ACM Re-Post 25-5-2014
ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်းခေါင်းဆောင်များအနေဖြင့် ပါတီအောင်နိုင်ရေးအတွက် နယ်လှည့်၍ စည်းရုံးရေးဆင်းသည့် အကြိမ်ရေပိုစိပ်လာပြီး ၂၀၁၅ရွေးကောက်ပွဲ နီးကပ်လာ၍ယင်းသို့ စည်းရုံးရေးခရီးစဉ်များပြားလာခြင်းဖြစ်သည်ဟု သတင်းရရှိသည်။
ပါတီဒုတိယဥက္ကဋ္ဌ သူရဦး အေးမြင့်က မေလ ၂၀ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေး မြို့သို့ စည်းရုံးရေးခရီးစဉ်သွား ရောက်ခဲ့ပြီး အထွေထွေအတွင်း ရေးမှူး ဦးမောင်မောင်သိမ်းက လည်း ရန်ကုန်မြို့တွင်ပင် ပါတီ အောင်နိုင်ရေးအတွက် ပါတီဝင် များနှင့် တွေ့ဆုံခဲ့သည်။
ထို့အတူ မေလအတွင်း ပါတီဗဟိုအတွင်းရေးမှူး ဦးသိန်းဆွေကလည်း ပဲခူးမြို့တွင် လူငယ်တွေ့ဆုံပွဲ ပြုလုပ်ခဲ့ပြီး အဆိုပါတွေ့ဆုံပွဲ၌ တိုင်းဒေသကြီးတာဝန်ခံ ဦးဉာဏ်ဝင်းက မိမိတို့ ပါတီဝင်လူငယ်များသည် အခြားသော ပါတီဝင်လူငယ်များနှင့် ယှဉ်ပြိုင်ရာတွင် အရည်အချင်း၊ အရေအတွက်၊ စိတ်ဓာတ်၊ စည်းကမ်း၊ ကြံ့ခိုင်မှု အားလုံးသာနေဖို့လိုကြောင်း ပြောကြားခဲ့သည်။ ‘‘ခေါင်းဆောင်ပိုင်းက လူ တွေ သွားတာတော့ အရင်နှစ် တွေကထက် စိပ်လာတာပေါ့။ ကျွန်တော်တို့ကတော့ ကိုယ့်မဲဆန္ဒနယ်က လူတွေနဲ့ ပုံမှန်တွေ့တာပဲ ရှိပါတယ်။ ခေါင်းဆောင်တွေဆင်းတာကတော့ နောက်ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းတာလို့ ပြောလို့ရပါတယ်’’ဟု ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောသည်။
‘‘တွေ့ဆုံပွဲမှသည် ၂၀၁၅ အောင်နိုင်ရေးဆီသို့’’ဟူသည့် ဆောင်ပုဒ်ဖြင့် ပြည်သူနှင့်တွေ့ဆုံ ပွဲများ၊ ပါတီဝင်များနှင့် တွေ့ဆုံမှု များကို ဆောင်ရွက်နေခြင်းဖြစ် သည်ဟု သိရသည်။
ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဖြစ် သည့် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းအပါအ၀င် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦး ခင်အောင်မြင့်နှင့် အခြားသော ပါတီထိပ်ပိုင်းခေါင်းဆောင်များ သည်လည်း သက်ဆိုင်ရာ ဒေသ အနှံ့အပြားတွင် ပါတီမူဝါဒဆိုင် ရာ ရှင်းလင်းမှုများ၊ တွေ့ဆုံပွဲ များ ပြုလုပ်နေခြင်းဖြစ်သည်။
‘‘နောက်ရွေးကောက်ပွဲအ တွက် ကြိုပြင်တာလည်း ပါတယ်။ လာမယ့် ပွင့်လင်းရာသီမှာ ရွေး ကောက်ပွဲက ဘယ်အချိန်လုပ် မယ်ဆိုတာ မသိတဲ့အတွက် ကြို လုပ်နေတာပါ’’ ဟု ပါတီခေါင်း ဆောင်များ၏ ကွင်းဆင်းခရီးစဉ် များနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီရန်ကုန်တိုင်း အတွင်းရေးမှူးဦးသာဝင်းက ပြောသည်။
စုစုပေါင်းလွှတ်တော်ကိုယ် စားလှယ်ဦးရေ၏ (၈၀) ရာခိုင်နှုန်းခန့် ပိုင်ဆိုင်ထားသော ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ လွှတ်တော်ကိုယ်စား လှယ်များသည်လည်း နောက် လာမည့် ရွေးကောက်ပွဲတွင် လွှတ် တော်ကိုယ်စားလှယ်အဖြစ်ဆက် လက်လုပ်ကိုင်ရန် ဆန္ဒရှိ၊ မရှိ အ ဆိုပြုထားရသည်ဟု ချောင်းဦးမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးစောလှထွန်းက ပြော သည်။
ပြည်ခိုင်ဖြိုးပါတီ၏ အဓိက အတိုက်အခံပါတီဖြစ်သည့် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လည်း လတ်တလော လှုပ်ရှားမှု အဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရန် နိုင်ငံအနှံ့ လူထုဆန္ဒရယူခြင်း ပြုလုပ်နေ သော်လည်း စည်းရုံးရေးအတွက် သိသာသော လှုပ်ရှားမှုများ လုပ် ဆောင်ခြင်းကိုမူ မတွေ့ရသေးပေ။
သာကေတ (၂) ရပ်ကွက်တွင်ပြုလုပ်သော စတုဒီသာအလှူတစ်ခု၌တွေ့ရသော ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးဌေးဦး (ဓာတ်ပုံ - USDP)
ACM Credit To: http://www.7daydaily.com/
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
Post a Comment