အဆင့် ၀န်ထမ်းများ မပြောင်းဘဲ ယခင် အတိုင်းသာရှိနေကြောင်း ဝေဖန် ပြောဆိုမှုများနှင့် ပတ်သက်ပြီး ၎င်း၏ သဘောထားကို ပြောကြား ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ၀န်ထမ်းအဆင့် ဆင့်က လူကြီးပိုင်းကို ကြောက် နေရသည့် အခြေအနေနှင့်ပတ် သက်၍လည်း ‘‘ဒီခေတ်က အမိန့် နဲ့အာဏာနဲ့ အုပ်ချုပ်တဲ့ခေတ် မ ဟုတ်တော့ဘူး။ စနစ်လည်းမ ဟုတ်ဘူး။ ဒီခေတ်က ဥပဒေနဲ့ ပြဋ္ဌာန်းပြီး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနဲ့အညီ အုပ်ချုပ်ရမယ့်ခေတ်ဖြစ်တယ်’’ ဟု ပြောကြားခဲ့သည်။
ထိုကဲ့သို့သော အခြေအနေ များအတွက် အကြောင်းရင်းကို ရှာပြီး ဖြစ်သင့်ဖြစ်ထိုက်သည့် ဥပဒေများကို ပြဋ္ဌာန်းခြင်း၊ မလို အပ်သည်များကို ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းများကို လက်ကျန် တစ်နှစ်နှင့် ရှစ်လသက်တမ်းအ တွင်း ဆောင်ရွက်သွားမည်ဖြစ် ကြောင်း လွှတ်တော်နာယက က ပြောကြားသည်။
ထို့အပြင် ယခုလ ၁၄ ရက် က ပြည်ထောင်စုဝန်ကြီးဌာနများ နှင့် တရားလွှတ်တော်ချုပ်တို့ကိုင်တွယ်ကျင့်သုံးနေသော ဥပ ဒေများအနက် ခေတ်စနစ်နှင့်မညီ သောကြောင့် ပြင်ဆင်ရန်၊ ပယ် ဖျက်ရန်၊ ရုပ်သိမ်းရန်၊ အသစ်ပြ ဋ္ဌာန်းရန် အတည်ပြုခဲ့သော ဥပ ဒေ စုစုပေါင်း ၁၃၇ ခုရှိသည်ဟု ၎င်းက ဆိုသည်။
လွှတ်တော်သည် ဥပဒေ ပေါင်း ၉၈ ခုကို ပြဋ္ဌာန်းခဲ့ပြီး ဥပဒေပေါင်း ၅၆ခုကိုလည်း ဆွေးနွေးလျက်ရှိသည်။ ပြဋ္ဌာန်းရန်ကျန် သည့် ဥပဒေအရေအတွက်မှာ လည်း ၂၀၇ခုရှိသည်။
ACM Credit To: http://www.7daydaily.com/
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
Post a Comment