0

ACM Re-Post 26-5-2014

ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုကို ကန့်ကွက်သူတွေ ရှိနေပေမယ့် ထိုင်းနိုင်ငံခြားရေး ၀န်ကြီး ဌာနက ၀န်ထမ်း တချို့ကတော့ ထိုင်းနိုင်ငံမှာ အပြောင်းအလဲတခုခု မဖြစ်မနေလိုအပ်လာပြီး မလွှဲသာ မရှောင်သာ စစ်တပ်က အာဏာသိမ်းလိုက်တာဖြစ်လို့ ထောက်ခံကြိုဆိုကြပါတယ်။ သူတို့ကိုယ်သူတို့လည်း "Change is Inevitable"အုပ်စုလို့ အမည်ခေါ်ကြောင်း ဘန်ကောက်ပို့စ် သတင်း တခုမှာ တွေ့ရပါတယ်။

စစ်အာဏာသိမ်းမှုကိုထောက်ခံတဲ့ နိုင်ငံခြားရေး ဋ္ဌာန ဝန်ထမ်းတချို့ပေးတဲ့ ပန်းစည်းကို လက်ခံနေတဲ့ စစ်သားတဦး၊ ဓာတ်ပုံ- ဘန်ကောက်ပို့စ်

ပြည်ပရောက် ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်ကို ပြည်တော်ပြန်လာခွင့်ရစေမယ့် လွတ်ငြိမ်း ချမ်းသာခွင့် ဥပဒေမူကြမ်းကို မစ္စယင်လတ် အစိုးရလက်ထက်က လွှတ်တော်မှာ တင်ခဲ့တာက စတင်ခဲ့ တဲ့ နိုင်ငံရေးတင်းမာမှုတွေ ထိုင်းစစ်တပ်အာဏာသိမ်းခြင်းက ထွက်ပေါက်တခုဖြစ်တယ်လို့ အဲဒီ နိုင်ငံခြား
ရေး ၀န်ကြီးဌာန ၀န်ထမ်းတချို့က ကြေညာချက်ထုတ်တာပါ။

လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေမူကြမ်းနဲ့ပတ်သက်ပြီး ဆုထေ့ပ်ခေါင်းဆောင်တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှု
တွေ၊ ဒီဆန္ဒပြ မှုတွေကို တန်ပြန်တဲ့အနေနဲ့ မစ္စယင်လတ်အစိုးရကို ထောက်ခံတဲ့ ရှပ်နီတွေ ရဲ့ တန်ပြန် ဆန္ဒပြမှုတွေနဲ့ နိုင်ငံရေး တင်းမာ မှုတွေရှိလာပြီး မစ္စယင်လတ်က ပါလီမန်ကို ဖျက်သိမ်း၊ အစိုးရအဖွဲ့ကို ဖျက်သိမ်းကာ အိမ်စောင့် အစိုးရတာဝန်ကို ဆက်ယူခဲ့တယ်။

အဲဒီမှာလည်း အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုတွေက ဆက်လက်ဖြစ်ပွား၊ ရှပ်နီဆန္ဒပြမှုတွေလည်း ဆက်လက်
ဖြစ်ပွားရင်း နောက်ဆုံး သေနတ်ပစ်ခတ်မှု၊ ဗုံးခွဲတိုက်ခိုက်မှုတွေရှိပြီး လူ အနည်းဆုံး ၃၀ လောက်သေဆုံး ကာ ရာနဲ့ချီဒဏ်ရာရခဲ့ကြ ကာ မစ္စယင်လတ်လည်း ဖွဲ့စည်းပုံခုံရုံးအမိန့်နဲ့ ၀န်ကြီးချုပ်ရာထူး နုတ်ထွက်ပေး လိုက်ရတော့ အခြေအနေက ပိုတင်းမာ လာပြီ ထိုင်းနိုင်ငံရေး မတည်ငြိမ်မှုက အန္တရာယ်ရှိလာတဲ့ အခြေ ဆိုက်လာတယ်လို့ သူတို့က သုံးသပ်ထားတယ်လို့ သိရပါတယ်။

ဒါကြောင့် ဒီလို နိုင်ငံရေးမတည်ငြိမ်မှုကို ထိုင်းစစ်တပ်က အာဏာသိမ်းပြီး ဒီမိုကရေစီကို ပြန်လည် တည်
ဆောက်ပေး နိုင်မယ်လို့ ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနက အကြီးတန်း အရာရှိ ၃၀ လောက်က ယုံကြည် တဲ့အကြောင်း ထိုင်းသတင်းတချို့ရဲ့ ဖော်ပြချက်တွေမှာ တွေ့ရပါတယ်။

ဒါပေမယ့် ဘန်ကောက်နဲ့ ထိုင်းနိုင်ငံ မြို့ကြီးတချို့မှာတော့ စစ်အာဏာသိမ်းမှု ကန့်ကွက်ဆန္ဒပြမှုတွေကို နည်းအမျိုး မျိုးနဲ့ လုပ်ဆောင်နေကြပါတယ်။

လင်းသန့် ~

Aye Chan Mon Credit To:
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top