ACM Re-Post 25-5-2014
မြေထဲပင်လယ် ဒေသဓာတ်စာ၏ လျှို့ဝှက်ချက်ကို ယင်းဒေသဓလေ့အသီးအရွက်သုပ်တွင် တွေ့နိုင်သည်ဟု ပြောရမည်ပင်ဖြစ်သည်။
သံလွင်ဆီတွင် ပါဝင်သော လူများနှင့်သင့်လျော်သည့်အဆီကို ဟင်းရွက်စိမ်းများ၊ အခြားဟင်းသီးဟင်းရွက်များဖြင့် တွဲ၍ စားသုံးပါက သွေးတိုးခြင်းကို လျော့ကျစေနိုင်သော အော်ဂဲနစ်အက်စစ်တစ်မျိုးကို ခန္ဓာကိုယ်တွင်းဖြစ်ပေါ်စေသည်ဟု သိပ္ပံပညာရှင်များက ပြောသည်။ ယင်းဖက်တီးအက်စစ်က သွေးတိုးခြင်းကို လျှော့ချပေးသည်။
နိုက်ထရိတ်နှင့် နိုက်ထရိုက်အက်စစ်များ အပြည့်ပါဝင်သော ဒေါက်ခွရွက်၊ တရုတ်နံနံကြီးနှင့် မုန်လာဥတို့ကို ထောပတ်သီး၊ အခွံမာသီးနှင့် ကျန်းမာစေသော အဆီများပါဝင်သည့် သံလွင်ဆီနှင့်တွဲ၍ စားသုံးခြင်းဖြင့် ကိုယ်ခန္ဓာအတွင်း ယင်းနိုက်ထရိုဖက်တီးအက်စစ်များကို ဖြစ်ပေါ်စေသည်။
အရည်အသွေးမြင့် သံလွင်ဆီ (သို့မဟုတ်) အခွံမာသီးများကိုဖြည့်စွက်စားသုံးခြင်းဖြင့် လေဖြတ်ခြင်း၊ နှလုံးရောဂါဖြင့် နှလုံးလုပ်ဆောင်ချက်ပျက်ယွင်းခြင်းတို့ကဲ့သို့ နှလုံးသွေးကြောဆိုင်ရာ ပြဿနာများ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ကြောင်း သိပ္ပံပညာရှင်များ၏ ယခင်လေ့လာမှုက ဖော်ပြခဲ့ပြီးဖြစ်သည်။
ဟင်းသီးဟင်းရွက်များ၊ ငါး၊ နှံစားသီးနှံ၊ ၀ိုင်နီနှင့် အဆီပါသော အခွံမာသီးနှင့် ဆီများပါဝင်သည့် မြေထဲပင်လယ်ဓာတ်စာကို စားသုံးခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများရှိကြောင်း ကျွမ်းကျင်သူအများစုက သဘောတူထောက်ခံခဲ့ကြသော်လည်း မည်သည့်အတွက်ကြောင့် (သို့မဟုတ်) မည်သို့ အကျိုးရှိစေသည်ဆိုခြင်းကို ယခင်က လေ့လာတွေ့ရှိမှုနည်းပါးခဲ့သည်။ —Ref: Internet
ACM Credit To: : 7Day News Journal
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
Post a Comment