0

ACM Re-Post 25-5-2014

ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်စဉ် သီချင်းနားထောင်ခြင်းမှာ သင်၏ လေ့ကျင့်ခန်းအစီအစဉ်ကို ပိုမိုစိတ်ဝင်စားရုံသာမဟုတ်ဘဲ ငြီးငွေ့မှုကို လျှော့ချပေးပြီး လေ့ကျင့်ခန်း ပိုလုပ်နိုင်အောင် ကူညီပေးနိုင်သည်။

သီချင်းနားထောင်နေချိန်တွင် အချိန်မှာ မျှော်လင့်ထားသည်ထက်ပိုအကုန်မြန်ပြီး ပျင်းရိငြီးငွေ့ခြင်း မရှိဘဲ သင်၏လေ့ကျင့်ခန်း အစီအစဉ်ကို ပြီးမြောက်စေနိုင်သည်။

လေ့ကျင့်ခန်း ပြုလုပ်စဉ် သင်အကြိုက်ဆုံး တေးသီချင်းများကို နားထောင်ခြင်းဖြင့် သင်၏စိတ်ပါဝင်စားမှုကို အားကောင်းစေပြီး လေ့ကျင့်ခန်းကို ပိုမိုအားစိုက်လုပ်ဖြစ်စေသည်။

တေးသီချင်းနားထောင်မှုမှာ သင်၏နှလုံးအပေါ်တွင်လည်း လွှမ်းမိုးမှုရှိကြောင်း သိရသည်။ မှန်ကန်သော သီချင်းအမျိုးအစား ကို နားထောင်ပါက နှလုံးခုန်နှုန်းကို ပုံမှန်ဖြစ်စေရန် ကူညီပေးသည်။ ယင်းအတွက်ကြောင့် မြန်ဆန်ပြီး အားသွန်ခွန်စိုက်လုပ်ရသော လေ့ကျင့်ခန်းများအတွက် အထူးပင်အကျိုးရှိသည်။

ကိုယ်အလေးချိန် လျှော့ချရန် လေ့ကျင့်ခန်းလုပ်သူများအနေဖြင့် လေ့ကျင့်ခန်းများများ ပြုလုပ်ပြီး ကိုယ်အလေးချိန်ပို၍ လျှော့ချနိုင်ရန် သီချင်းနားထောင်ခြင်းက ကူညီနိုင်သည်။

သီချင်းနားထောင်ခြင်းမှာ သင်အကြိုက်ဆုံး သီချင်းပြီးဆုံးသွားသည်အထိ လေ့ကျင့်ခန်း ဆက်လုပ်စေရန် တွန်းအားပေးရုံသာမဟုတ်ဘဲ နောက်တစ်နေ့တွင် စွမ်းအင်သစ်များဖြင့် လေ့ကျင့်ခန်းပြန်လုပ်နိုင်ရန် စိတ်ပါဝင်စားမှုကိုလည်း မြှင့်တင်ပေးနိုင်သည်။

-Internet

ACM Credit To: 7Day News Journal
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
1

Post a Comment

 
Top